iMyanmarHouse.com - Best Property Website for Myanmar
×

လွပၿပီးဆြဲေဆာင္မႈရွိတဲ့ မိန္းကေလးေတြက ဘာေၾကာင့္မ်ား ႐ူပါသိပ္မလန္းတဲ့အမ်ိဳးသားေတြနဲ႔ တြဲျဖစ္ၾကတာလဲ

ဒီကိစၥက မိန္းကေလးေတြရဲ႕အဆံုးအျဖတ္သက္သက္ဆိုေပမယ့္ အမ်ိဳးသားအမ်ားစုက အေျဖရွာမရတဲ့ အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ ဒီလူေတြက ခ်မ္းသာလို႔လား၊ သူမကိုေပ်ာ္ေအာင္ထားႏိုင္လို႔လား၊ အျခားစြမ္းေဆာင္ရည္မ်ားေကာင္းလို႔လား၊ စသျဖင့္ အေတြးေပါင္းမ်ားစြာနဲ႔ ေခါင္း႐ႈပ္မေနပါနဲ႔ေတာ့။ ဒီေမးခြန္းအတြက္ ျဖစ္ႏိုင္တဲ့ေျဖရွင္းခ်က္(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ သူတို႔အတြက္ စိတ္လုံျခံဳမႈရွိလို႔ပါ။ ဟုတ္ပါတယ္။ စြဲေဆာင္မႈသိပ္မရွိအမ်ိဳးသားေတြနဲ႔ တြဲတဲ့အခါမွာ မိန္းမလွေလးေတြအတြက္ စိတ္မလုံမလဲျဖစ္မႈ ပိုမိုသက္သာေစပါတယ္။

၂။ သူမက ပိုၾကည့္ေကာင္းသူျဖစ္ေနလို႔ပါ။ ဒီအခ်က္က ႏွစ္ဦးသားဆက္ဆံေရးမွာ သူမကိုအျမဲတမ္း စိတ္ခ်မ္းသာေစပါတယ္။

၃။ သူမရဲ႕အလွအပကို သတ္မွတ္ခ်က္ မတူလို႔ပါ။ အမ်ိဳးသမီးေတြအတြက္ ႐ုပ္ရည္ထက္အေရးႀကီးတာေတြ ရွိပါေသးတယ္။ သူတို႔က အမ်ိဳးသားတစ္ေယာက္ရဲ႕ စိတ္ထားနဲ႔ အက်င့္စ႐ုိက္ကို ပိုၾကည့္တတ္ပါတယ္။

၄။ မနာလိုျဖစ္စရာအေၾကာင္းမရွိလို႔ပါ။ အမွန္အတိုင္းေျပာရရင္ ႐ုပ္ရည္ၾကည့္ေကာင္းတာက သင့္ကိုေနရာတိုင္းမွာ ထင္ေပၚေနေစပါတယ္။ ဒီေတာ့ သူမအတြက္ စိုးရိမ္စရာမ်ားပါတယ္။ သာမန္႐ုပ္ရည္ပဲရွိသူကို ေရြးခ်ယ္ထားင္ေတာ့ တျခားမိန္းကေလးေတြနဲ႔ ႐ႈပ္မွာကို စိတ္ပူစရာမလိုေတာ့ဘူးေပါ့။

၅။ အသာရလိုစိတ္ရွိလို႔ပါ။ အမ်ိဳးသမီးေတြက သမီးရည္းစားဆက္ဆံေရးမွာ အထက္စီးကေနခြင့္ရတာကို သေဘာက်ၾကပါတယ္။ သာမန္ရုပ္ရည္နဲ႔အမ်ိဳးသားေတြနဲ႔ တြဲတဲ့အခါမွာ ဒီခံစားခ်က္မ်ိဳးရရွိႏိုင္လို႔ ျဖစ္ပါတယ္။

၆။ အေလးေပး၊ ဂရုစိုက္ခံရလို႔ပါ။

သာမန္႐ုပ္ရည္ပဲရွိတဲ့ အမ်ိဳးသားေတြဟာ မိန္းမလွေလးေတြနဲ႔ လက္တြဲခြင့္ရတဲ့အခါမွာ လုိတာထက္ပိုၿပီး ဂ႐ုစိုက္တတ္ၾကပါတယ္။ ဒီလို သဲသဲလႈပ္ ပူပင္ဂ႐ုစိုက္တတ္တာမ်ိဳးကိုပဲ အမ်ိဳးသမီးေတြက လိုခ်င္ၾကတာျဖစ္ပါတယ္။

၇။ ေရရွည္လက္တြဲႏိုင္မယ္လို႔ ယူဆလို႔ပါ။

သူမရဲ႕လက္တြဲေဖာ္က သာမန္႐ုပ္ရည္ပဲရွိသူျဖစ္တာေၾကာင့္ တျခားမိန္းကေလးေတြက ျမဴဆြယ္မွာကို၊ ေဖာက္ျပန္မွကို စိုးရိမ္စရာမလိုဘူးလို႔ ယုံၾကည္တတ္ၾကပါတယ္။ ဒီအတြက္ေၾကာင့္ ႏွစ္ဦးသားဆက္ဆံေရးမွာ အေႏွာင့္အယွက္မရွိ ေရရွည္လက္တြဲသြားႏိုင္မယ္လို႔ ထင္ၾကပါတယ္။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေက ဘာကြောင့်များ ရူပါသိပ်မလန်းတဲ့အမျိုးသားတွေနဲ့ တွဲဖြစ်ကြတာလဲ

ဒီကိစ္စက မိန်းကလေးတွေရဲ့အဆုံးအဖြတ်သက်သက်ဆိုပေမယ့် အမျိုးသားအများစုက အဖြေရှာမရတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒီလူတွေက ချမ်းသာလို့လား၊ သူမကိုပျော်အောင်ထားနိုင်လို့လား၊ အခြားစွမ်းဆောင်ရည်များကောင်းလို့လား၊ စသဖြင့် အတွေးပေါင်းများစွာနဲ့ ခေါင်းရှုပ်မနေပါနဲ့တော့။ ဒီမေးခွန်းအတွက် ဖြစ်နိုင်တဲ့ဖြေရှင်းချက်(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သူတို့အတွက် စိတ်လုံခြုံမှုရှိလို့ပါ။ ဟုတ်ပါတယ်။ စွဲဆောင်မှုသိပ်မရှိအမျိုးသားတွေနဲ့ တွဲတဲ့အခါမှာ မိန်းမလှလေးတွေအတွက် စိတ်မလုံမလဲဖြစ်မှု ပိုမိုသက်သာစေပါတယ်။

၂။ သူမက ပိုကြည့်ကောင်းသူဖြစ်နေလို့ပါ။ ဒီအချက်က နှစ်ဦးသားဆက်ဆံရေးမှာ သူမကိုအမြဲတမ်း စိတ်ချမ်းသာစေပါတယ်။

၃။ သူမရဲ့အလှအပကို သတ်မှတ်ချက် မတူလို့ပါ။ အမျိုးသမီးတွေအတွက် ရုပ်ရည်ထက်အရေးကြီးတာတွေ ရှိပါသေးတယ်။ သူတို့က အမျိုးသားတစ်ယောက်ရဲ့ စိတ်ထားနဲ့ အကျင့်စရိုက်ကို ပိုကြည့်တတ်ပါတယ်။

၄။ မနာလိုဖြစ်စရာအကြောင်းမရှိလို့ပါ။ အမှန်အတိုင်းပြောရရင် ရုပ်ရည်ကြည့်ကောင်းတာက သင့်ကိုနေရာတိုင်းမှာ ထင်ပေါ်နေစေပါတယ်။ ဒီတော့ သူမအတွက် စိုးရိမ်စရာများပါတယ်။ သာမန်ရုပ်ရည်ပဲရှိသူကို ရွေးချယ်ထားင်တော့ တခြားမိန်းကလေးတွေနဲ့ ရှုပ်မှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။

၅။ အသာရလိုစိတ်ရှိလို့ပါ။ အမျိုးသမီးတွေက သမီးရည်းစားဆက်ဆံရေးမှာ အထက်စီးကနေခွင့်ရတာကို သဘောကျကြပါတယ်။ သာမန်ရုပ်ရည်နဲ့အမျိုးသားတွေနဲ့ တွဲတဲ့အခါမှာ ဒီခံစားချက်မျိုးရရှိနိုင်လို့ ဖြစ်ပါတယ်။

၆။ အလေးပေး၊ ဂရုစိုက်ခံရလို့ပါ။

သာမန်ရုပ်ရည်ပဲရှိတဲ့ အမျိုးသားတွေဟာ မိန်းမလှလေးတွေနဲ့ လက်တွဲခွင့်ရတဲ့အခါမှာ လိုတာထက်ပိုပြီး ဂရုစိုက်တတ်ကြပါတယ်။ ဒီလို သဲသဲလှုပ် ပူပင်ဂရုစိုက်တတ်တာမျိုးကိုပဲ အမျိုးသမီးတွေက လိုချင်ကြတာဖြစ်ပါတယ်။

၇။ ရေရှည်လက်တွဲနိုင်မယ်လို့ ယူဆလို့ပါ။

သူမရဲ့လက်တွဲဖော်က သာမန်ရုပ်ရည်ပဲရှိသူဖြစ်တာကြောင့် တခြားမိန်းကလေးတွေက မြူဆွယ်မှာကို၊ ဖောက်ပြန်မှကို စိုးရိမ်စရာမလိုဘူးလို့ ယုံကြည်တတ်ကြပါတယ်။ ဒီအတွက်ကြောင့် နှစ်ဦးသားဆက်ဆံရေးမှာ အနှောင့်အယှက်မရှိ ရေရှည်လက်တွဲသွားနိုင်မယ်လို့ ထင်ကြပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top