iMyanmarHouse.com - Best Property Website for Myanmar
×




Credit: 7 Day Daily

#Unicode Version

 တောင်ကိုရီးယား သရုပ် ဆောင်မင်းသား လီဂျောင်ဆော့ သည် VIP အမည်ရှိ ကိုရီးယား ရုပ်ရှင်ဇာတ်ကား၌ ဗီလိန်တစ်ဦး အဖြစ် ပထမဆုံးအကြိမ် သရုပ် ဆောင်မည်ဟု ၎င်း၏ အေဂျင်စီ YG Entertainment က သြဂုတ် ၁၉ ရက်တွင် ပြောသည်။

ကေဒရာမာဇာတ်လမ်းတွဲ၌ ပရိသတ်အချစ်တော် ခေါင်း ဆောင်မင်းသား ဇာတ်ရုပ်များကို သရုပ်ဆောင်ခဲ့သည့် လီဂျောင် ဆော့သည် VIP ဇာတ်ကားတွင် မြောက်ကိုရီးယား ထိပ်တန်းအရာ ရှိတစ်ဦး၏ သားဖြစ်ပြီး လူအများ အပြားကို သတ်ဖြတ်သော လူ သတ်သမားတစ်ဦးအဖြစ် သရုပ် ဆောင်မည်ဖြစ်သည်။ ယင်းလူ သတ်သမားကို မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့တို့က လိုက်လံဖမ်းဆီး မည်ဖြစ်သည်။

သည်းထိတ်ရင်ဖို ဇာတ်ကား VIP တွင် ကိုရီးယားထိပ်တန်း သရုပ်ဆောင်များဖြစ်သော ဂျန်းဒုံ ဂွန်၊ ကင်မြောင်မင်းနှင့် ပတ်ဟီ ဆွန်းတို့ ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။ ယင်းဇာတ်ကားကို ယခုနှစ်တွင် ရိုက်ကူးမည်ဖြစ်ပြီး လာ မည့်နှစ်၌ ရုံတင်ပြသမည်ဖြစ် သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top