iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ရွင္ဇာတ္လမ္းတြဲေတြမွာ ျမင္ေတြ႕ေနက် ရိုမန္တစ္ဆန္ဆန္ ဇာတ္၀င္ခန္းမ်ိဳးလို ကိုယ့္အခ်စ္ေရးက ျဖစ္မလာလို႕ စိတ္ပ်က္စရာမလိုပါဘူး။ တကယ္အေရးၾကီးတာက တစ္ဦးနဲ႕တစ္ဦး နားလည္မႈရွိျပီး တကယ္ခ်စ္ျမတ္ႏိုးၾကဖုိ႕သာ ျဖစ္ပါတယ္။ တစ္ခါတစ္ေလ မိန္းကေလးေတြက ငါ့ကို ငါ့ခ်စ္သူက သူမ်ားေတြလို ရိုမန္တစ္ဆန္တာမ်ိဳးေတြနဲ႕လည္း ဘယ္ေတာ့မွ အံ့ၾသသြားေအာင္ မလုပ္တတ္ဘူးဆုိျပီး စိတ္ပ်က္အားငယ္တတ္ၾကပါတယ္။ ဒါေပမယ့္ အဲ့ဒါေတြလုပ္ေပးျပီး ကုိယ့္ကို တကယ္မခ်စ္ရင္ေရာ ဘာလုပ္မွာလဲေနာ္။ ကိုယ့္ကိုတကယ္ခ်စ္ျပီး အဲ့ဒါမ်ိဳးေတြ မလုပ္တတ္တာက ပိုေကာင္းတယ္ မဟုတ္လား။ တကယ္ေတာ့ အတြဲတစ္တြဲျမဲမျမဲဆုိတာ သူတုိ႕ရဲ႕ ကံတရားနဲ႕လည္း မ်ားၾကီးသက္ဆုိင္ေနေသးတာမုိ႕ ျမဲမယ္ မျမဲဘူး တန္းမေျပာႏိုင္ေပမယ့္ သင္တုိ႕ႏွစ္ဦးက ဒီလိုအခ်က္ေတြ ၊ ဒီလိုအရာေတြ အျမဲျဖစ္ပ်က္ေနတယ္၊ လုပ္ေဆာင္ျဖစ္တယ္ဆုိရင္ေတာ့ သင္တုိ႕ႏွစ္ဦးဟာ ျမဲဖုိ႕ ေသခ်ာသေလာက္ပါပဲ။

၁။ သင္တုိ႕ႏွစ္ေယာက္ဟာ တစ္ေယာက္ေရွ႕မွာ တစ္ေယာက္ေလလည္ဖူးၾကတယ္။

ခုလိုေျပာလိုက္ရင္ ဒါဟာရြံစရာကိစၥလုိ႕ တန္းျမင္သြားတတ္ၾကပါတယ္။ ဒါေပမယ့္ ဒါဟာ က်န္းမာေရးကိစၥပါ။ လူေတြဟာ သူစိမ္းေတြေရွ႕မွာ ေလလည္ရမွာ ရွက္ရြံတတ္ၾကပါတယ္။ ခ်စ္သူေရွ႕မွာဆုိရင္လညး္  ဒီအတုိင္းပါပဲ။ ဒါေပမယ့္ သင္တုိ႕ႏွစ္ေယာက္က တစ္ေယာက္ေရွ႕တစ္ေယာက္ ေလလည္ဖူးၾကတယ္ဆုိရင္ေတာ့ သင္တုိ႕ႏွစ္ဦးဟာ တစ္ေယာက္ကိုတစ္ေယာက္ သက္ေတာင့္သက္သာ ျဖစ္လို႕သာ ျဖစ္ပါတယ္။ ဒါ့အျပင္ ငါေလလည္လိုက္လုိ႕ ငါ့ကို စိတ္ပ်က္မသြားဘူး ဆိုတာလည္း ေသခ်ာေနျပီးသားပါ။

၂။ ကိုယ့္ခ်စ္သူ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနခ်ိန္တုိင္း ကိုယ့္ခ်စ္သူေဘးမွာရွိေနေပးတယ္။

သင့္ခ်စ္သူဟာ သင္ စိတ္ပ်က္ေနသလား၊ စိတ္အားငယ္ေနသလား အျမဲတမ္း သိေအာင္ ၾကိဳးစားတတ္သူျဖစ္သလို သင့္ေဘးနားမွာလည္း ဘယ္လိုစိတ္ပ်က္စရာေကာင္းတဲ့ အေျခအေနမ်ိဳးေတြမွာပဲျဖစ္ျဖစ္ မျငီးအညဴရွိေပးတတ္တယ္။

၃။ရန္မျဖစ္ေပမယ့္ ျငင္းခံုတတ္ၾကတယ္။

အတြဲေတာ္ေတာ္မ်ားမ်ားက တစ္ေယာက္နဲ႕တစ္ေယာက္ သေဘာမတိုက္ဆုိင္တဲ့အခါ ျပသနာအၾကီးအက်ယ္တက္ၾကေတာ့တာပဲ။ ျငင္းခံုေနရင္းကေန ရန္ပြဲအၾကီးၾကီးေတြ ျဖစ္ျပီး လမ္းခြဲျပတ္ဆဲသြားၾကသူေတြ အမ်ားၾကီးအနက္ သင္တုိ႕ႏွစ္ဦးက တစ္ေယာက္နဲ႕တစ္ေယာက္ အျမင္မတူတဲ့အခါ ျငင္းခံုတတ္ၾကေပမယ့္ ရန္ပြဲေတာ့ ဘယ္ေတာ့မွ အျဖစ္မခံတတ္ၾကဘူး။

၄။ ဆယ္ေက်ာ္သက္လုိ စိတ္လႈပ္ရွားတာမ်ိဳးမရွိေပမယ့္လည္း သူမွသူပဲ။

ရန္ခုန္ရင္အခ်စ္ဆုိတဲ့ အရြယ္ေတြ ေက်ာ္သြားခဲ့ပါျပီ။ ႏွစ္ဦးသားေတြ႕ဆံုခ်ိန္ ရင္တလွပ္လွပ္ခုန္တာမ်ိဳး မရွိေတာ့ေပမယ့္ သူ႕ကိုခ်စ္တယ္၊ သစၥာရွိတယ္၊ တျခားတစ္ေယာက္အေၾကာင္း ေတြးေတာင္ မေတြးမိတတ္ၾကဘူး။

၅။တစ္ေယာက္အတြက္ တစ္ေယာက္စိတ္ပူေပးရတာကို မပင္ပန္းၾကဘူး။

ကိုယ့္ခ်စ္သူအတြက္ စိတ္ပူပန္ေပးရတာမ်ိဳးကို အခ်ိန္ေတြၾကာေပမယ့္ အလုပ္တစ္ခုလို႕ မေတြးတဲ့အျပင္ သူ႕ကိုလိုက္စိတ္ပူေနရတာကို ပင္ပန္းလိုက္တာလို႕လည္း မထင္မိဘူး။ သူေနေကာင္းရဲ႕လား၊ ဒီအခ်ိန္ဆို မိုးမ်ားမိမလား၊ စသျဖင့္ လုိက္ေတြးပူေနတာကို အက်င့္ျဖစ္ေနျပီ။

၆။သူ႕ေအာင္ျမင္မႈက ကိုယ့္ကို ျခိမ္းေျခာက္ေနျပီလုိ႕ မခံစားရဘူး။

ခ်စ္သူႏွစ္ဦးမွာ တစ္ဦးက ေအာင္ျမင္ေနလုိ႕ က်န္တစ္ဦးက မနာလိုတာ၊ စိတ္အားငယ္၀မ္းနည္းတာမ်ိဳးေတြ မခံစားၾကရပဲ တစ္ေယာက္ေအာင္ျမင္မႈကို တစ္ေယာက္က ထပ္တူ၀မ္းသာေပးၾကတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ မြင်တွေ့နေကျ ရိုမန်တစ်ဆန်ဆန် ဇာတ်ဝင်ခန်းမျိုးလို ကိုယ့်အချစ်ရေးက ဖြစ်မလာလို့ စိတ်ပျက်စရာမလိုပါဘူး။ တကယ်အရေးကြီးတာက တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိပြီး တကယ်ချစ်မြတ်နိုးကြဖို့သာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေးတွေက ငါ့ကို ငါ့ချစ်သူက သူများတွေလို ရိုမန်တစ်ဆန်တာမျိုးတွေနဲ့လည်း ဘယ်တော့မှ အံ့သြသွားအောင် မလုပ်တတ်ဘူးဆိုပြီး စိတ်ပျက်အားငယ်တတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒါတွေလုပ်ပေးပြီး ကိုယ့်ကို တကယ်မချစ်ရင်ရော ဘာလုပ်မှာလဲနော်။ ကိုယ့်ကိုတကယ်ချစ်ပြီး အဲ့ဒါမျိုးတွေ မလုပ်တတ်တာက ပိုကောင်းတယ် မဟုတ်လား။ တကယ်တော့ အတွဲတစ်တွဲမြဲမမြဲဆိုတာ သူတို့ရဲ့ ကံတရားနဲ့လည်း များကြီးသက်ဆိုင်နေသေးတာမို့ မြဲမယ် မမြဲဘူး တန်းမပြောနိုင်ပေမယ့် သင်တို့နှစ်ဦးက ဒီလိုအချက်တွေ ၊ ဒီလိုအရာတွေ အမြဲဖြစ်ပျက်နေတယ်၊ လုပ်ဆောင်ဖြစ်တယ်ဆိုရင်တော့ သင်တို့နှစ်ဦးဟာ မြဲဖို့ သေချာသလောက်ပါပဲ။

၁။ သင်တို့နှစ်ယောက်ဟာ တစ်ယောက်ရှေ့မှာ တစ်ယောက်လေလည်ဖူးကြတယ်။

ခုလိုပြောလိုက်ရင် ဒါဟာရွံစရာကိစ္စလို့ တန်းမြင်သွားတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ကျန်းမာရေးကိစ္စပါ။ လူတွေဟာ သူစိမ်းတွေရှေ့မှာ လေလည်ရမှာ ရှက်ရွံတတ်ကြပါတယ်။ ချစ်သူရှေ့မှာဆိုရင်လည်း  ဒီအတိုင်းပါပဲ။ ဒါပေမယ့် သင်တို့နှစ်ယောက်က တစ်ယောက်ရှေ့တစ်ယောက် လေလည်ဖူးကြတယ်ဆိုရင်တော့ သင်တို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် သက်တောင့်သက်သာ ဖြစ်လို့သာ ဖြစ်ပါတယ်။ ဒါ့အပြင် ငါလေလည်လိုက်လို့ ငါ့ကို စိတ်ပျက်မသွားဘူး ဆိုတာလည်း သေချာနေပြီးသားပါ။

၂။ ကိုယ့်ချစ်သူ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်တိုင်း ကိုယ့်ချစ်သူဘေးမှာရှိနေပေးတယ်။

သင့်ချစ်သူဟာ သင် စိတ်ပျက်နေသလား၊ စိတ်အားငယ်နေသလား အမြဲတမ်း သိအောင် ကြိုးစားတတ်သူဖြစ်သလို သင့်ဘေးနားမှာလည်း ဘယ်လိုစိတ်ပျက်စရာကောင်းတဲ့ အခြေအနေမျိုးတွေမှာပဲဖြစ်ဖြစ် မငြီးအညူရှိပေးတတ်တယ်။

၃။ရန်မဖြစ်ပေမယ့် ငြင်းခုံတတ်ကြတယ်။

အတွဲတော်တော်များများက တစ်ယောက်နဲ့တစ်ယောက် သဘောမတိုက်ဆိုင်တဲ့အခါ ပြသနာအကြီးအကျယ်တက်ကြတော့တာပဲ။ ငြင်းခုံနေရင်းကနေ ရန်ပွဲအကြီးကြီးတွေ ဖြစ်ပြီး လမ်းခွဲပြတ်ဆဲသွားကြသူတွေ အများကြီးအနက် သင်တို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ ငြင်းခုံတတ်ကြပေမယ့် ရန်ပွဲတော့ ဘယ်တော့မှ အဖြစ်မခံတတ်ကြဘူး။

၄။ ဆယ်ကျော်သက်လို စိတ်လှုပ်ရှားတာမျိုးမရှိပေမယ့်လည်း သူမှသူပဲ။

ရန်ခုန်ရင်အချစ်ဆိုတဲ့ အရွယ်တွေ ကျော်သွားခဲ့ပါပြီ။ နှစ်ဦးသားတွေ့ဆုံချိန် ရင်တလှပ်လှပ်ခုန်တာမျိုး မရှိတော့ပေမယ့် သူ့ကိုချစ်တယ်၊ သစ္စာရှိတယ်၊ တခြားတစ်ယောက်အကြောင်း တွေးတောင် မတွေးမိတတ်ကြဘူး။

၅။တစ်ယောက်အတွက် တစ်ယောက်စိတ်ပူပေးရတာကို မပင်ပန်းကြဘူး။

ကိုယ့်ချစ်သူအတွက် စိတ်ပူပန်ပေးရတာမျိုးကို အချိန်တွေကြာပေမယ့် အလုပ်တစ်ခုလို့ မတွေးတဲ့အပြင် သူ့ကိုလိုက်စိတ်ပူနေရတာကို ပင်ပန်းလိုက်တာလို့လည်း မထင်မိဘူး။ သူနေကောင်းရဲ့လား၊ ဒီအချိန်ဆို မိုးများမိမလား၊ စသဖြင့် လိုက်တွေးပူနေတာကို အကျင့်ဖြစ်နေပြီ။

၆။သူ့အောင်မြင်မှုက ကိုယ့်ကို ခြိမ်းခြောက်နေပြီလို့ မခံစားရဘူး။

ချစ်သူနှစ်ဦးမှာ တစ်ဦးက အောင်မြင်နေလို့ ကျန်တစ်ဦးက မနာလိုတာ၊ စိတ်အားငယ်ဝမ်းနည်းတာမျိုးတွေ မခံစားကြရပဲ တစ်ယောက်အောင်မြင်မှုကို တစ်ယောက်က ထပ်တူဝမ်းသာပေးကြတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top