iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကို စိတ္ဆိုးတာနဲ႕ သူ႕ကို ဆိုးဆိုး၀ါး၀ါး ေျပာင္းလဲဆက္ဆံစရာ အေၾကာင္းမရွိပါဘူး။ အထူးသျဖင့္ ကုိယ္ခ်စ္ရတဲ့သူေတြကိုေပါ့။ ကိုယ့္ အရမ္းကို ခ်စ္ရတဲ့ခ်စ္သူ၊ ဒါမွမဟုတ္ ကေလး၊ မိသားစု၀င္တစ္ဦးဥိး၊ သူငယ္ခ်င္း စတဲ့သူေတြက ကုိယ့္ကို စိတ္ဆိုးေအာင္လုပ္လိုက္လို႕ စိတ္ဆုိးေနေပမယ့္ ဒါဟာ သူတုိ႕ကုိ မုန္းတာမ်ိဳး မဟုတ္ပဲ သူတုိ႕ကို အရင္လို ဂရုစိုက္ေနဆဲျဖစ္ေၾကာင္း ခုလို နည္းလမ္ေလးေတြနဲ႕ ျပသလိုက္ျပီး သူတုိ႕စိတ္ထဲ သင္သူတုိ႕ကို ေတာ္ေတာ္ခ်စ္တာပါလားဆုိတဲ့ အသိေလး ၀င္သြားေအာင္ ခုပဲ လုပ္ေဆာင္လိုက္ပါ။

၁။ သင့္ခံစားခ်က္ေတြကို ဖြင့္ဟလိုက္ပါ။
သင္စိတ္ဆုိးေနတဲ့လူကို သင္ဘာ့ေၾကာင့္ ဒီအေျခအေနမွာ စိတ္ဆိုးရတယ္ဆုိတာ ေျပာျပပါ။ တစ္ခ်ိန္တည္းမွာပဲ သင္သူ႕ကို ဘယ္ေလာက္စိတ္ဆိုးပါေစ၊ ဘယ္ေလာက္ခ်စ္တယ္ဆုိတာကိုလည္း သူတုိ႕သိေအာင္ ေျပာလိုက္ပါ။ ျဖစ္တဲ့ ျပသနာမွာ ကေလးေတြပါ ပါ၀င္ေနမယ္ဆိုရင္ ဒီလိုေသခ်ာလုပ္ေဆာင္ဖုိ႕ လုိပါတယ္။

၂။ အခ်စ္ေတြ၊ ဂရုစိုက္တာေတြကို တစ္ေနရာမွာ ျပသလိုက္ပါ။
ေဒါသထြက္ စကားမ်ားထားတဲ့ အိမ္ေထာင္သည္ေတြအေနနဲ႕ ျပသနာတက္ျပီး မၾကာခင္မွာ အရင္လုပ္ေဆာင္ေနက် ကိစၥေတြကို မပ်က္မကြက္ ဆက္လက္လုပ္ေဆာင္ျခင္းနဲ႕ သင္ဟာ တစ္ဖက္လူကို ဂရုစိုက္ေၾကာင္း ျပလိုက္ပါ။ ဥပမာ ရန္ျဖစ္ထားေပမယ့္ သင္ အိမ္ေနာက္ေဖးက အမႈိက္ထုပ္ယူျပီး အရင္လို သြားလႊင့္ပစ္ေပးတာ၊ ပန္းကန္ေတြ ေဆးစရာရွိတာ ထေဆးတာ၊ အားလံုးစားဖုိ႕ ထမင္းခ်က္ေပးတာ စတာေတြကို ဆက္လက္လုပ္ေဆာင္လုိုက္ပါ။ ကိုယ့္ခ်စ္ရတဲ့သူ ေကာ္ဖီေသာက္ခ်ိန္ ေကာ္ဖီေဖ်ာ္ျပီး သြားပို႕ေပးတာ စတာေတြကိုလည္း လုပ္ေပးလိုက္ပါ။

၃။ ကုိယ္ဘာ့ေၾကာင့္ သူ႕ကို စိတ္ဆိုးရတယ္ဆုိတာ သူသိပါေစ။
သင့္ခံစားေနရတာေတြကို စာရြက္တစ္ရြက္ေပၚ ခ်ေရးျပီး သင့္ေဒါသေတြ၊ နာက်င္တာေတြကို ေဖ်ာက္ပစ္လုိက္ႏိုင္ပါတယ္တဲ့။ ဒီေတာ့ သင္ခံစားနာက်င္ရတာေတြကို စာရြက္ေပၚေရးျပီး သင္ခ်စ္ရသူကို ေပးလိုက္ပါ။ သင့္အျမင္၊ အယူအဆ၊ သင္ဘာ့ေၾကာင့္ စိတ္ဆိုးရတယ္ဆုိတဲ့အေၾကာင္းေလး ေရးျပီး သူ႕ကိုဘယ္ေလာက္ခ်စ္ေၾကာင္းပါ ထည့္ေရးလိုက္ပါ။

၄။ ႏွစ္ေယာက္ၾကားကကိစၥ ႏွစ္ေယာက္ၾကားမွာပဲ ထားပါ။
ျပသနာတစ္ခုခု ျဖစ္တာနဲ႕ ေဖ့စ္ဘြတ္ခ္ေပၚ တက္ေရးတာမ်ိဳးေတြ မလုပ္ပါနဲ႕။ ဒါကေလးဆန္လြန္းပါတယ္။ တစ္ဖက္လူကိုလည္း ကိုယ္က မေလးစားဘူးဆုိတာ ျပသလိုက္သလို ျဖစ္သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ ႏွစ္ဦးၾကားက ျပသနာကိုပိုၾကီးထြား မသြားေအာင္ ဂရုစိုက္ပါ။

၅။တစ္ဖက္လူ ခံစားခ်က္ကို နားေထာင္ေပးပါ။
ျပသနာတက္ ျငင္းခုံျပီဆုိ ႏွစ္ဦးႏွစ္ဖက္ ေျပာစရာေတြ အမ်ားၾကီးျဖစ္လာပါျပီ။ အဲ့ဒီအခ်ိန္ ကိုယ္ေျပာခ်င္တာပဲ စြတ္ေျပာ၊ ကုိယ္ကပဲ အမွန္လုပ္ေနတာထက္ တစ္ဖက္လူ ဘာေတြ ေျပာခ်င္သလဲ၊ ဘာေတြ ခံစားေနရသလဲဆုိတာကို နားေထာင္ေပးဖုိ႕ လိုပါတယ္။ ဒီေတာ့ သင္က တစ္ဖက္လူ ေျပာတာကို ေသခ်ာနားေထာင္ေပးျပီး သူ႕ကို သင္ဂရုစိုက္တယ္ဆုိတာ သိသြားပါေစ။

၆။ ေထြးေပြ႕ေပးပါ။
ဘယ္ေလာက္ပဲ ခက္ခဲတဲ့ အေျခအေနကို ျဖတ္ရျဖတ္ရ အဆံုးသတ္က အဆင္ေျပေျပေလး ျဖစ္သြားဖုိ႕ပါ။ ေနာက္ဆံုး အေနနဲ႕ သင္လုပ္ႏိုင္တာက သူ႕ကိုခ်စ္တယ္ဆုိတာကို မေျပာပဲ သူ႕ကို ေပြ႔ဖက္လိုက္ရံုပါပဲ။ ခုလို လုပ္ေဆာင္လိုက္ျခင္း အားျဖင့္ သင္ဟာ ျပသနာတက္သည့္တုိင္ေအာင္ သူ႕ကို ခ်စ္ပါတယ္ဆုိတာေျပာလိုက္သလိုပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတစ်ယောက်ကို စိတ်ဆိုးတာနဲ့ သူ့ကို ဆိုးဆိုးဝါးဝါး ပြောင်းလဲဆက်ဆံစရာ အကြောင်းမရှိပါဘူး။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူတွေကိုပေါ့။ ကိုယ့် အရမ်းကို ချစ်ရတဲ့ချစ်သူ၊ ဒါမှမဟုတ် ကလေး၊ မိသားစုဝင်တစ်ဦးဥိး၊ သူငယ်ချင်း စတဲ့သူတွေက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်လိုက်လို့ စိတ်ဆိုးနေပေမယ့် ဒါဟာ သူတို့ကို မုန်းတာမျိုး မဟုတ်ပဲ သူတို့ကို အရင်လို ဂရုစိုက်နေဆဲဖြစ်ကြောင်း ခုလို နည်းလမ်လေးတွေနဲ့ ပြသလိုက်ပြီး သူတို့စိတ်ထဲ သင်သူတို့ကို တော်တော်ချစ်တာပါလားဆိုတဲ့ အသိလေး ဝင်သွားအောင် ခုပဲ လုပ်ဆောင်လိုက်ပါ။

၁။ သင့်ခံစားချက်တွေကို ဖွင့်ဟလိုက်ပါ။
သင်စိတ်ဆိုးနေတဲ့လူကို သင်ဘာ့ကြောင့် ဒီအခြေအနေမှာ စိတ်ဆိုးရတယ်ဆိုတာ ပြောပြပါ။ တစ်ချိန်တည်းမှာပဲ သင်သူ့ကို ဘယ်လောက်စိတ်ဆိုးပါစေ၊ ဘယ်လောက်ချစ်တယ်ဆိုတာကိုလည်း သူတို့သိအောင် ပြောလိုက်ပါ။ ဖြစ်တဲ့ ပြသနာမှာ ကလေးတွေပါ ပါဝင်နေမယ်ဆိုရင် ဒီလိုသေချာလုပ်ဆောင်ဖို့ လိုပါတယ်။

၂။ အချစ်တွေ၊ ဂရုစိုက်တာတွေကို တစ်နေရာမှာ ပြသလိုက်ပါ။
ဒေါသထွက် စကားများထားတဲ့ အိမ်ထောင်သည်တွေအနေနဲ့ ပြသနာတက်ပြီး မကြာခင်မှာ အရင်လုပ်ဆောင်နေကျ ကိစ္စတွေကို မပျက်မကွက် ဆက်လက်လုပ်ဆောင်ခြင်းနဲ့ သင်ဟာ တစ်ဖက်လူကို ဂရုစိုက်ကြောင်း ပြလိုက်ပါ။ ဥပမာ ရန်ဖြစ်ထားပေမယ့် သင် အိမ်နောက်ဖေးက အမှိုက်ထုပ်ယူပြီး အရင်လို သွားလွှင့်ပစ်ပေးတာ၊ ပန်းကန်တွေ ဆေးစရာရှိတာ ထဆေးတာ၊ အားလုံးစားဖို့ ထမင်းချက်ပေးတာ စတာတွေကို ဆက်လက်လုပ်ဆောင်လိုက်ပါ။ ကိုယ့်ချစ်ရတဲ့သူ ကော်ဖီသောက်ချိန် ကော်ဖီဖျော်ပြီး သွားပို့ပေးတာ စတာတွေကိုလည်း လုပ်ပေးလိုက်ပါ။

၃။ ကိုယ်ဘာ့ကြောင့် သူ့ကို စိတ်ဆိုးရတယ်ဆိုတာ သူသိပါစေ။
သင့်ခံစားနေရတာတွေကို စာရွက်တစ်ရွက်ပေါ် ချရေးပြီး သင့်ဒေါသတွေ၊ နာကျင်တာတွေကို ဖျောက်ပစ်လိုက်နိုင်ပါတယ်တဲ့။ ဒီတော့ သင်ခံစားနာကျင်ရတာတွေကို စာရွက်ပေါ်ရေးပြီး သင်ချစ်ရသူကို ပေးလိုက်ပါ။ သင့်အမြင်၊ အယူအဆ၊ သင်ဘာ့ကြောင့် စိတ်ဆိုးရတယ်ဆိုတဲ့အကြောင်းလေး ရေးပြီး သူ့ကိုဘယ်လောက်ချစ်ကြောင်းပါ ထည့်ရေးလိုက်ပါ။

၄။ နှစ်ယောက်ကြားကကိစ္စ နှစ်ယောက်ကြားမှာပဲ ထားပါ။
ပြသနာတစ်ခုခု ဖြစ်တာနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် တက်ရေးတာမျိုးတွေ မလုပ်ပါနဲ့။ ဒါကလေးဆန်လွန်းပါတယ်။ တစ်ဖက်လူကိုလည်း ကိုယ်က မလေးစားဘူးဆိုတာ ပြသလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် နှစ်ဦးကြားက ပြသနာကိုပိုကြီးထွား မသွားအောင် ဂရုစိုက်ပါ။

၅။တစ်ဖက်လူ ခံစားချက်ကို နားထောင်ပေးပါ။
ပြသနာတက် ငြင်းခုံပြီဆို နှစ်ဦးနှစ်ဖက် ပြောစရာတွေ အများကြီးဖြစ်လာပါပြီ။ အဲ့ဒီအချိန် ကိုယ်ပြောချင်တာပဲ စွတ်ပြော၊ ကိုယ်ကပဲ အမှန်လုပ်နေတာထက် တစ်ဖက်လူ ဘာတွေ ပြောချင်သလဲ၊ ဘာတွေ ခံစားနေရသလဲဆိုတာကို နားထောင်ပေးဖို့ လိုပါတယ်။ ဒီတော့ သင်က တစ်ဖက်လူ ပြောတာကို သေချာနားထောင်ပေးပြီး သူ့ကို သင်ဂရုစိုက်တယ်ဆိုတာ သိသွားပါစေ။

၆။ ထွေးပွေ့ပေးပါ။
ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေကို ဖြတ်ရဖြတ်ရ အဆုံးသတ်က အဆင်ပြေပြေလေး ဖြစ်သွားဖို့ပါ။ နောက်ဆုံး အနေနဲ့ သင်လုပ်နိုင်တာက သူ့ကိုချစ်တယ်ဆိုတာကို မပြောပဲ သူ့ကို ပွေ့ဖက်လိုက်ရုံပါပဲ။ ခုလို လုပ်ဆောင်လိုက်ခြင်း အားဖြင့် သင်ဟာ ပြသနာတက်သည့်တိုင်အောင် သူ့ကို ချစ်ပါတယ်ဆိုတာပြောလိုက်သလိုပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top