iMyanmarHouse.com - Best Property Website for Myanmar
×

မိုးရာသီဟာ အခ်ိဳ႕ေဒသေတြမွာလမ္းပန္းဆက္သြယ္ေရး ခက္ခဲလွတဲ့အတြက္ ခရီးသြားရာသီအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ဒါေပမယ့္ မိုးရာသီမွာ ခရီးထြက္သင့္တဲ့ အေၾကာင္းျပခ်က္ (၅) ခုရွိပါတယ္။

၁။ စရိတ္သက္သာျခင္း

ခရီးသြားရင္ ေငြေၾကးကေတာ့ မျဖစ္မေန ကုန္က်မယ့္အရာျဖစ္ပါမယ္။ မိုးရာသီမွာ ဟိုတယ္ေတြနဲ႔ ေလယာဥ္လက္မွတ္ေတြ မၾကာခဏ ေစ်းေလွ်ာ့ေပးတတ္ၾကပါတယ္။ အပန္းေျဖစခန္းက ဟိုတယ္ေတြရဲ႕ ေစ်းႏႈန္းကလည္း ပိုၿပီး သက္သာေလ့ရွိပါတယ္။

၂။ ႀကိဳျပင္စရာ မလိုျခင္း

အလုပ္မ်ားတဲ့သူေတြ၊ ခရီးထြက္ဖို႔ ေနာက္ဆံုးအခ်ိန္ထိ ျပင္ဆင္ရေလ့ရွိသူေတြအတြက္ေတာ့ မိုးရာသီမွာ ခရီးသြားတာ အထူးသင့္ေတာ္ပါတယ္။ ဟိုတယ္ေတြကလည္း booking ႀကိဳလုပ္စရာမလုိေအာင္ အခန္းလြတ္ေတြ ရွိေနမွာပါ။ အေတာ္မ်ားမ်ားကို ႀကိဳျပင္ေနစရာ မလိုေတာ့ပါဘူး။

၃။ ဆိတ္ၿငိမ္ျခင္း

မိုးရာသီမွာ တစ္ဦးတည္း ခရီးသြားမယ္ဆိုလည္း သင့္ေတာ္ပါတယ္။ ကမ္းေျခေတြနဲ႔ အပန္းေျဖစခန္းေတြဟာ လူေတြ ႐ႈပ္ေထြးေနမွာ မဟုတ္ပါဘူး။ ေအးေအးလူလူေနလိုတယ္ဆိုရင္ မိုးရာသီ ခရီးထြက္တာ အေကာင္းဆံုးပါ။ ကမ္းေျခမွာလူေတြ ျပည့္ေနတာကိုလည္း သင္ေတြ႔ရမွာ မဟုတ္ပါဘူး။

၄။ ႐ႈခင္းလွျခင္း

မိုးရာသီမွာ ၿမိဳ႕ျပမဟုတ္တဲ့ ေက်းလက္၊ နယ္ၿမိဳ႕ေတြရဲ႕ ႐ႈခင္းဟာ ပိုလွေနတတ္ပါတယ္။ စိမ္းစိမ္းစုိစုိ ျမင္ကြင္းေတြကို ၾကည့္ေနရာတာကိုက ၿငိမ္းခ်မ္းမႈ ျဖစ္ေပၚေစပါတယ္။ ဒီလို႐ႈခင္းမ်ိဳးေတြကို ေႏြရာသီမွာ ျမင္ေတြ႔ရမွာ မဟုတ္ပါဘူး။

၅။ မပင္ပန္းျခင္း

အပန္းေျဖခရီးဆိုေပမယ့္ ေႏြရာသီလို လူ႐ႈပ္တဲ့အခ်ိန္ သြားတဲ့ ခရီးေတြက ပင္ပန္းရတာမ်ိဳး ႀကံဳရပါတတ္ပါတယ္။ ဘယ္သြားသြား မ်ားျပားလွတဲ့ လူအုပ္ႀကီးနဲ႔အတူ ျဖတ္သန္းရတတ္ပါတယ္။ အပူရွိန္ေၾကာင့္ လူကိုပုိၿပီး ႏြမ္းနယ္ေစပါတယ္။ မိုးရာသီမွာေတာ့ ဒီအေတြ႔အႀကံဳဆိုးေတြ ရမွာမဟုတ္ပါဘူး။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိုးရာသီဟာ အချို့ဒေသတွေမှာလမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့အတွက် ခရီးသွားရာသီအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် မိုးရာသီမှာ ခရီးထွက်သင့်တဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ စရိတ်သက်သာခြင်း

ခရီးသွားရင် ငွေကြေးကတော့ မဖြစ်မနေ ကုန်ကျမယ့်အရာဖြစ်ပါမယ်။ မိုးရာသီမှာ ဟိုတယ်တွေနဲ့ လေယာဉ်လက်မှတ်တွေ မကြာခဏ ဈေးလျှော့ပေးတတ်ကြပါတယ်။ အပန်းဖြေစခန်းက ဟိုတယ်တွေရဲ့ ဈေးနှုန်းကလည်း ပိုပြီး သက်သာလေ့ရှိပါတယ်။

၂။ ကြိုပြင်စရာ မလိုခြင်း

အလုပ်များတဲ့သူတွေ၊ ခရီးထွက်ဖို့ နောက်ဆုံးအချိန်ထိ ပြင်ဆင်ရလေ့ရှိသူတွေအတွက်တော့ မိုးရာသီမှာ ခရီးသွားတာ အထူးသင့်တော်ပါတယ်။ ဟိုတယ်တွေကလည်း booking ကြိုလုပ်စရာမလိုအောင် အခန်းလွတ်တွေ ရှိနေမှာပါ။ အတော်များများကို ကြိုပြင်နေစရာ မလိုတော့ပါဘူး။

၃။ ဆိတ်ငြိမ်ခြင်း

မိုးရာသီမှာ တစ်ဦးတည်း ခရီးသွားမယ်ဆိုလည်း သင့်တော်ပါတယ်။ ကမ်းခြေတွေနဲ့ အပန်းဖြေစခန်းတွေဟာ လူတွေ ရှုပ်ထွေးနေမှာ မဟုတ်ပါဘူး။ အေးအေးလူလူနေလိုတယ်ဆိုရင် မိုးရာသီ ခရီးထွက်တာ အကောင်းဆုံးပါ။ ကမ်းခြေမှာလူတွေ ပြည့်နေတာကိုလည်း သင်တွေ့ရမှာ မဟုတ်ပါဘူး။

၄။ ရှုခင်းလှခြင်း

မိုးရာသီမှာ မြို့ပြမဟုတ်တဲ့ ကျေးလက်၊ နယ်မြို့တွေရဲ့ ရှုခင်းဟာ ပိုလှနေတတ်ပါတယ်။ စိမ်းစိမ်းစိုစို မြင်ကွင်းတွေကို ကြည့်နေရာတာကိုက ငြိမ်းချမ်းမှု ဖြစ်ပေါ်စေပါတယ်။ ဒီလိုရှုခင်းမျိုးတွေကို နွေရာသီမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။

၅။ မပင်ပန်းခြင်း

အပန်းဖြေခရီးဆိုပေမယ့် နွေရာသီလို လူရှုပ်တဲ့အချိန် သွားတဲ့ ခရီးတွေက ပင်ပန်းရတာမျိုး ကြုံရပါတတ်ပါတယ်။ ဘယ်သွားသွား များပြားလှတဲ့ လူအုပ်ကြီးနဲ့အတူ ဖြတ်သန်းရတတ်ပါတယ်။ အပူရှိန်ကြောင့် လူကိုပိုပြီး နွမ်းနယ်စေပါတယ်။ မိုးရာသီမှာတော့ ဒီအတွေ့အကြုံဆိုးတွေ ရမှာမဟုတ်ပါဘူး။

Credit : Duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top