iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိမွာ တတိယေျမာက္အခ်စ္သစ္နဲ႕ေပ်ာ္ရႊင္ေနသူကေတာ့ ခုိင္သဇင္ငု၀ါပါ။ အေရွ႕မွာ ခ်စ္သူႏွစ္ေယာက္ထားခဲ့ဖူးတဲ့ ခုိင္သဇင္ငု၀ါက လက္ရွိမွာေတာ့ အဆုိေတာ္ Bobby Soxer ရဲ႕ အစ္ကုိအရင္းျဖစ္သူနဲ႕ ခ်စ္သူျဖစ္ေနတာ တစ္လျပည့္ေတာ့မယ္လုိ႕သိရပါတယ္။ လက္ရွိပုိင္ဆုိင္ထားတဲ့ အခ်စ္က အရင္ကအခ်စ္ေတြထက္ သူမအေပၚပုိေကာင္းသလို သူမလုိခ်င္တဲ့ စံႏႈန္းေတြနဲ႕လဲျပည့္စံုတယ္လို႕သူမကေျပာပါတယ္။ လက္ရွိမွာ တီဗီပရိုဂရမ္ေတြအတြက္ ရုိက္ကူးေရးေတြဆက္ေနသလို မၾကာေသးခင္ကမွ မိသားစုနဲ႕အတူ ေတာင္ၾကီး အင္းေလးခရီးစဥ္ကျပန္ေရာက္လာတဲ့ သူမကို လက္ရွိအခ်စ္အေၾကာင္းနဲ႕ ခရီးသြားအေတြ႕အၾကံဳမ်ားကုိ ေမးျမန္းျဖစ္တဲ့အခါ

-အေရွ႕မွာ မိသားစုလုိက္ခရီးသြားတာမ်ိဳးလဲေတြ႕ရတယ္ေနာ္။

ဟုတ္တယ္အစ္မ။ မိသားစုလုိက္သြားတဲ့ခရီးေပါ့။ အေဖတို႕အေမတို႕၊ ေနာက္အေဒၚေတြ၊ ဦးေလးေတြနဲ႕ယု၀ါတို႕လဲပါတယ္။ ေမာင္ေလးလဲပါတယ္။ အင္းေလးမွာက ညီမတစ္ရက္ပဲ။ ေတာင္ၾကီးမွာက ႏွစ္ရက္ေပါ့။ သြားတာကေတာ့ အိမ္ကသံုးရက္ေန႕သြားတာ သမီးကေတာ့ ေလးရက္ေန႕မွလုိက္သြားတာပါ။

-အရင္ႏွစ္ေတြကလဲ မိသားစုနဲ႕ခရီးသြားတာမ်ိဳးေတြ႕ရတယ္။ မိသားစုနဲ႕ခရီးသြားရတဲ့ စိတ္ခံစားခ်က္ကဘယ္လိုမ်ိဳးရွိလဲ။

မိသားစုမွာက စိတ္ညစ္စရာေတြရွိသလို ေပ်ာ္ရႊင္စရာေတြလဲရွိတယ္ေလ။ အဲ့ဒီေတာ့ တစ္ခါတစ္ေလခရီးတူတူသြားျဖစ္တဲ့အခါ ပိုၿပီးေတာ့လဲ ေပ်ာ္ရႊင္မႈရတယ္။ ၿပီးေတာ့ အမွတ္တရလဲျဖစ္တယ္။ တခ်ိဳ႕မိသားစုေတြဆိုရင္ တစ္နယ္တစ္ေက်းမွာေရာက္ေနတဲ့သူေတြလဲရွိတယ္ေလ။ မိသားစုျပည့္ျပည့္စံုစံုေလးခရီးသြားရတဲ့အတြက္ ေပ်ာ္လဲေပ်ာ္တယ္။ မိသားစုသံေယာဇဥ္ပုိၿပီးရတယ္လို႕လဲထင္ပါတယ္။

-ေတာင္ၾကီး၊ အင္းေလးခရီးစဥ္ဖက္ကုိ ေရြးခ်ယ္ျဖစ္တာကေရာ ဘယ္လုိမ်ိဳးေၾကာင့္လဲ။

အစကေတာ့ ပုဂံသြားမို႕ဒါေပမဲ့ မႏွစ္ကလဲ ညီမတို႕ပုဂံသြားၿပီးၿပီ။ ဒီႏွစ္ထပ္သြားဖို႕စဥ္းစားထားတာ ဒါေပမဲ့ မိုးရြာေနတာေၾကာင့္ဘုရားဖူးဖုိ႕သိပ္ၿပီးလဲအဆင္မေျပတာနဲ႕ေတာင္ၾကီးအင္းေလးဖက္ကို တစ္ခ်က္ျပန္ေရႊ႕လိုက္တာေပါ့။

-ေတာင္ၾကီးအင္းေလးခရီးစဥ္မွာေရာ ဘယ္ေနရာေတြကို သေဘာက်မိလဲ။

အင္းေလးမွာက တစ္ရက္ထဲေနခဲ့တာဆိုေတာ့ အမ်ားၾကီးေတာ့ မေရာက္ခဲ့ဘူး။ သြားတဲ့တစ္ရက္ထဲမွာ မိုးဖြဲေလးေတာ့နည္းနည္းက်တယ္။ ဒါေပမဲ့ ကိုယ္မေရာက္ဖူးတဲ့ေနရာေတြကုိ ေလွနဲ႕သြားရတဲ့အတြက္ အမွတ္တရေတာ့ပိုျဖစ္တယ္။ ၿပီးေတာ့ ေမာင္ေတြ၊ အစ္မေတြနဲ႕အတူတူသြားရတဲ့အတြက္ ေပ်ာ္ဖို႕လဲေကာင္းတယ္။ ေလွစီးတဲ့အခါမွာ ေမာင္ႏွမေလးေယာက္က အေရွ႕ဆံုးကေနရာကို တစ္ေယာက္တစ္လွည့္စီထုိင္တယ္။ ဘာလို႕လဲဆိုေတာ့ ဓာတ္ပံုရုိက္ရင္ အေရွ႕ကလူပဲ အၾကီးၾကီးျဖစ္ေနမွာစုိးလို႕အဲ့ဒါေလးကေတာ့ အမွတ္တရပါပဲ။

-လက္ရွိအႏုပညာလႈပ္ရွားမႈအေနနဲ႕ဘာေတြလုပ္ျဖစ္ေနလဲ။

 MRTV 4 နဲ႕Style Secret ပရိုဂရမ္ေလးရုိက္ျဖစ္ေနတယ္။ ၿပီးေတာ့ ျမ၀တီအတြက္ပရုိဂရမ္ေလးေတြရုိက္ေပးျဖစ္တယ္။ ေနာက္ အခုက Wedding ရာသီေရာက္ခါနီးၿပီဆိုေတာ့ Wedding က႑ေလးေတြရုိက္ေပးျဖစ္ေနတယ္။

-အခုေနာက္ပိုင္း Gym ေဆာ့ေနတာလဲေတြ႕ရတယ္။

Gym ေဆာ့ကိုတာ တစ္ခ်ိဳ႕ေတြက က်စ္ခ်င္လို႕ေဆာ့တာေလ။ ညီမကက်ေတာ့ ေပါင္က ၁၀၀ ေလာက္ပဲရွိတာဆုိေတာ့ မေဆာ့ျဖစ္ခဲ့ဘူး။ ဒါေပမဲ့ အခုေနာက္ပုိင္းက်ေတာ့ အစားေတြလဲမေလွ်ာ့ဘူး။ အဆီအဆိမ့္ေတြလဲစားလာေတာ့ အခုေလာေလာဆယ္မွာ ေပါင္ ၁၁၀ ေက်ာ္ေတာ့ရၿပီ။ နည္းနည္းေလးေတာ့ ျပည့္ေတာ့ျပည့္လာၿပီ။ ၿပီးေတာ့ ဗိုက္ေလးလဲ နည္းနည္းထြက္လာတယ္လို႕ခံစားရတယ္။ ဘာလို႕လဲဆိုေတာ့ မိန္းကေလးဆိုတာ ဗိုက္ခ်ပ္ေနမွၾကည့္ေကာင္းတာေလ။ အဓိကေဆာ့ တာက ဗိုက္ခ်ပ္ခ်င္လို႕ပါ။ ပံုမွန္ေတာ့ Fit Way မွာေဆာ့ပါတယ္။

-အရင္ကဆို ပိန္ပိန္ေလးေပါ့။ အခုက် ျပည့္လာတဲ့အခါက်ေတာ့ ဒီပံုေလးကို သူတို႕ပိုၾကိဳက္ၾကတယ္ေနာ္။

ညီမေဆာ့ေပမဲ့ ဗိုက္ခ်ပ္ဖို႕အဓိကေပါ့။ ၿပီးေတာ့ Weight Game ေဆာ့တယ္။ ညီမဒီ့ထက္ နည္းနည္းေလးပိုၿပည့္ခ်င္ေသးတယ္။ ငယ္ငယ္ေလးကတည္းက ၉၉ ၊ ၁၀၀ ၀န္းက်င္မွာပဲ လည္ေနခဲ့တာဆိုေတာ့ ညီမအရမ္း၀ခ်င္တယ္။ ေပါင္ ၁၁၅ ၊ ၁၂၀ ေလာက္ေတာ့ ျဖစ္ခ်င္တယ္။ အခု ၁၁၀ ရွိၿပီ။ ဒါေပမဲ့ ညီမ မတင္းတိမ္ႏုိင္ေသးဘူး။ ေနာက္ထပ္ ငါးေပါင္၊ ၇ေပါင္ေလာက္ေတာ့ ထပ္ျပည့္ခ်င္ေသးတယ္။ အခုေနာက္ပိုင္း ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ျပည့္လာတယ္လို႕ေျပာတဲ့အတြက္၀မ္းသာပါတယ္။ ကိုယ့္ကျပည့္ခ်င္ေနတဲ့သူဆုိေတာ့ ေက်နပ္တာေပါ့။

-လက္ရွိအခ်စ္ေရးကလဲ အခ်စ္သစ္နဲ႕ေပ်ာ္ရႊင္ေနတာမ်ိဳးေတြ႕ရတယ္။

လက္ရွိအခ်စ္ေရးကေတာ့ ေျပာရမယ္ဆုိရင္ ကုိယ္၀လာတယ္။ မ၀လာဘူးဆိုတာကလဲ စိတ္နဲ႕လဲဆိုင္တယ္လို႕ထင္တယ္။ ကုိယ္ကအခုလက္ရွိမွာ စိတ္ညစ္စရာမရွိဘူး။ က်န္းက်န္းမာမာေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ပဲေနထုိင္ေနရေတာ့ က်န္းမာေရးေကာင္းသလုိ ျပည့္လာတယ္လို႕ထင္တယ္။ အခုလက္ရွိကေတာ့ အခ်စ္ေရးကစိတ္ခ်မ္းခ်မ္းသာသာပါပဲ။

-ခ်စ္သူသက္တမ္းကေရာ ဘယ္ေလာက္ရွိသြားၿပီလဲ။

တစ္လျပည့္ေတာ့မယ္ရွင့္။

-အေရွ႕မွာလဲ ကုိယ္ကအခ်စ္မ်ိဳးစံုနဲ႕ေတြ႕ခဲ့ဖူးေတာ့ အခုလက္ရွိအခ်စ္ကေရာ ငု၀ါကို ဘယ္လိုစိတ္ခ်မ္းသာမႈေပးႏုိင္လဲ။

လူတိုင္းကတစ္ေယာက္နဲ႕တစ္ေယာက္မတူၾကဘူး။ တစ္ခုတည္းကိုလဲၾကည့္လုိ႕မရဘူး။ အခုလက္ရွိအခ်စ္က ညီမလိုခ်င္တဲ့ပံုစံအားလံုးရတယ္။ ညီမကိုလဲ အရမ္းဂရုစိုက္တယ္။ တစ္ခုခုဆို အျမဲဦးစားေပးခံရတယ္။ ညီမအတြက္ပဲ ဦးစားေပးခံရတဲ့အတြက္ အရင္ကလူေတြကေတာ့ ညီမကပဲဦးစားေပးခဲ့ရတာ အခုက်မွ ညီမကဦးစားေပးခံရတယ္။ အရမ္းလဲအခ်စ္ခံရတဲ့အတြက္ေပ်ာ္ရႊင္ရပါတယ္။

-လူတစ္ေယာက္မွာ လိုအပ္ခ်က္ဆိုတာ ရွိစျမဲဆုိေတာ့ လက္ရွိခ်စ္သူရဲ႕ လိုအပ္ခ်က္ေတြကိုေရာ ဘယ္လုိမ်ိဳးနားလည္ႏုိင္ေအာင္ၾကိဳးစားျဖစ္လဲ။

လိုအပ္ခ်က္ကေတာ့ လူတုိင္းမွာ အမ်ားၾကီးရွိတယ္။ လိုအပ္ခ်က္ေတြအမ်ားၾကီးမွာမွ ကုိယ့္ဟာကုိယ္လုပ္လုိ႕ရတဲ့အရာေတြရွိသလုိ သူ႕ဟာသူလုပ္မွရတဲ့အရာေတြရွိတယ္။ အဲ့ဒါေၾကာင့္ ႏွစ္ေယာက္စလံုးတုိင္ပင္ၿပီး ျပဳျပင္ျဖစ္တာမ်ားတယ္။ ညီမလဲညီမရဲ႕လိုအပ္ခ်က္ေတြကို ျပဳျပင္ျဖစ္တယ္။ သူ႕လိုအပ္ခ်က္ေတြကို ညီမပါ၀ိုင္းျပဳျပင္ေပးလုိ႕ရရင္ ၀ိုင္းျပဳျပင္ေပးတယ္။ အဲ့ဒီလိုႏွစ္ေယာက္တုိင္ပင္ၿပီးလုပ္ျဖစ္တာေပါ့။

-ငု၀ါရဲ႕ အခ်စ္ေရးအေပၚမွာ ေ၀ဖန္ၾကတဲ့ လူတစ္ခ်ိဳ႕လဲရွိေတာ့ သူတုိ႕အေပၚမွာေရာ ဘယ္လုိမ်ိဳးေျပာျပခ်င္လဲ။

ေ၀ဖန္တာကေတာ့ ညီမထင္တာက ညီမကအႏုပညာအလုပ္လုပ္ေနတဲ့အတြက္ေၾကာင့္ လူေတြသတိထားမိၿပီးေတာ့ ရည္းစားမ်ားတယ္လို႕ထင္ၾကတယ္။ ညီမက်ေတာ့ ကုိယ့္ရည္းစားကုိ လူမသိေအာင္ဒိုင္လွ်ိဳတြဲခ်င္တဲ့စိတ္လဲလံုး၀မရွိဘူး။ တြဲလဲမတြဲခ်င္ဘူး။ ဘာလို႕လဲဆိုေတာ့ ကိုယ္က ေဖ့စ္ဘြတ္မွာ Single လိုေနၿပီး အျပင္သြားတဲ့အခါ အတြဲနဲ႕က်ေတာ့ အဆင္မေျပဘူး။ လူတိုင္းက တစ္မ်ိဳးထင္ေကာင္းလဲထင္ႏုိင္တယ္။ ညီမဆို ကုိယ့္ခ်စ္သူကုိ Public မွာတြဲတယ္။ ညီမအႏုပညာအလုပ္လုပ္ေနေပမဲ့လဲ လူတစ္ေယာက္အေနနဲ႕အခြင့္အေရးရွိတယ္။ ဒါကိုယ့္စိတ္ခံစားမႈနဲ႕ပတ္သက္တဲ့ဟာ၊ ကုိယ့္ခ်စ္သူနဲ႕ကုိယ္အျပင္သြားတာဘာညာေလးေတြတင္တာကေတာ့ လူတစ္ေယာက္ရဲ႕အခြင့္အေရးေပါ့။ သူ႕ကိုဒိုင္လွ်ိဳတြဲတဲ့အခါမွာ သူလဲသို႕ေလာသို႕ေလာေတြးစရာေတြရွိလာႏိုင္တယ္။ ဘယ္သူရွိလုိ႕ေပၚတင္မတြဲႏုိင္ရတာလဲေပါ့။ ညီမမွာလဲ တျခားဘယ္သူမွမရွိဘူး။ သူတစ္ေယာက္တည္းရွိတဲ့အတြက္ လူေရွ႕မွာခ်ျပရဲတယ္။ တခ်ိဳ႕ေတြကေျပာတယ္။ ရည္းစားအရမ္းမ်ားတယ္ေပါ့။ သူတုိ႕ေရာ အခုလက္ရွိတြဲေနတဲ့ရည္းစားနဲ႕မျပတ္ဘူးလို႕ထင္လားေပါ့။ တကယ္လို႕ျပတ္သြားခဲ့ရင္ေရာ ေနာက္တစ္ေယာက္မရွာပဲ လူပ်ိဳၾကီး၊ အပ်ိဳၾကီးေတြလုပ္မွာလားေပါ့။ ညီမေျပာခ်င္တာေပါ့။ ဒါေလးပါပဲ။ သူတို႕ေျပာတာကို ညီမလက္ခံပါတယ္။ တခ်ိဳ႕ကလဲ ေစတနာနဲ႕ေျပာတာ၊ တခ်ိဳ႕ကလဲ တစ္ႏွစ္ေလာက္တြဲၿပီးမွ လူသိရွင္ၾကားခ်ျပေပါ့ေလ။ မျပည့္ေသးပဲနဲ႕ခ်ျပတယ္။ မေတာ္တစ္ခုခုျဖစ္လို႕ျပတ္သြားခဲ့သည္ရွိေသာ္ ကိုယ္ပဲနာမည္ပ်က္မယ္ေပါ့။ တခ်ိဳ႕က်ေတာ့ မိန္းကေလးအခ်င္းခ်င္းေစတနာနဲ႕လာေျပာၾကတာေပါ့။ တခ်ိဳ႕က်ေတာ့လဲ လံုး၀အျမင္ေစာင္းၿပီး အျပစ္ေျပာတဲ့ပံုစံမ်ိဳးနဲ႕လာေျပာၾကတာ။ အဲ့ဒီလိုလူေတြက်ေတာ့ ညီမဂရုမစိုက္ေတာ့ဘူး။ ဘာလို႕လဲဆိုေတာ့ သူတို႕လဲ တစ္ခ်ိန္ခ်ိန္က်ရင္ကြဲမွာပဲေလ။ အဲ့ဒီလိုေျပာတဲ့သူေတြဆို ညီမဘာမွမေျပာေတာ့ဘူး။ ဒါေပမဲ့တကယ့္ကို ေစတနာနဲ႕လာေျပာတဲ့သူေတြကုိေတာ့ ညီမအခ်ိန္ေပးၿပီး Reply ျပန္လုပ္ျဖစ္ပါတယ္။

-အေရွ႕မွာလဲ အခ်စ္ေတြရွိခဲ့ဖူးေတာ့ အသည္းကြဲတာဘာညာလဲခံစားဖူးမွာပဲ။ ဒီတတိယေျမာက္အခ်စ္နဲ႕ပတ္သက္ၿပီး စိုးရိမ္တာ၊ စိတ္ပူတာမ်ိဳးေတြရွိလား။

အသက္ကလဲ တစ္ႏွစ္တစ္ႏွစ္ပုိပိုၾကီးလာေတာ့ ပိုပိုသိလာတယ္။ ညီမကအရင္ကဆို ညီမဖက္ကပဲ အေလွ်ာ့ေပးတာမ်ားတယ္။ ကုိယ့္ဖက္ကပဲ ေပးဆပ္ခဲ့ရတာမ်ားတဲ့အတြက္ တစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ ဘယ္လိုေနလုိက္ရင္ အဆင္ေျပမယ္ဆိုတာကုိ အခုလက္ရွိမွာပိုၿပီးသိလာတယ္။ ၿပီးေတာ့ ပိုၿပီးလဲရင့္က်က္လာတဲ့အတြက္ အခုအခ်စ္ေရးကေတာ့ အရမ္းကို အဆင္ေျပမယ္လုိ႕ေမွ်ာ္လင့္ပါတယ္။ ယံုၾကည္ပါတယ္။ ဘာလို႕လဲဆိုေတာ့ ညီမကိုပဲ အစစအရာရာဦးစားေပးတဲ့သူတစ္ေယာက္ဆိုေတာ့ အဆင္ေျပမယ္လုိ႕ပဲထင္ပါတယ္။

-ကိုယ္ကုိတိုင္က အရမ္းရစ္တတ္တဲ့သူလား။ စိတ္ဆိုးစိတ္ေကာက္လြယ္တဲ့သူလား။

ညီမက ရစ္ေတာ့မရစ္တတ္ဘူး။ စိတ္ေတာ့ေကာက္တတ္တယ္။ အရမ္း Serious ထားထားတဲ့အတြက္တစ္ခုခုဆို ရင္ သူငယ္ခ်င္းမိန္းကေလးနဲ႕လမ္းမွာေတြ႕လို႕ႏႈတ္ဆက္ရင္ေတာင္စိတ္ထဲမွာဖုတယ္။ ကုိယ္ကလြဲၿပီး တျခားမိန္းကေလးေတြနဲ႕ျဖစ္ႏုိင္ရင္စကားေတာင္မေျပာေစခ်င္ဘူး။ အဲ့ဒီေလာက္ထိဆိုေတာ့ မရစ္တတ္ေပမဲ့ စိတ္ေတာ့ေကာက္တတ္ပါတယ္။

-ေရွ႕ဆက္ၾကိဳးစားသြားမဲ့ အႏုပညာလႈပ္ရွားမႈေတြနဲ႕ပတ္သက္ၿပီးေရာ ဘယ္လုိမ်ိဳးေျပာျပခ်င္ေသးလဲ။

ညီမကေမာ္လ္ဒယ္သီးသန္႕ဆိုေတာ့ အမ္တီဗီရုိက္မယ္။ ရိႈးေလွ်ာက္မယ္။ ဒါပဲသီးသန္႕ေပါ့။ တခ်ိဳ႕ေတြက်ေတာ့ မင္းသမီးျဖစ္ေစခ်င္တယ္။ ရုပ္ရွင္မရုိက္ဘူးလားဘာညာလာေမးၾကတယ္။ ဒါေပမဲ့ ကုိယ္ကိုတုိင္ကလဲ အဲ့ဒီေလာက္ၾကီး၀ါသနာမပါတဲ့အတြက္ ပရိသတ္နဲ႕မျပတ္သြားေအာင္ပံုမွန္လုပ္ေနၾကေလးေတြပဲရွိမယ္။ ညီမတတ္ႏုိင္သေလာက္ အစြမ္းကုန္ၾကိဳးစားသြားပါ့မယ္။ ညီမရဲ႕ၾကိဳးစားမႈေပၚၾကည့္ၿပီး လက္ခံေပးၾကပါလို႕ေျပာခ်င္ပါတယ္။

Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

လက်ရှိမှာ တတိယမြောက်အချစ်သစ်နဲ့ပျော်ရွှင်နေသူကတော့ ခိုင်သဇင်ငုဝါပါ။ အရှေ့မှာ ချစ်သူနှစ်ယောက်ထားခဲ့ဖူးတဲ့ ခိုင်သဇင်ငုဝါက လက်ရှိမှာတော့ အဆိုတော် Bobby Soxer ရဲ့ အစ်ကိုအရင်းဖြစ်သူနဲ့ ချစ်သူဖြစ်နေတာ တစ်လပြည့်တော့မယ်လို့သိရပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်က အရင်ကအချစ်တွေထက် သူမအပေါ်ပိုကောင်းသလို သူမလိုချင်တဲ့ စံနှုန်းတွေနဲ့လဲပြည့်စုံတယ်လို့သူမကပြောပါတယ်။ လက်ရှိမှာ တီဗီပရိုဂရမ်တွေအတွက် ရိုက်ကူးရေးတွေဆက်နေသလို မကြာသေးခင်ကမှ မိသားစုနဲ့အတူ တောင်ကြီး အင်းလေးခရီးစဉ်ကပြန်ရောက်လာတဲ့ သူမကို လက်ရှိအချစ်အကြောင်းနဲ့ ခရီးသွားအတွေ့အကြုံများကို မေးမြန်းဖြစ်တဲ့အခါ

-အရှေ့မှာ မိသားစုလိုက်ခရီးသွားတာမျိုးလဲတွေ့ရတယ်နော်။

ဟုတ်တယ်အစ်မ။ မိသားစုလိုက်သွားတဲ့ခရီးပေါ့။ အဖေတို့အမေတို့၊ နောက်အဒေါ်တွေ၊ ဦးလေးတွေနဲ့ယုဝါတို့လဲပါတယ်။ မောင်လေးလဲပါတယ်။ အင်းလေးမှာက ညီမတစ်ရက်ပဲ။ တောင်ကြီးမှာက နှစ်ရက်ပေါ့။ သွားတာကတော့ အိမ်ကသုံးရက်နေ့သွားတာ သမီးကတော့ လေးရက်နေ့မှလိုက်သွားတာပါ။

-အရင်နှစ်တွေကလဲ မိသားစုနဲ့ခရီးသွားတာမျိုးတွေ့ရတယ်။ မိသားစုနဲ့ခရီးသွားရတဲ့ စိတ်ခံစားချက်ကဘယ်လိုမျိုးရှိလဲ။

မိသားစုမှာက စိတ်ညစ်စရာတွေရှိသလို ပျော်ရွှင်စရာတွေလဲရှိတယ်လေ။ အဲ့ဒီတော့ တစ်ခါတစ်လေခရီးတူတူသွားဖြစ်တဲ့အခါ ပိုပြီးတော့လဲ ပျော်ရွှင်မှုရတယ်။ ပြီးတော့ အမှတ်တရလဲဖြစ်တယ်။ တချို့မိသားစုတွေဆိုရင် တစ်နယ်တစ်ကျေးမှာရောက်နေတဲ့သူတွေလဲရှိတယ်လေ။ မိသားစုပြည့်ပြည့်စုံစုံလေးခရီးသွားရတဲ့အတွက် ပျော်လဲပျော်တယ်။ မိသားစုသံယောဇဉ်ပိုပြီးရတယ်လို့လဲထင်ပါတယ်။

-တောင်ကြီး၊ အင်းလေးခရီးစဉ်ဖက်ကို ရွေးချယ်ဖြစ်တာကရော ဘယ်လိုမျိုးကြောင့်လဲ။

အစကတော့ ပုဂံသွားမို့ဒါပေမဲ့ မနှစ်ကလဲ ညီမတို့ပုဂံသွားပြီးပြီ။ ဒီနှစ်ထပ်သွားဖို့စဉ်းစားထားတာ ဒါပေမဲ့ မိုးရွာနေတာကြောင့်ဘုရားဖူးဖို့သိပ်ပြီးလဲအဆင်မပြေတာနဲ့တောင်ကြီးအင်းလေးဖက်ကို တစ်ချက်ပြန်ရွှေ့လိုက်တာပေါ့။

-တောင်ကြီးအင်းလေးခရီးစဉ်မှာရော ဘယ်နေရာတွေကို သဘောကျမိလဲ။

အင်းလေးမှာက တစ်ရက်ထဲနေခဲ့တာဆိုတော့ အများကြီးတော့ မရောက်ခဲ့ဘူး။ သွားတဲ့တစ်ရက်ထဲမှာ မိုးဖွဲလေးတော့နည်းနည်းကျတယ်။ ဒါပေမဲ့ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို လှေနဲ့သွားရတဲ့အတွက် အမှတ်တရတော့ပိုဖြစ်တယ်။ ပြီးတော့ မောင်တွေ၊ အစ်မတွေနဲ့အတူတူသွားရတဲ့အတွက် ပျော်ဖို့လဲကောင်းတယ်။ လှေစီးတဲ့အခါမှာ မောင်နှမလေးယောက်က အရှေ့ဆုံးကနေရာကို တစ်ယောက်တစ်လှည့်စီထိုင်တယ်။ ဘာလို့လဲဆိုတော့ ဓာတ်ပုံရိုက်ရင် အရှေ့ကလူပဲ အကြီးကြီးဖြစ်နေမှာစိုးလို့အဲ့ဒါလေးကတော့ အမှတ်တရပါပဲ။

-လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

 MRTV 4 နဲ့Style Secret ပရိုဂရမ်လေးရိုက်ဖြစ်နေတယ်။ ပြီးတော့ မြဝတီအတွက်ပရိုဂရမ်လေးတွေရိုက်ပေးဖြစ်တယ်။ နောက် အခုက Wedding ရာသီရောက်ခါနီးပြီဆိုတော့ Wedding ကဏ္ဍလေးတွေရိုက်ပေးဖြစ်နေတယ်။

-အခုနောက်ပိုင်း Gym ဆော့နေတာလဲတွေ့ရတယ်။

Gym ဆော့ကိုတာ တစ်ချို့တွေက ကျစ်ချင်လို့ဆော့တာလေ။ ညီမကကျတော့ ပေါင်က ၁၀၀ လောက်ပဲရှိတာဆိုတော့ မဆော့ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ အစားတွေလဲမလျှော့ဘူး။ အဆီအဆိမ့်တွေလဲစားလာတော့ အခုလောလောဆယ်မှာ ပေါင် ၁၁၀ ကျော်တော့ရပြီ။ နည်းနည်းလေးတော့ ပြည့်တော့ပြည့်လာပြီ။ ပြီးတော့ ဗိုက်လေးလဲ နည်းနည်းထွက်လာတယ်လို့ခံစားရတယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးဆိုတာ ဗိုက်ချပ်နေမှကြည့်ကောင်းတာလေ။ အဓိကဆော့ တာက ဗိုက်ချပ်ချင်လို့ပါ။ ပုံမှန်တော့ Fit Way မှာဆော့ပါတယ်။

-အရင်ကဆို ပိန်ပိန်လေးပေါ့။ အခုကျ ပြည့်လာတဲ့အခါကျတော့ ဒီပုံလေးကို သူတို့ပိုကြိုက်ကြတယ်နော်။

ညီမဆော့ပေမဲ့ ဗိုက်ချပ်ဖို့အဓိကပေါ့။ ပြီးတော့ Weight Game ဆော့တယ်။ ညီမဒီ့ထက် နည်းနည်းလေးပိုပြည့်ချင်သေးတယ်။ ငယ်ငယ်လေးကတည်းက ၉၉ ၊ ၁၀၀ ဝန်းကျင်မှာပဲ လည်နေခဲ့တာဆိုတော့ ညီမအရမ်းဝချင်တယ်။ ပေါင် ၁၁၅ ၊ ၁၂၀ လောက်တော့ ဖြစ်ချင်တယ်။ အခု ၁၁၀ ရှိပြီ။ ဒါပေမဲ့ ညီမ မတင်းတိမ်နိုင်သေးဘူး။ နောက်ထပ် ငါးပေါင်၊ ၇ပေါင်လောက်တော့ ထပ်ပြည့်ချင်သေးတယ်။ အခုနောက်ပိုင်း ပရိသတ်တော်တော်များများက ပြည့်လာတယ်လို့ပြောတဲ့အတွက်ဝမ်းသာပါတယ်။ ကိုယ့်ကပြည့်ချင်နေတဲ့သူဆိုတော့ ကျေနပ်တာပေါ့။

-လက်ရှိအချစ်ရေးကလဲ အချစ်သစ်နဲ့ပျော်ရွှင်နေတာမျိုးတွေ့ရတယ်။

လက်ရှိအချစ်ရေးကတော့ ပြောရမယ်ဆိုရင် ကိုယ်ဝလာတယ်။ မဝလာဘူးဆိုတာကလဲ စိတ်နဲ့လဲဆိုင်တယ်လို့ထင်တယ်။ ကိုယ်ကအခုလက်ရှိမှာ စိတ်ညစ်စရာမရှိဘူး။ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေထိုင်နေရတော့ ကျန်းမာရေးကောင်းသလို ပြည့်လာတယ်လို့ထင်တယ်။ အခုလက်ရှိကတော့ အချစ်ရေးကစိတ်ချမ်းချမ်းသာသာပါပဲ။

-ချစ်သူသက်တမ်းကရော ဘယ်လောက်ရှိသွားပြီလဲ။

တစ်လပြည့်တော့မယ်ရှင့်။

-အရှေ့မှာလဲ ကိုယ်ကအချစ်မျိုးစုံနဲ့တွေ့ခဲ့ဖူးတော့ အခုလက်ရှိအချစ်ကရော ငုဝါကို ဘယ်လိုစိတ်ချမ်းသာမှုပေးနိုင်လဲ။

လူတိုင်းကတစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ တစ်ခုတည်းကိုလဲကြည့်လို့မရဘူး။ အခုလက်ရှိအချစ်က ညီမလိုချင်တဲ့ပုံစံအားလုံးရတယ်။ ညီမကိုလဲ အရမ်းဂရုစိုက်တယ်။ တစ်ခုခုဆို အမြဲဦးစားပေးခံရတယ်။ ညီမအတွက်ပဲ ဦးစားပေးခံရတဲ့အတွက် အရင်ကလူတွေကတော့ ညီမကပဲဦးစားပေးခဲ့ရတာ အခုကျမှ ညီမကဦးစားပေးခံရတယ်။ အရမ်းလဲအချစ်ခံရတဲ့အတွက်ပျော်ရွှင်ရပါတယ်။

-လူတစ်ယောက်မှာ လိုအပ်ချက်ဆိုတာ ရှိစမြဲဆိုတော့ လက်ရှိချစ်သူရဲ့ လိုအပ်ချက်တွေကိုရော ဘယ်လိုမျိုးနားလည်နိုင်အောင်ကြိုးစားဖြစ်လဲ။

လိုအပ်ချက်ကတော့ လူတိုင်းမှာ အများကြီးရှိတယ်။ လိုအပ်ချက်တွေအများကြီးမှာမှ ကိုယ့်ဟာကိုယ်လုပ်လို့ရတဲ့အရာတွေရှိသလို သူ့ဟာသူလုပ်မှရတဲ့အရာတွေရှိတယ်။ အဲ့ဒါကြောင့် နှစ်ယောက်စလုံးတိုင်ပင်ပြီး ပြုပြင်ဖြစ်တာများတယ်။ ညီမလဲညီမရဲ့လိုအပ်ချက်တွေကို ပြုပြင်ဖြစ်တယ်။ သူ့လိုအပ်ချက်တွေကို ညီမပါဝိုင်းပြုပြင်ပေးလို့ရရင် ဝိုင်းပြုပြင်ပေးတယ်။ အဲ့ဒီလိုနှစ်ယောက်တိုင်ပင်ပြီးလုပ်ဖြစ်တာပေါ့။

-ငုဝါရဲ့ အချစ်ရေးအပေါ်မှာ ဝေဖန်ကြတဲ့ လူတစ်ချို့လဲရှိတော့ သူတို့အပေါ်မှာရော ဘယ်လိုမျိုးပြောပြချင်လဲ။

ဝေဖန်တာကတော့ ညီမထင်တာက ညီမကအနုပညာအလုပ်လုပ်နေတဲ့အတွက်ကြောင့် လူတွေသတိထားမိပြီးတော့ ရည်းစားများတယ်လို့ထင်ကြတယ်။ ညီမကျတော့ ကိုယ့်ရည်းစားကို လူမသိအောင်ဒိုင်လျှိုတွဲချင်တဲ့စိတ်လဲလုံးဝမရှိဘူး။ တွဲလဲမတွဲချင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က ဖေ့စ်ဘွတ်မှာ Single လိုနေပြီး အပြင်သွားတဲ့အခါ အတွဲနဲ့ကျတော့ အဆင်မပြေဘူး။ လူတိုင်းက တစ်မျိုးထင်ကောင်းလဲထင်နိုင်တယ်။ ညီမဆို ကိုယ့်ချစ်သူကို Public မှာတွဲတယ်။ ညီမအနုပညာအလုပ်လုပ်နေပေမဲ့လဲ လူတစ်ယောက်အနေနဲ့အခွင့်အရေးရှိတယ်။ ဒါကိုယ့်စိတ်ခံစားမှုနဲ့ပတ်သက်တဲ့ဟာ၊ ကိုယ့်ချစ်သူနဲ့ကိုယ်အပြင်သွားတာဘာညာလေးတွေတင်တာကတော့ လူတစ်ယောက်ရဲ့အခွင့်အရေးပေါ့။ သူ့ကိုဒိုင်လျှိုတွဲတဲ့အခါမှာ သူလဲသို့လောသို့လောတွေးစရာတွေရှိလာနိုင်တယ်။ ဘယ်သူရှိလို့ပေါ်တင်မတွဲနိုင်ရတာလဲပေါ့။ ညီမမှာလဲ တခြားဘယ်သူမှမရှိဘူး။ သူတစ်ယောက်တည်းရှိတဲ့အတွက် လူရှေ့မှာချပြရဲတယ်။ တချို့တွေကပြောတယ်။ ရည်းစားအရမ်းများတယ်ပေါ့။ သူတို့ရော အခုလက်ရှိတွဲနေတဲ့ရည်းစားနဲ့မပြတ်ဘူးလို့ထင်လားပေါ့။ တကယ်လို့ပြတ်သွားခဲ့ရင်ရော နောက်တစ်ယောက်မရှာပဲ လူပျိုကြီး၊ အပျိုကြီးတွေလုပ်မှာလားပေါ့။ ညီမပြောချင်တာပေါ့။ ဒါလေးပါပဲ။ သူတို့ပြောတာကို ညီမလက်ခံပါတယ်။ တချို့ကလဲ စေတနာနဲ့ပြောတာ၊ တချို့ကလဲ တစ်နှစ်လောက်တွဲပြီးမှ လူသိရှင်ကြားချပြပေါ့လေ။ မပြည့်သေးပဲနဲ့ချပြတယ်။ မတော်တစ်ခုခုဖြစ်လို့ပြတ်သွားခဲ့သည်ရှိသော် ကိုယ်ပဲနာမည်ပျက်မယ်ပေါ့။ တချို့ကျတော့ မိန်းကလေးအချင်းချင်းစေတနာနဲ့လာပြောကြတာပေါ့။ တချို့ကျတော့လဲ လုံးဝအမြင်စောင်းပြီး အပြစ်ပြောတဲ့ပုံစံမျိုးနဲ့လာပြောကြတာ။ အဲ့ဒီလိုလူတွေကျတော့ ညီမဂရုမစိုက်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့လဲ တစ်ချိန်ချိန်ကျရင်ကွဲမှာပဲလေ။ အဲ့ဒီလိုပြောတဲ့သူတွေဆို ညီမဘာမှမပြောတော့ဘူး။ ဒါပေမဲ့တကယ့်ကို စေတနာနဲ့လာပြောတဲ့သူတွေကိုတော့ ညီမအချိန်ပေးပြီး Reply ပြန်လုပ်ဖြစ်ပါတယ်။

-အရှေ့မှာလဲ အချစ်တွေရှိခဲ့ဖူးတော့ အသည်းကွဲတာဘာညာလဲခံစားဖူးမှာပဲ။ ဒီတတိယမြောက်အချစ်နဲ့ပတ်သက်ပြီး စိုးရိမ်တာ၊ စိတ်ပူတာမျိုးတွေရှိလား။

အသက်ကလဲ တစ်နှစ်တစ်နှစ်ပိုပိုကြီးလာတော့ ပိုပိုသိလာတယ်။ ညီမကအရင်ကဆို ညီမဖက်ကပဲ အလျှော့ပေးတာများတယ်။ ကိုယ့်ဖက်ကပဲ ပေးဆပ်ခဲ့ရတာများတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘယ်လိုနေလိုက်ရင် အဆင်ပြေမယ်ဆိုတာကို အခုလက်ရှိမှာပိုပြီးသိလာတယ်။ ပြီးတော့ ပိုပြီးလဲရင့်ကျက်လာတဲ့အတွက် အခုအချစ်ရေးကတော့ အရမ်းကို အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ညီမကိုပဲ အစစအရာရာဦးစားပေးတဲ့သူတစ်ယောက်ဆိုတော့ အဆင်ပြေမယ်လို့ပဲထင်ပါတယ်။

-ကိုယ်ကိုတိုင်က အရမ်းရစ်တတ်တဲ့သူလား။ စိတ်ဆိုးစိတ်ကောက်လွယ်တဲ့သူလား။

ညီမက ရစ်တော့မရစ်တတ်ဘူး။ စိတ်တော့ကောက်တတ်တယ်။ အရမ်း Serious ထားထားတဲ့အတွက်တစ်ခုခုဆို ရင် သူငယ်ချင်းမိန်းကလေးနဲ့လမ်းမှာတွေ့လို့နှုတ်ဆက်ရင်တောင်စိတ်ထဲမှာဖုတယ်။ ကိုယ်ကလွဲပြီး တခြားမိန်းကလေးတွေနဲ့ဖြစ်နိုင်ရင်စကားတောင်မပြောစေချင်ဘူး။ အဲ့ဒီလောက်ထိဆိုတော့ မရစ်တတ်ပေမဲ့ စိတ်တော့ကောက်တတ်ပါတယ်။

-ရှေ့ဆက်ကြိုးစားသွားမဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးရော ဘယ်လိုမျိုးပြောပြချင်သေးလဲ။

ညီမကမော်လ်ဒယ်သီးသန့်ဆိုတော့ အမ်တီဗီရိုက်မယ်။ ရှိုးလျှောက်မယ်။ ဒါပဲသီးသန့်ပေါ့။ တချို့တွေကျတော့ မင်းသမီးဖြစ်စေချင်တယ်။ ရုပ်ရှင်မရိုက်ဘူးလားဘာညာလာမေးကြတယ်။ ဒါပေမဲ့ ကိုယ်ကိုတိုင်ကလဲ အဲ့ဒီလောက်ကြီးဝါသနာမပါတဲ့အတွက် ပရိသတ်နဲ့မပြတ်သွားအောင်ပုံမှန်လုပ်နေကြလေးတွေပဲရှိမယ်။ ညီမတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားပါ့မယ်။ ညီမရဲ့ကြိုးစားမှုပေါ်ကြည့်ပြီး လက်ခံပေးကြပါလို့ပြောချင်ပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top