iMyanmarHouse.com - Best Property Website for Myanmar
×

စားသမွ် ေစာင့္ၾကည့္ပါ

အစာစားတဲ့ အခါမွာ စည္းကမ္းေတာ့  ထားဖို႔ လုိပါတယ္။ အစားအေသာက္ ေရြးခ်ယ္ရာမွာ မွန္ကန္ ေကာင္းမြန္တဲ့ အစားအေသာက္ေတြကို ေရြးစားသင့္ပါတယ္။ ဆီေၾကာ္စာ၊ အခန္း အပူခ်ိန္မွာ ခဲသြားတဲ့ အဆီပါတဲ့ အသားေတြကို မစားပါနဲ႔။ အမွ်င္ဓာတ္ ပါဝင္တဲ့ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံေတြကို စားတာက ဇီဝ႐ုပ္ ျဖစ္ပ်က္မႈကို ေကာင္းေစၿပီး ဝမ္းဗိုက္ ပတ္လည္က အဆီေတြကို ေလ်ာ့က်ေစပါတယ္။ တစ္ေန႔တာလံုး အစာကို နည္းနည္းနဲ႔ မၾကာခဏ စားတာက ဇီဝ႐ုပ္ ျဖစ္ပ်က္မႈကို ေကာင္းေစတာေၾကာင့္ အခ်ိန္ ႏွစ္နာရီ-သံုးနာရီ ၾကာတိုင္း အစာစားေပးပါ။


အမ်ဳိးသမီးေတြက ဝမ္းဗိုက္ ခ်ပ္ရပ္ဖို႔နဲ႔ ခါးေသးဖို႔ အတြက္ နည္းလမ္း အမ်ဳိးမ်ဳိးနဲ႔ ႀကိဳးစားတတ္ၾကပါတယ္။ ဒါေပမဲ့ ခါးေသးခ်င္တဲ့ အမ်ဳိးသမီးေတြ လုပ္ေနၾက အမွားတစ္ခုက အဝတ္အစားဝတ္လို႔ အဆင္မေျပတဲ့ အခ်ိန္မွာပဲ ခါးေသးခ်င္တတ္ၿပီး က်န္တဲ့ အခ်ိန္ေတြမွာေတာ့ ခါးေသးေအာင္ အားမထုတ္တတ္ၾကပါဘူး။

ခါးလွည့္ကြင္း သံုးပါ

ခါးလွည့္ကြင္းကို သံုးၿပီး ေလ့က်င့္ခန္းလုပ္တာက ခါးနဲ႔ ဝမ္းဗိုက္က အဆီေတြကို ေလ်ာ့ပါးေစပါတယ္။ ေရကူးတာကလည္း ခႏၶာကိုယ္ တစ္ခုလံုးက ႂကြက္သားေတြကို သန္စြမ္း ႀကံ႕ခိုင္ေစတဲ့ ေလ့က်င့္ခန္းပါ။ ကခုန္တဲ့ လႈပ္ရွားမႈကလည္း ခႏၶာကိုယ္ တစ္ခုလံုးမွာ ရွိတဲ့ အဆီေတြကို ေလ်ာ့က်ေစပါတယ္။

ေရဓာတ္ ျဖည့္တင္းပါ

ေရေသာက္တာက ခႏၶာကိုယ္ထဲက အဆိပ္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ဇီဝ႐ုပ္ ျဖစ္ပ်က္မႈကို ေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ ေရေသာက္မ်ားတာေၾကာင့္ ခႏၶာကိုယ္မွာရွိတဲ့ အဆီရာခိုင္ႏႈန္းကို ေလ်ာ့က်ေစၿပီး အစာေၾကေစပါတယ္။ ဒါ့အျပင္ ေရကို မ်ားမ်ားေသာက္တာေၾကာင့္ ခႏၶာကိုယ္က ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ေကာင္းေကာင္း စုပ္ယူႏိုင္ေစပါတယ္။ အရက္နဲ႔ အခ်ဳိရည္အစား သစ္သီးေဖ်ာ္ရည္ေတြကို ေသာက္ပါ။ ေကာ္ဖီအစား သံပရာရည္ကို ေရြးပါ။

ေလ့က်င့္ခန္း လုပ္ပါ

ခါးေသးသြယ္ေစမယ့္ အဓိက ေလ့က်င့္ခန္းက ထိုင္ထ ေလ့က်င့္ခန္း၊ ေယာဂ ေလ့က်င့္ခန္း၊ အိပ္ထမတင္ ေလ့က်င့္ခန္း စတာေတြ ျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္တာက သင့္ဘဝတစ္ေလွ်ာက္လံုး က်န္းမာေနေစဖို႔အတြက္ ပံုမွန္ လုပ္ေပးသင့္တဲ့ အေလ့အထတစ္ရပ္ ျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းေတြအျပင္ ေနာက္ထပ္ လုပ္သင့္တဲ့ ေလ့က်င့္ခန္းကေတာ့ အေလးမတဲ့ ေလ့က်င့္ခန္းပဲ ျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းေတြက ဝမ္းဗိုက္ ႂကြက္သားေတြကိုပါ သန္စြမ္းေစပါတယ္။

စိတ္အား ျမႇင့္တင္ပါ

ေလ့က်င့္ခန္းလုပ္ျဖစ္ေစဖို႔ အားကစား ဝတ္စံုအသစ္ေတြကို ဝယ္တာ၊ ခါးအလွ ေပၚလြင္ေစမယ့္ ဝတ္စံုေတြ ဝယ္တာေတြကို လုပ္ေဆာင္ပါ။ ဒီလို လုပ္ေဆာင္တာေၾကာင့္ ခါးေသး သြယ္လ်ေအာင္ ႀကိဳးစားခ်င္စိတ္ အျပည့္အဝ ရွိလာပါလိမ့္မယ္။Reader's comment: "  အစာစားတဲ့ အခါမွာ စည္းကမ္းေတာ့ ထားဖို႔ လုိပါတယ္။ အစားအေသာက္ ေရြးခ်ယ္ရာမွာ မွန္ကန္ ေကာင္းမြန္တဲ့ အစားအေသာက္ေတြကို ေရြးစားသင့္ပါတယ္။ ဆီေၾကာ္စာ၊ အခန္း အပူခ်ိန္မွာ ခဲသြားတဲ့ အဆီပါတဲ့ အသားေတြကို မစားပါနဲ႔။ အမွ်င္ဓာတ္ ပါဝင္တဲ့ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံေတြကို စားတာက ဇီဝ႐ုပ္ ျဖစ္ပ်က္မႈကို ေကာင္းေစၿပီး ဝမ္းဗိုက္ ပတ္လည္က အဆီေတြကို ေလ်ာ့က်ေစပါတယ္။

တစ္ေန႔တာလံုး အစာကို နည္းနည္းနဲ႔ မၾကာခဏ စားတာက ဇီဝ႐ုပ္ ျဖစ္ပ်က္မႈကို ေကာင္းေစတာေၾကာင့္ အခ်ိန္ ႏွစ္နာရီ-သံုးနာရီ ၾကာတိုင္း အစာစားေပးပါ။ အမ်ဳိးသမီးေတြက ဝမ္းဗိုက္ ခ်ပ္ရပ္ဖို႔နဲ႔ ခါးေသးဖို႔ အတြက္ နည္းလမ္း အမ်ဳိးမ်ဳိးနဲ႔ ႀကိဳးစားတတ္ၾကပါတယ္။ ဒါေပမဲ့ ခါးေသးခ်င္တဲ့ အမ်ဳိးသမီးေတြ လုပ္ေနၾက အမွားတစ္ခုက အဝတ္အစားဝတ္လို႔ အဆင္မေျပတဲ့ အခ်ိန္မွာပဲ ခါးေသးခ်င္တတ္ၿပီး က်န္တဲ့ အခ်ိန္ေတြမွာေတာ့ ခါးေသးေအာင္ အားမထုတ္တတ္ၾကပါဘူး။

Credit : Good Health

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

စားသမျှ စောင့်ကြည့်ပါ

အစာစားတဲ့ အခါမှာ စည်းကမ်းတော့  ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။


အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။

ခါးလှည့်ကွင်း သုံးပါ

ခါးလှည့်ကွင်းကို သုံးပြီး လေ့ကျင့်ခန်းလုပ်တာက ခါးနဲ့ ဝမ်းဗိုက်က အဆီတွေကို လျော့ပါးစေပါတယ်။ ရေကူးတာကလည်း ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းပါ။ ကခုန်တဲ့ လှုပ်ရှားမှုကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အဆီတွေကို လျော့ကျစေပါတယ်။

ရေဓာတ် ဖြည့်တင်းပါ

ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရေသောက်များတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျော့ကျစေပြီး အစာကြေစေပါတယ်။ ဒါ့အပြင် ရေကို များများသောက်တာကြောင့် ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေပါတယ်။ အရက်နဲ့ အချိုရည်အစား သစ်သီးဖျော်ရည်တွေကို သောက်ပါ။ ကော်ဖီအစား သံပရာရည်ကို ရွေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

ခါးသေးသွယ်စေမယ့် အဓိက လေ့ကျင့်ခန်းက ထိုင်ထ လေ့ကျင့်ခန်း၊ ယောဂ လေ့ကျင့်ခန်း၊ အိပ်ထမတင် လေ့ကျင့်ခန်း စတာတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သင့်ဘဝတစ်လျှောက်လုံး ကျန်းမာနေစေဖို့အတွက် ပုံမှန် လုပ်ပေးသင့်တဲ့ အလေ့အထတစ်ရပ် ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေအပြင် နောက်ထပ် လုပ်သင့်တဲ့ လေ့ကျင့်ခန်းကတော့ အလေးမတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက် ကြွက်သားတွေကိုပါ သန်စွမ်းစေပါတယ်။

စိတ်အား မြှင့်တင်ပါ

လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အားကစား ဝတ်စုံအသစ်တွေကို ဝယ်တာ၊ ခါးအလှ ပေါ်လွင်စေမယ့် ဝတ်စုံတွေ ဝယ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်တာကြောင့် ခါးသေး သွယ်လျအောင် ကြိုးစားချင်စိတ် အပြည့်အဝ ရှိလာပါလိမ့်မယ်။Reader's comment: "  အစာစားတဲ့ အခါမှာ စည်းကမ်းတော့ ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။

တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။

Credit : Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top