iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ဓာတ္ႀကံ႕ခိုင္တယ္လို႔ အမ်ားက ယူဆထားတဲ့ အမ်ိဳးသမီးေတြထံမွာ တူညီစြာ ေတြ႔ရတဲ့ အမူအက်င့္ေတြရွိပါတယ္။  အခက္အခဲေတြကို မတုန္မလႈပ္ ေက်ာ္ျဖတ္ႏုိင္တဲ့ အမ်ိဳးသမီးဟာ ေအာက္ပါ အရည္အေသြး (၇) ခုကို ပိုင္ဆုိင္ထားတတ္ ၾကပါတယ္။

၁။ ပံုမွန္တိုးတက္မႈကို ရွာျခင္း
အရာရာဟာ ေန႔ခ်င္းညခ်င္းဆိုသလို ေျပာင္းလဲလို႔မရဘူဆိုတာကို သူတို႔လက္ခံထားတတ္ၾကပါတယ္။ ဒါေၾကာင့္ ေျဖးေျဖးမွန္မွန္တိုးတက္မႈကိုသာ သူတို႔ ရွာေဖြလုပ္ယူတတ္ၾကပါတယ္။

၂။ ကုိယ့္ကိုကိုယ္ ဂ႐ုစိုက္
ဒီေန႔ေခတ္ အမ်ိဳးသမီးေတြရဲ႕ ခံယူခ်က္ေတြဟာ ေန႔စဥ္နဲ႔အမွ် ေျပာင္းလဲေနတာပါ။ ဒါေၾကာင့္ စိတ္ဓာတ္မာေက်ာတဲ့ အမ်ိဳးသမီးေတြဟာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိၿပီး ဘယ္လုိဂ႐ုတစိုက္ေနရမလဲဆိုတာ သိၾကပါတယ္။

၃။ ကိုယ္နဲ႔မထိုက္တန္တာကို မလုပ္
ကိုယ္နဲ႔ မထုိက္တန္တဲ့ပတ္ဝန္းက်င္မွာ သူတို႔ၾကာၾကာမေနပါဘူး။ အဆင္ေျပတဲ့ ပတ္ဝန္းက်င္တစ္ခု ျဖစ္လာေအာင္ ဖန္တီး ႐ုန္းထြက္တတ္ၾကပါတယ္။

၄။ ကိုယ့္ကို ထိခိုက္ေစသူေတြနဲ႔ မေပါင္း
ဘယ္လိုလူမ်ိဳးေတြကို သူတို႔ကို ထိခိုက္ပ်က္စီးေစလဲဆိုတာ သူတို႔သိပါတယ္။ ဒါေၾကာင့္ ကိုယ့္ကုိ ထိခိုက္ပ်က္စီးေစတဲ့ သူမ်ိဳးေတြနဲ႔ တတ္ႏုိင္သေလာက္ အခ်ိန္မျဖဳန္းမိေအာင္ သူတို႔ေနတတ္ၾကပါတယ္။

၅။ ခြင့္လႊတ္ေသာ္လည္းမေမ့
သူတို႔မွာ တစ္ဖက္လူေတြရဲ႕ အမွားေတြအတြက္ ခြင့္လႊတ္ေပးႏုိင္တဲ့ ႏွလံုးသားရွိပါတယ္။ ဒါေပမယ့္ ေနာက္တစ္ခါ ထပ္မခံရေအာင္သူတို႔ ဒီအျဖစ္ကို ဘယ္ေတာ့မွ မေမ့တတ္ၾကပါဘူး။

၆။ ယံုၾကည္မႈရွိ
ကုိယ္လုပ္ေနတဲ့အရာေတြေပၚလည္း ယံုၾကည္မႈရွိစြာ လုပ္တတ္ၾကပါတယ္။ တစ္ေန႔မွာ ကိုယ္လုပ္ေနတဲ့အရာေတြအတြက္ အက်ိဳးခံစားမႈေတြျဖစ္လာလိမ့္မယ္လို႔ သူတို႔ယံုၾကည္ထားၾကတာပါ။

၇။ အတင္းအဖ်င္းေတြ စိတ္မဝင္စား
အျခားသူေတြ ကိုယ့္အေၾကာင္း ဘာေျပာေနမလဲ၊ ဘာေတြးေနမလဲဆိုတာကို သူတို႔စိတ္မဝင္စားပါဘူး။ ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမႈဟာ ကိုယ့္အေပၚမွာပဲ မူတည္တယ္ဆိုတာ သူတို႔သိထားၾကပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ အများက ယူဆထားတဲ့ အမျိုးသမီးတွေထံမှာ တူညီစွာ တွေ့ရတဲ့ အမူအကျင့်တွေရှိပါတယ်။  အခက်အခဲတွေကို မတုန်မလှုပ် ကျော်ဖြတ်နိုင်တဲ့ အမျိုးသမီးဟာ အောက်ပါ အရည်အသွေး (၇) ခုကို ပိုင်ဆိုင်ထားတတ် ကြပါတယ်။

၁။ ပုံမှန်တိုးတက်မှုကို ရှာခြင်း
အရာရာဟာ နေ့ချင်းညချင်းဆိုသလို ပြောင်းလဲလို့မရဘူဆိုတာကို သူတို့လက်ခံထားတတ်ကြပါတယ်။ ဒါကြောင့် ဖြေးဖြေးမှန်မှန်တိုးတက်မှုကိုသာ သူတို့ ရှာဖွေလုပ်ယူတတ်ကြပါတယ်။

၂။ ကိုယ့်ကိုကိုယ် ဂရုစိုက်
ဒီနေ့ခေတ် အမျိုးသမီးတွေရဲ့ ခံယူချက်တွေဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပါ။ ဒါကြောင့် စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ဘယ်လိုဂရုတစိုက်နေရမလဲဆိုတာ သိကြပါတယ်။

၃။ ကိုယ်နဲ့မထိုက်တန်တာကို မလုပ်
ကိုယ်နဲ့ မထိုက်တန်တဲ့ပတ်ဝန်းကျင်မှာ သူတို့ကြာကြာမနေပါဘူး။ အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် ဖန်တီး ရုန်းထွက်တတ်ကြပါတယ်။

၄။ ကိုယ့်ကို ထိခိုက်စေသူတွေနဲ့ မပေါင်း
ဘယ်လိုလူမျိုးတွေကို သူတို့ကို ထိခိုက်ပျက်စီးစေလဲဆိုတာ သူတို့သိပါတယ်။ ဒါကြောင့် ကိုယ့်ကို ထိခိုက်ပျက်စီးစေတဲ့ သူမျိုးတွေနဲ့ တတ်နိုင်သလောက် အချိန်မဖြုန်းမိအောင် သူတို့နေတတ်ကြပါတယ်။

၅။ ခွင့်လွှတ်သော်လည်းမမေ့
သူတို့မှာ တစ်ဖက်လူတွေရဲ့ အမှားတွေအတွက် ခွင့်လွှတ်ပေးနိုင်တဲ့ နှလုံးသားရှိပါတယ်။ ဒါပေမယ့် နောက်တစ်ခါ ထပ်မခံရအောင်သူတို့ ဒီအဖြစ်ကို ဘယ်တော့မှ မမေ့တတ်ကြပါဘူး။

၆။ ယုံကြည်မှုရှိ
ကိုယ်လုပ်နေတဲ့အရာတွေပေါ်လည်း ယုံကြည်မှုရှိစွာ လုပ်တတ်ကြပါတယ်။ တစ်နေ့မှာ ကိုယ်လုပ်နေတဲ့အရာတွေအတွက် အကျိုးခံစားမှုတွေဖြစ်လာလိမ့်မယ်လို့ သူတို့ယုံကြည်ထားကြတာပါ။

၇။ အတင်းအဖျင်းတွေ စိတ်မဝင်စား
အခြားသူတွေ ကိုယ့်အကြောင်း ဘာပြောနေမလဲ၊ ဘာတွေးနေမလဲဆိုတာကို သူတို့စိတ်မဝင်စားပါဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်ဆိုတာ သူတို့သိထားကြပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top