iMyanmarHouse.com - Best Property Website for Myanmar
×

လက္ထပ္ၿပီးေနာက္မွာ သူ႔ဘဝ ကိုယ့္ဘဝ မခြဲျခားပဲ ပစၥည္းေတြကို အတူတူသံုးစြဲတာ၊ လ်ိႈ့ဝွက္ခ်က္ မထားတာဟာ ဘဝေပ်ာ္ရႊင္ဖို႔ အေထာက္အကူ ျပဳပါတယ္။ ဒါေပမယ့္ အရမ္းခ်စ္တဲ့ ခ်စ္သူဆီကေတာင္ မိန္းကေလးေတြ လ်ိႈ့ဝွက္ထားတတ္တာေတြ ႐ွိပါတယ္။ အထင္မလြဲပါနဲ႔။ ကြၽန္ေတာ္တို႔မွာလဲ ႐ွိတတ္ၾကတာပါပဲ။ ကြၽမ္းက်င္သူေတြက မိန္းမေတြ လ်ိႈ့ဝွက္ထားတတ္တဲ့ အရာ ၅ မ်ိဳးကို ထုတ္ျပလိုက္ပါတယ္။ အဲဒါေတြကေတာ့

၁. က်န္းမာေရးျပသနာမ်ား

မိန္းမတစ္ေယာက္ဟာ ရင္သားထဲမွာ အလံုးေတြ႕တာလိုမ်ိဳး က်န္းမာေရးျပသနာ တစ္ခုခု ႐ွိလာရင္ အဲဒါကို ေျပာမျပတတ္ပါဘူး။ အမ်ိဳးသမီးေတြက သူတို႔လင္ စိတ္ဖိစီးမွာစိုးလို႔ က်န္းမာေရးျပသနာ အႀကီးႀကီးဆိုရင္ေတာင္ ေျပာမျပတတ္ၾကပါဘူး။ တိတ္တိတ္ေလးေနၿပီးေမ့ထားတာဟာ ေကာင္းတယ္လို႔ ထင္ၾကပါတယ္။

အမွန္တကယ္ေတာ့ အဲဒါဟာ ကိုယ့္ဘာသာကိုယ္ လွည့္စားၿပီး သူ႔အပူေတြကို သူ႔ေယာက္်ားမျမင္ေအာင္ ပိတ္ဆို႔ထားတာပါပဲ။ အဲဒါေၾကာင့္ ေရာဂါကို ေပခံမေနပါနဲ႔။ ေျပာျပလိုက္ပါ။ သူ႔ပခံုးေပၚ မွီေနလိုက္ပါ။ လင္မယားဆိုတာ ျပသနာေတြကို ႏွစ္ေယာက္ ရင္ဆိုင္ဖို႔ လုပ္ထားတာပါ။

၂. ခ်စ္ဇာတ္လမ္းက ျပသနာေတြ

ဘယ္ေနရာမွာ အိမ္ဝယ္မယ္ဆိုတာ သေဘာထားကြဲလြဲတာ၊ ကေလးယူဖို႔ သေဘာထားကြဲလြဲတာေတြလိုမ်ိဳးပါ။ တကယ္လို႔ အမ်ိဳးသမီးတစ္ေယာက္ဟာ အဲဒိျပသနာမ်ိဳးေတြကို သူ႔ေယာက္်ားနဲ႔ ႏွစ္ေယာက္ မေျဖ႐ွင္းႏိုင္ဘူးထင္ရင္ တရားစခန္းေတြ သြားတတ္ပါတယ္။ သူတို႔ေတြက ဒီဇာတ္လမ္းကို အဆံုးသတ္သင့္မသင့္ ေဝခြဲမရလို႔ပါ။

တစ္ေယာက္ျခင္းစီ တရားစခန္းဝင္တာထက္စာရင္ အိမ္မွာ ႏွစ္ေယာက္တူတူ တရားထိုင္တာ၊ ေယာဂက်င့့္တာက ပိုေကာင္းပါတယ္။ အဲဒါက ႏွစ္ေယာက္စလံုးကို ပိုၿပီး တစ္ေယာက္ကိုတစ္ေယာက္ နားလည္ေစပါတယ္

၃. လိင္ကိစၥမွာ အႀကိဳက္ေလးေတြ

အမ်ိဳးသမီးေတြဟာ လိင္ကိစၥအေၾကာင္း ေျပာခဲပါတယ္။ လိင္ကိစၥမွာ ႐ွက္ရြံတတ္ၾကပါတယ္။ အဲဒါေၾကာင့္ လိင္ကိစၥမွာ စိတ္ေက်နပ္မႈမရတဲ့ မိန္းမေတြ အရမ္းမ်ားပါတယ္။ သူတို႔ မႀကိဳက္တဲ့ ပံုစံေတြကို သူ႔ေယာက္်ားကို ေျပာမျပခ်င္ၾကပါဘူး။

အဲဒါဟာ သူ႔ေယာက္်ားႀကိဳက္ေနရင္ ၿပီးတာပဲဆိုတဲ့ စိတ္ေၾကာင့္ပါ။ အဲဒါေၾကာင့္ ကိစၥ မစခင္ အခန္းျပင္မွာကတည္းက ႀကိဳၿပီး ေဆြးေႏြးထားပါ။ သူ႔အႀကိဳက္ကိုယ့္အႀကိဳက္ ေလးေတြကိုေပါ့။ မ႐ွက္ပါနဲ႔။

၄. ကိုယ္ပိုင္ ေအာင္ျမင္မႈေလးေတြ

အမ်ိဳးသမီးေတြဟာ အလုပ္မွာ ရာထူးတိုးတာမ်ိဳးကို အိမ္မွာ ေအာင္ပြဲမခံတတ္ၾကပါဘူး။ သူတို႔က သူတို႔ လင္ေယာက္်ားေတြနဲ႔ အလုပ္ကိစၥနဲ႔ ပါတ္သတ္ၿပီး အၿပိဳင္အဆိုင္ မျဖစ္ခ်င္ၾကလို႔ပါ။ အဲဒါေၾကာင့္ အလုပ္ေအာင္ျမင္မႈေတြကို လ်ိႈ့ဝွက္ထားတတ္ပါတယ္။

တကာ္ေတာ့ ဘယ္သူက လစာပိုမ်ားမ်ားရလဲဆိုတာ အေရးမႀကီးပါဘူး။ အေရးႀကီးတာကသင့္ရဲ႕ ေအာင္ျမင္မႈေတြကို သင့္ေယာက္်ားလဲ ေပ်ာ္ပါတယ္ ဆိုတာပါ။ သူတို႔က မိန္းမေတြမဟုတ္ပါဘူး။ တိတ္တခိုး အားက် မနာလို ျဖစ္မေနတတ္ပါဘူး။

၅. ဘဏ္စာရင္း

အမ်ိဳးသမီးေတြမွာ ကိစၥအမ်ိဳးမ်ိဳးအတြက္ လ်ိႈ့ဝွက္ ဘဏ္အေကာင့္ေတြ ႐ွိတတ္ၾကပါတယ္။ တခ်ိဳ႕ေတြဆို ခ်စ္ဇာတ္လမ္းမေအာင္ျမင္ရင္ အဆင္ေျပဖို႔ပါ စုထားတတ္ၾကပါတယ္။ အဲဒါဟာ သူတို႔ိကို လံုျခံဳစိတ္ခ်မႈကို ခံစားမိေစပါတယ္။ တကယ္လို႔ သင့္ေယာက္်ားေတြ႕သြားရင္ေတာ့ သူစိတ္ဆိုးမွာပါ။ သင့္မွာ တျခားလ်ိႈ့ဝွက္ခ်က္ေတြ ႐ွိတယ္လဲ ထင္သြားမွာပါ။

ေငြေၾကးဆိုတာ အိမ္ေထာင္တစ္ခုမွာ အႀကီးဆံုးစိုးရိမ္ရမယ့္အရာပါ။ အဲဒါေၾကာက့္ ဘာပဲျဖစ္ေနေန သင့္ေယာက္်ားနဲ့ ရင္ဆိုင္ေျဖ႐ွင္းတာ အေကာင္းဆံုးပါ။ လ်ိႈ့ဝွက္ခ်က္ေတြဟာ အိမ္ေထာင္ေရးကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ပြင့္ပြင့္လင္းလင္း ေနပါလို႔ အၾကံေပးပါရေစ။


Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လက်ထပ်ပြီးနောက်မှာ သူ့ဘဝ ကိုယ့်ဘဝ မခွဲခြားပဲ ပစ္စည်းတွေကို အတူတူသုံးစွဲတာ၊ လျှို့ဝှက်ချက် မထားတာဟာ ဘဝပျော်ရွှင်ဖို့ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် အရမ်းချစ်တဲ့ ချစ်သူဆီကတောင် မိန်းကလေးတွေ လျှို့ဝှက်ထားတတ်တာတွေ ရှိပါတယ်။ အထင်မလွဲပါနဲ့။ ကျွန်တော်တို့မှာလဲ ရှိတတ်ကြတာပါပဲ။ ကျွမ်းကျင်သူတွေက မိန်းမတွေ လျှို့ဝှက်ထားတတ်တဲ့ အရာ ၅ မျိုးကို ထုတ်ပြလိုက်ပါတယ်။ အဲဒါတွေကတော့

၁. ကျန်းမာရေးပြသနာများ

မိန်းမတစ်ယောက်ဟာ ရင်သားထဲမှာ အလုံးတွေ့တာလိုမျိုး ကျန်းမာရေးပြသနာ တစ်ခုခု ရှိလာရင် အဲဒါကို ပြောမပြတတ်ပါဘူး။ အမျိုးသမီးတွေက သူတို့လင် စိတ်ဖိစီးမှာစိုးလို့ ကျန်းမာရေးပြသနာ အကြီးကြီးဆိုရင်တောင် ပြောမပြတတ်ကြပါဘူး။ တိတ်တိတ်လေးနေပြီးမေ့ထားတာဟာ ကောင်းတယ်လို့ ထင်ကြပါတယ်။

အမှန်တကယ်တော့ အဲဒါဟာ ကိုယ့်ဘာသာကိုယ် လှည့်စားပြီး သူ့အပူတွေကို သူ့ယောက်ျားမမြင်အောင် ပိတ်ဆို့ထားတာပါပဲ။ အဲဒါကြောင့် ရောဂါကို ပေခံမနေပါနဲ့။ ပြောပြလိုက်ပါ။ သူ့ပခုံးပေါ် မှီနေလိုက်ပါ။ လင်မယားဆိုတာ ပြသနာတွေကို နှစ်ယောက် ရင်ဆိုင်ဖို့ လုပ်ထားတာပါ။

၂. ချစ်ဇာတ်လမ်းက ပြသနာတွေ

ဘယ်နေရာမှာ အိမ်ဝယ်မယ်ဆိုတာ သဘောထားကွဲလွဲတာ၊ ကလေးယူဖို့ သဘောထားကွဲလွဲတာတွေလိုမျိုးပါ။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ အဲဒိပြသနာမျိုးတွေကို သူ့ယောက်ျားနဲ့ နှစ်ယောက် မဖြေရှင်းနိုင်ဘူးထင်ရင် တရားစခန်းတွေ သွားတတ်ပါတယ်။ သူတို့တွေက ဒီဇာတ်လမ်းကို အဆုံးသတ်သင့်မသင့် ဝေခွဲမရလို့ပါ။

တစ်ယောက်ခြင်းစီ တရားစခန်းဝင်တာထက်စာရင် အိမ်မှာ နှစ်ယောက်တူတူ တရားထိုင်တာ၊ ယောဂကျင့်တာက ပိုကောင်းပါတယ်။ အဲဒါက နှစ်ယောက်စလုံးကို ပိုပြီး တစ်ယောက်ကိုတစ်ယောက် နားလည်စေပါတယ်

၃. လိင်ကိစ္စမှာ အကြိုက်လေးတွေ

အမျိုးသမီးတွေဟာ လိင်ကိစ္စအကြောင်း ပြောခဲပါတယ်။ လိင်ကိစ္စမှာ ရှက်ရွံတတ်ကြပါတယ်။ အဲဒါကြောင့် လိင်ကိစ္စမှာ စိတ်ကျေနပ်မှုမရတဲ့ မိန်းမတွေ အရမ်းများပါတယ်။ သူတို့ မကြိုက်တဲ့ ပုံစံတွေကို သူ့ယောက်ျားကို ပြောမပြချင်ကြပါဘူး။

အဲဒါဟာ သူ့ယောက်ျားကြိုက်နေရင် ပြီးတာပဲဆိုတဲ့ စိတ်ကြောင့်ပါ။ အဲဒါကြောင့် ကိစ္စ မစခင် အခန်းပြင်မှာကတည်းက ကြိုပြီး ဆွေးနွေးထားပါ။ သူ့အကြိုက်ကိုယ့်အကြိုက် လေးတွေကိုပေါ့။ မရှက်ပါနဲ့။

၄. ကိုယ်ပိုင် အောင်မြင်မှုလေးတွေ

အမျိုးသမီးတွေဟာ အလုပ်မှာ ရာထူးတိုးတာမျိုးကို အိမ်မှာ အောင်ပွဲမခံတတ်ကြပါဘူး။ သူတို့က သူတို့ လင်ယောက်ျားတွေနဲ့ အလုပ်ကိစ္စနဲ့ ပါတ်သတ်ပြီး အပြိုင်အဆိုင် မဖြစ်ချင်ကြလို့ပါ။ အဲဒါကြောင့် အလုပ်အောင်မြင်မှုတွေကို လျှို့ဝှက်ထားတတ်ပါတယ်။

တကာ်တော့ ဘယ်သူက လစာပိုများများရလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာကသင့်ရဲ့ အောင်မြင်မှုတွေကို သင့်ယောက်ျားလဲ ပျော်ပါတယ် ဆိုတာပါ။ သူတို့က မိန်းမတွေမဟုတ်ပါဘူး။ တိတ်တခိုး အားကျ မနာလို ဖြစ်မနေတတ်ပါဘူး။

၅. ဘဏ်စာရင်း

အမျိုးသမီးတွေမှာ ကိစ္စအမျိုးမျိုးအတွက် လျှို့ဝှက် ဘဏ်အကောင့်တွေ ရှိတတ်ကြပါတယ်။ တချို့တွေဆို ချစ်ဇာတ်လမ်းမအောင်မြင်ရင် အဆင်ပြေဖို့ပါ စုထားတတ်ကြပါတယ်။ အဲဒါဟာ သူတို့ိကို လုံခြုံစိတ်ချမှုကို ခံစားမိစေပါတယ်။ တကယ်လို့ သင့်ယောက်ျားတွေ့သွားရင်တော့ သူစိတ်ဆိုးမှာပါ။ သင့်မှာ တခြားလျှို့ဝှက်ချက်တွေ ရှိတယ်လဲ ထင်သွားမှာပါ။

ငွေကြေးဆိုတာ အိမ်ထောင်တစ်ခုမှာ အကြီးဆုံးစိုးရိမ်ရမယ့်အရာပါ။ အဲဒါကြောက့် ဘာပဲဖြစ်နေနေ သင့်ယောက်ျားနဲ့ ရင်ဆိုင်ဖြေရှင်းတာ အကောင်းဆုံးပါ။ လျှို့ဝှက်ချက်တွေဟာ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒါကြောင့် ပွင့်ပွင့်လင်းလင်း နေပါလို့ အကြံပေးပါရစေ။


Credit:Gentleman Magazine



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top