iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားနဲ႔ ေရာေႏွာေသာက္လွ်င္ ပိုးကူးမွာစိုးေသာေၾကာင့္ ကိုယ္ပိုင္ေရဘူးေလးမ်ား ေဆာင္ထားၿပီး ေရေအးစက္ကေန ေရသြားထည့္ကာ ေသာက္သူတို႔သည္လည္း တစ္ကယ္တမ္းမွာ ပိုးဒဏ္ကင္းေ၀းဖို႔ မလြယ္ေၾကာင္း ေလ႔လာသုေတသန တစ္ရပ္က သတိေပးလိုက္သည္။

          ပလတ္စတစ္ ေရဗူးေလးမ်ားသည္ ေနရာတကာ ယူသြားျခင္း၊ လက္က ေခၽြးစိုေနခ်ိန္မ်ဳိးမွာလည္း ကိုင္ေသာက္ျခင္း၊ မၾကာမၾကာ စိုစြတ္ေနတတ္ျခင္း တို႔ေၾကာင့္ ဘက္တီးရီးယားမ်ား ခိုလံႈရန္ အေကာင္းဆံုးေနရာမ်ား ျဖစ္ေနတတ္ေၾကာင္း သုေတသီတို႔က ဆိုလိုက္သည္။ မေဆးမေၾကာဘဲ အႀကိမ္ႀကိမ္ သံုးေနေသာ ေရဘူးမ်ဳိးဆိုလွ်င္ အိမ္သာ ကမုတ္ထက္ပင္ ဘက္တီးရီးယား ပိုမ်ားေနႏုိင္ေသးသည္ ဟုလည္း သုေတသီတို႔က ယွဥ္ျပသည္။

          လက္ေတြ႕ ဓာတ္ခြဲ ေလ့လာၾကည့္သည္တြင္လည္း ေရဘူး လက္ကိုင္၊ အဖံုး၊ အေပါက္၀ ေနရာမ်ားတြင္ ဘက္တီးရီးယားမ်ားစြာ ခိုေအာင္းေနေၾကာင္း ေတြ႕ခဲ့ရသည္။ TreadmillReviews.net အားကစား ၀ဘ္ဆိုက္မွ သုေတသီမ်ားသည္ အားကစားသမားမ်ား သံုးၾကသည့္ ကိုယ္ပိုင္ေရဘူး (၁၂) ဘူးကို တစ္ပတ္ၾကာ ေစာင့္ၾကည့္ စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

          ပ်မ္းမွ်အားျဖင့္ ေရတစ္ဘူးလွ်င္ ဘက္တီးရီးယား အေကာင္ သံုးသိန္းေလာက္ထိ ရွိေနေၾကာင္း ေတြ႕ခဲ့ရသည္။ အေရျပားေရာဂါ၊ အဆုတ္ေရာင္ အေအးမိေရာဂါ၊ ေသြးအဆိပ္သင္႔ ေရာဂါမ်ား ျဖစ္ေစႏုိင္ေသာ ဘက္တီးရီးယားမ်ားပါ ပါ၀င္ေနေၾကာင္းလည္း ေတြ႕ရွိခဲ့ရသည္။

          သို႔ျဖစ္ေသာေၾကာင့္ ကိုယ္ပိုင္ေရဘူးကို မၾကာမၾကာ ေဆးေၾကာ သန္႔စင္ေပးဖို႔ လိုမည္ဟု သုေတသီတို႔က ႏိႈးေဆာ္ထားသည္။


Credit: Messenger

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူအများနဲ့ ရောနှောသောက်လျှင် ပိုးကူးမှာစိုးသောကြောင့် ကိုယ်ပိုင်ရေဘူးလေးများ ဆောင်ထားပြီး ရေအေးစက်ကနေ ရေသွားထည့်ကာ သောက်သူတို့သည်လည်း တစ်ကယ်တမ်းမှာ ပိုးဒဏ်ကင်းဝေးဖို့ မလွယ်ကြောင်း လေ့လာသုတေသန တစ်ရပ်က သတိပေးလိုက်သည်။

          ပလတ်စတစ် ရေဗူးလေးများသည် နေရာတကာ ယူသွားခြင်း၊ လက်က ချွေးစိုနေချိန်မျိုးမှာလည်း ကိုင်သောက်ခြင်း၊ မကြာမကြာ စိုစွတ်နေတတ်ခြင်း တို့ကြောင့် ဘက်တီးရီးယားများ ခိုလှုံရန် အကောင်းဆုံးနေရာများ ဖြစ်နေတတ်ကြောင်း သုတေသီတို့က ဆိုလိုက်သည်။ မဆေးမကြောဘဲ အကြိမ်ကြိမ် သုံးနေသော ရေဘူးမျိုးဆိုလျှင် အိမ်သာ ကမုတ်ထက်ပင် ဘက်တီးရီးယား ပိုများနေနိုင်သေးသည် ဟုလည်း သုတေသီတို့က ယှဉ်ပြသည်။

          လက်တွေ့ ဓာတ်ခွဲ လေ့လာကြည့်သည်တွင်လည်း ရေဘူး လက်ကိုင်၊ အဖုံး၊ အပေါက်၀ နေရာများတွင် ဘက်တီးရီးယားများစွာ ခိုအောင်းနေကြောင်း တွေ့ခဲ့ရသည်။ TreadmillReviews.net အားကစား ဝဘ်ဆိုက်မှ သုတေသီများသည် အားကစားသမားများ သုံးကြသည့် ကိုယ်ပိုင်ရေဘူး (၁၂) ဘူးကို တစ်ပတ်ကြာ စောင့်ကြည့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

          ပျမ်းမျှအားဖြင့် ရေတစ်ဘူးလျှင် ဘက်တီးရီးယား အကောင် သုံးသိန်းလောက်ထိ ရှိနေကြောင်း တွေ့ခဲ့ရသည်။ အရေပြားရောဂါ၊ အဆုတ်ရောင် အအေးမိရောဂါ၊ သွေးအဆိပ်သင့် ရောဂါများ ဖြစ်စေနိုင်သော ဘက်တီးရီးယားများပါ ပါဝင်နေကြောင်းလည်း တွေ့ရှိခဲ့ရသည်။

          သို့ဖြစ်သောကြောင့် ကိုယ်ပိုင်ရေဘူးကို မကြာမကြာ ဆေးကြော သန့်စင်ပေးဖို့ လိုမည်ဟု သုတေသီတို့က နှိုးဆော်ထားသည်။


Credit: Messenger


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top