iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အစား


၂ - ဒါတွေမလုပ်နဲ့


၃ - နို့တိုက်ပါ


၎ - လေ့ကျင့်ခန်း


Credit : duwun



#Unicode Version

၁ - အစား

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မူလ ခန္ဓာကိုယ်အလေးချိန်ထက် ၁၅ ပေါင်ကနေ ၃၅ ပေါင်ထိ ဝိတ်တက်သင့်ပါတယ်။ အဆီများတဲ့ အစားအစာတွေကို အလွန်အကျွံစားခြင်းမျိုး သတိထားပါ။ သွေးသားတကယ်တောင်းမှ စားသင့်ပါတယ်။

၂ - ဒါတွေမလုပ်နဲ့

မွေးဖွားပြီးပြီးခြင်း ဝိတ်ပြန်ကျတာမျိုးတော့ မမျှော်လင့်ပါနဲ့။ ခန္ဓာကိုယ်နဂိုအခြေအနေကို ပြန်သွားနေတဲ့ အချိန်ကာလတစ်ခုရှိပါတယ်။ ဒီလိုအချိန်ဟာ မွေးပြီးပြီးခြင်း ၁၂ ပတ်နဲ့ ၁၂ ပတ်အထက် ကြာတတ်ပါတယ်။ မွေးပြီးပြီးချင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာ၊အစားရှောင်တာမျိုးတွေကို မလုပ်ပါနဲ့။

၃ - နို့တိုက်ပါ

ကလေးကို နို့တိုက်ကျွေးတာမျိုး လုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ရရှိခဲ့တဲ့ ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ မိခင်နို့သောက်ရတာကြောင့် ကလေးလည်း ပိုကျန်းမာမှာ ဖြစ်ပါတယ်။ ကလေးနို့တိုက်ရင် ခန္ဓာကိုယ်မှာ တစ်နေ့ကို ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ ခန့်ကျပါတယ်။

၄ - လေ့ကျင့်ခန်း

မွေးဖွားပြီးနောက်ပိုင်း လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးတွေ ရှိပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေဟာ သင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြန်မှန်စေပြီး ရေရှည်မှာလည်း ခန္ဓာကိုယ်ကို အများကြီးလှပစေပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top