iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ အိပ္ရာကထတဲ့အခ်ိန္ကေန စၿပီး တစ္ေန႔တာျဖတ္သန္း ကုန္ဆံုးၿပီးတဲ့အခ်ိန္အထိ ဘာကိုမွ ေသခ်ာေရရာတာမ်ိဳးမရွိပဲ ကုန္ဆံုးသြားတာမ်ိဳးျဖစ္ဖူးပါသလား။ ဒီလိုျဖစ္ခဲ့ဖူးတယ္ဆိုရင္ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒီလိုအခ်ိန္မ်ိဳးမွာ ဘ၀နဲ႔ ပတ္သက္ၿပီးအေကာင္းဆံုးေတြးေခၚႏိုင္ဖို႔က ဆိတ္ၿငိမ္မႈပဲျဖစ္ပါတယ္။

တစ္ဦးတည္းဆိတ္ၿငိမ္စြာေတြးေခၚမႈက ကၽြန္ေတာ္တို႔ရဲ႕ ပ်င္းရိၿငိီးေငြ႕စရာ ေန႔စဥ္ဘ၀မွာ အသစ္ေတြကို ေပးစြမ္းႏိုင္႐ုံသာမက ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ေတြ အထေျမာက္ေအာင္ျမင္ဖို႔အတြက္ လမ္းေၾကာင္းမွန္ကို အာ႐ုံစူးစိုက္ႏိုင္ေစပါတယ္။ ကမာၻေပၚမွာရွိတဲ့ ထင္ရွားေက်ာ္ၾကားလူပုဂိၢဳဟ္ေတြကလည္း တစ္ဦးတည္းဆိတ္ၿငိမ္စြာ ေတြးေခၚျခင္းကို အေကာင္းဆံုးလက္နက္တစ္ခုအျဖစ္ အသံုးခ်ခဲ့ၾကပါတယ္။

အေကာင္းဆံုးေတြးေခၚမႈေတြကို တစ္ဦးတည္း တိတ္ဆိတ္ၿငိမ္သက္စြာရွိခ်ိန္ေတြမွာ လုပ္ေဆာင္ႏိုင္ပါတယ္လို႔ ရာဇ၀င္တြင္တဲ့ သိပၸံပညာရွင္ ေသာမတ္အက္ဒီဆင္ကေျပာခဲ့ဖူးပါတယ္။ တစ္ေန႔တာမွာ ဆံုးျဖတ္ခ်က္ခ်ရတာေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုဆံုးျဖတ္ခ်က္ခ်မွတ္ရာမွာ တိတ္ဆိတ္ၿငိမ္သက္တဲ့ ၀န္းက်င္မွာ တစ္ေယာက္တည္း စဥ္းစားခ်ိန္ရမယ္ဆိုရင္ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ႏိုင္မွာျဖစ္ပါတယ္။ ဘာအေႏွာက္အယွက္မွမရွိပဲ သင္နဲ႔ သင့္ရဲ႕အေတြးေတြပဲ ရွိေနရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ဦးတည္းဆိတ္ၿငိမ္မႈဟာ စိတ္၀ိဉာဥ္အတြက္ အဟာရလည္းျဖစ္ပါတယ္။ တစ္ဦးတည္း ဆိတ္ၿငိမ္ရာမွာ စဥ္းစားေတြးေခၚျခင္းက သင့္ကိုေပးစြမ္းႏိုင္တဲ့ အက်ိဳးေက်းဇူးေတြလည္း ရွိပါတယ္။

၁။ တီထြင္ဖန္တီးမႈ အားေကာင္းျခင္း

ကၽြန္ေတာ္တို႔ တစ္ဦးတည္းရွိေနခ်ိန္မွသာ တီထြင္ဖန္တီးႏိုင္စြမ္းက ပိုေကာင္းလာတာျဖစ္ပါတယ္။ လုပ္ငန္းစီမံခ်က္တစ္ခု ေရးဆြဲေနတာပဲျဖစ္ျဖစ္၊ ခ်စ္ရသူတစ္ေယာက္ေယာက္အတြက္ လက္ေဆာင္တစ္ခု ၀ယ္ေပးဖို႔ပဲျဖစ္ျဖစ္ ဘယ္လိုကိစၥမ်ိဳးမဆိုမွာ တစ္ေယာက္တည္း ေအးေဆးစဥ္းစားမယ္ဆိုရင္ အေကာင္းဆံုး ဆန္းသစ္တဲ့စိတ္ကူးေတြ ရရွိႏိုင္ပါတယ္။ နာမည္ေက်ာ္ စာေရးဆရာေတြ၊ တီထြင္သူေတြ အမ်ားစုက သူတို႔ရဲ႕ တီထြင္ဖန္တီးႏိုင္စြမ္းဟာ တစ္ဦးတည္းဆိတ္ၿငိမ္ရာမွာ ေတြးေခၚၿပီးရရွိလာတာလို႔ ေျပာထားခဲ့ၿပီးသားျဖစ္ပါတယ္။

၂။ ၿငိမ္းခ်မ္းမႈကို ရရွိျခင္း

အခုလို ေခတ္ႀကီးထဲမွာ ၿငိမ္းခ်မ္းမႈကို ေတြ႕ရွိဖို႔က ခက္ခဲေနတတ္ပါတယ္။ ေငြေရးေၾကးေရးကိစၥေတြ၊ အၿပီးသတ္ေဆာင္ရြက္ရမယ့္ ကိစၥေတြ စသျဖင့္ လုပ္ငန္းေဆာင္တာေတြေၾကာင့္ ၿငိမ္းခ်မ္းမႈေပ်ာက္ဆံုးေနၾကရပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္တည္းဆိတ္ၿငိမ္မႈကေတာ့ ကၽြန္ေတာ္တို႔အတြက္ အေႏွာက္အယွက္ကင္းကင္းနဲ႔ အာ႐ုံစူးစိုက္ႏိုင္ေအာင္ အေထာက္အကူျဖစ္ေစပါတယ္။ ကၽြန္ေတာ္တို႔က အျပင္ကိုၾကည့္ဖို႔ လႈံ႕ေဆာ္ခံေနရတဲ့ ေခတ္ကာလမွာရွိေနတာေၾကာင့္ ကိုယ့္အတြင္းသ႑ာန္ကို ကိုယ္တိုင္ျပန္ၾကည့္ၿပီး ၿငိမ္းခ်မ္းမႈကို ရွာေဖြဖို႔ လိုအပ္ပါတယ္။

၃။ ျပႆနာေျဖရွင္းႏိုင္စြမ္း တိုးတက္ျခင္း

ကၽြန္ေတာ္တို႔မွာ အခ်ိန္နဲ႔အမွ် ျပႆနာေတြရွိေနတတ္ပါတယ္။ တကယ္ေတာ့ ျပႆနာဆိုတာက ကၽြန္ေတာ္တို႔ ႐ႈျမင္သံုးသပ္တဲ့အေပၚမွာ အမ်ားႀကီးမူတည္ေနပါတယ္။ တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ရဲ႕ စိတ္ကူးေတြက အေျခအေနေတြကို ရွိရင္းစြဲထက္ ပိုခက္ခဲသြားေစတတ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ဦးတည္း အာ႐ုံစိုက္ေတြးေခၚၿပီး ကိုယ့္စိတ္ကို ကိုယ္တိုင္ျမင္ေအာင္ ႀကည့္ႏုိင္မယ္ဆိုရင္ ျပႆနာေတြက ထင္ထားသေလာက္ အေရးမပါဘူးဆိုတာကို ေတြ႕လာပါလိမ့္မယ္။

အခုေဖာ္ျပခဲ့တဲ့ အက်ိဳးေက်းဇူးေတြက တစ္ဦးတည္းဆိတ္ၿငိမ္စြာ စဥ္းစားေတြးေခၚတဲ့အေလ့အက်င့္ရဲ႕ တစ္ခ်ိဳ႕ေသာ ေကာင္းက်ိဳးေတြပဲ ရွိပါေသးတယ္။ သင့္အေနနဲ႔ တစ္ေန႔မွာ မိနစ္(၂၀)ေလာက္ တစ္ေယာက္တည္း အေလးအနက္ထားစဥ္းစားခ်ိန္ေပးမယ္ဆိုရင္ အက်ိဳးေက်းဇူးမ်ားစြာကို ရရွိခံစားရမွာ ေသခ်ာပါတယ္။

Credit:Gentleman Magazine

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မနက် အိပ်ရာကထတဲ့အချိန်ကနေ စပြီး တစ်နေ့တာဖြတ်သန်း ကုန်ဆုံးပြီးတဲ့အချိန်အထိ ဘာကိုမှ သေချာရေရာတာမျိုးမရှိပဲ ကုန်ဆုံးသွားတာမျိုးဖြစ်ဖူးပါသလား။ ဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ ဘဝနဲ့ ပတ်သက်ပြီးအကောင်းဆုံးတွေးခေါ်နိုင်ဖို့က ဆိတ်ငြိမ်မှုပဲဖြစ်ပါတယ်။

တစ်ဦးတည်းဆိတ်ငြိမ်စွာတွေးခေါ်မှုက ကျွန်တော်တို့ရဲ့ ပျင်းရိငြီးငွေ့စရာ နေ့စဉ်ဘဝမှာ အသစ်တွေကို ပေးစွမ်းနိုင်ရုံသာမက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အထမြောက်အောင်မြင်ဖို့အတွက် လမ်းကြောင်းမှန်ကို အာရုံစူးစိုက်နိုင်စေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထင်ရှားကျော်ကြားလူပုဂ္ဂိုဟ်တွေကလည်း တစ်ဦးတည်းဆိတ်ငြိမ်စွာ တွေးခေါ်ခြင်းကို အကောင်းဆုံးလက်နက်တစ်ခုအဖြစ် အသုံးချခဲ့ကြပါတယ်။

အကောင်းဆုံးတွေးခေါ်မှုတွေကို တစ်ဦးတည်း တိတ်ဆိတ်ငြိမ်သက်စွာရှိချိန်တွေမှာ လုပ်ဆောင်နိုင်ပါတယ်လို့ ရာဇဝင်တွင်တဲ့ သိပ္ပံပညာရှင် သောမတ်အက်ဒီဆင်ကပြောခဲ့ဖူးပါတယ်။ တစ်နေ့တာမှာ ဆုံးဖြတ်ချက်ချရတာတွေ အများကြီးရှိပါတယ်။ ဒီလိုဆုံးဖြတ်ချက်ချမှတ်ရာမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ ဝန်းကျင်မှာ တစ်ယောက်တည်း စဉ်းစားချိန်ရမယ်ဆိုရင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ ဘာအနှောက်အယှက်မှမရှိပဲ သင်နဲ့ သင့်ရဲ့အတွေးတွေပဲ ရှိနေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးတည်းဆိတ်ငြိမ်မှုဟာ စိတ်ဝိဉာဉ်အတွက် အဟာရလည်းဖြစ်ပါတယ်။ တစ်ဦးတည်း ဆိတ်ငြိမ်ရာမှာ စဉ်းစားတွေးခေါ်ခြင်းက သင့်ကိုပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

၁။ တီထွင်ဖန်တီးမှု အားကောင်းခြင်း

ကျွန်တော်တို့ တစ်ဦးတည်းရှိနေချိန်မှသာ တီထွင်ဖန်တီးနိုင်စွမ်းက ပိုကောင်းလာတာဖြစ်ပါတယ်။ လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲနေတာပဲဖြစ်ဖြစ်၊ ချစ်ရသူတစ်ယောက်ယောက်အတွက် လက်ဆောင်တစ်ခု ဝယ်ပေးဖို့ပဲဖြစ်ဖြစ် ဘယ်လိုကိစ္စမျိုးမဆိုမှာ တစ်ယောက်တည်း အေးဆေးစဉ်းစားမယ်ဆိုရင် အကောင်းဆုံး ဆန်းသစ်တဲ့စိတ်ကူးတွေ ရရှိနိုင်ပါတယ်။ နာမည်ကျော် စာရေးဆရာတွေ၊ တီထွင်သူတွေ အများစုက သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းဟာ တစ်ဦးတည်းဆိတ်ငြိမ်ရာမှာ တွေးခေါ်ပြီးရရှိလာတာလို့ ပြောထားခဲ့ပြီးသားဖြစ်ပါတယ်။

၂။ ငြိမ်းချမ်းမှုကို ရရှိခြင်း

အခုလို ခေတ်ကြီးထဲမှာ ငြိမ်းချမ်းမှုကို တွေ့ရှိဖို့က ခက်ခဲနေတတ်ပါတယ်။ ငွေရေးကြေးရေးကိစ္စတွေ၊ အပြီးသတ်ဆောင်ရွက်ရမယ့် ကိစ္စတွေ စသဖြင့် လုပ်ငန်းဆောင်တာတွေကြောင့် ငြိမ်းချမ်းမှုပျောက်ဆုံးနေကြရပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်းဆိတ်ငြိမ်မှုကတော့ ကျွန်တော်တို့အတွက် အနှောက်အယှက်ကင်းကင်းနဲ့ အာရုံစူးစိုက်နိုင်အောင် အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့က အပြင်ကိုကြည့်ဖို့ လှုံ့ဆော်ခံနေရတဲ့ ခေတ်ကာလမှာရှိနေတာကြောင့် ကိုယ့်အတွင်းသဏ္ဍာန်ကို ကိုယ်တိုင်ပြန်ကြည့်ပြီး ငြိမ်းချမ်းမှုကို ရှာဖွေဖို့ လိုအပ်ပါတယ်။

၃။ ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်ခြင်း

ကျွန်တော်တို့မှာ အချိန်နဲ့အမျှ ပြဿနာတွေရှိနေတတ်ပါတယ်။ တကယ်တော့ ပြဿနာဆိုတာက ကျွန်တော်တို့ ရှုမြင်သုံးသပ်တဲ့အပေါ်မှာ အများကြီးမူတည်နေပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေက အခြေအနေတွေကို ရှိရင်းစွဲထက် ပိုခက်ခဲသွားစေတတ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးတည်း အာရုံစိုက်တွေးခေါ်ပြီး ကိုယ့်စိတ်ကို ကိုယ်တိုင်မြင်အောင် ကြည့်နိုင်မယ်ဆိုရင် ပြဿနာတွေက ထင်ထားသလောက် အရေးမပါဘူးဆိုတာကို တွေ့လာပါလိမ့်မယ်။

အခုဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေက တစ်ဦးတည်းဆိတ်ငြိမ်စွာ စဉ်းစားတွေးခေါ်တဲ့အလေ့အကျင့်ရဲ့ တစ်ချို့သော ကောင်းကျိုးတွေပဲ ရှိပါသေးတယ်။ သင့်အနေနဲ့ တစ်နေ့မှာ မိနစ်(၂၀)လောက် တစ်ယောက်တည်း အလေးအနက်ထားစဉ်းစားချိန်ပေးမယ်ဆိုရင် အကျိုးကျေးဇူးများစွာကို ရရှိခံစားရမှာ သေချာပါတယ်။

Credit:Gentleman Magazine



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top