iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး ဟွမ်းဂျောင်အွန်းသည် ကြင်စဦးဇနီးမောင်နှံဘဝနှင့် ရင်သွေးစီမံကိန်းများကို 'Entertainment Relay' ရုပ်သံအစီအစဉ်၌ ထုတ်ဖော်ပြောကြားသည်။

ဟွမ်းဂျောင်အွန်းက ခင်ပွန်းဖြစ်သူအား ဦးခေါင်းအစခြေအဆုံး သဘောကျသည်ဟု ပြောသည်။ လက်ရှိတွင် ဟွန်းဂျောင်အွန်းပါဝင်သရုပ်ဆောင်လျက်ရှိသော 'Lucky  Romance'ဒရာမာဇာတ်လမ်းတွဲပါ ချစ်ရေးချစ်ရာ ဇာတ်ဝင်ခန်းများအပေါ် ခင်ပွန်း၏ တုံ့ပြန်ပုံနှင့်ပတ်သက်၍ ဟွန်းဂျောင်အွန်းက ‘‘သူက တစ်ခုပဲ ပြောတယ်။ မိန်းမချောလေး။ အဲဒါ ကျွန်မကိုသိပ်မကောင်းတဲ့ အဓိပ္ပာယ်နဲ့ခေါ်တာ။ အဲဒါက သူ့ရဲ့ ဝေဖန်ပြစ်တင်နည်းပါ’’ ဟုပြောသည်။

‘‘ရိုက်ကူးရေးက မကြာခင် ပြီးတော့မှာပါ။ နောက်တစ်ပတ် တနင်္လာနေ့မှာ ကျွန်မအချက်အပြုတ် သင်တန်းစတက်မယ်။ ယောက်ျားပျော်ရွှင်စေရပါမယ်’’ ဟု ဟွန်းဂျောင်အွန်းက ရုပ်သံ အစီအစဉ်မှတစ်ဆင့် ခင်ပွန်းဖြစ်သူအား ပြောသည်။

ဟွန်းဂျောင်က ၎င်းတို့ဇနီးမောင်နှံ၏ ရင်သွေးစီမံကိန်းကို လည်း ထုတ်ဖော်ပြောကြားသည်။ ‘‘အခုအချိန်တော့ ကြင်စဦးဇနီး မောင်နှံဘဝလေးနဲ့ပဲ ပျော်ရွှင်ချင်ပါတယ်။ ဒါပေမဲ့ ကလေးလေးယောက်လိုချင်ပါတယ်’’ဟု ဟွမ်းဂျောင်အွန်းက ပြောသည်။ကေ ဒရာမာကြယ်ပွင့် ဟွမ်းဂျောင်အွန်းသည် ကြေးစားဂေါက်ရိုက်သမားနှင့် စီးပွားရေးသမား လီယောင်ဒုံနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် လက်ထပ်ခဲ့သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top