iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Duwun




Unicode Version

ကနေဒီယန်အဆိုတော် ဂျက်စတင်ဘီဘာဟာ အင်စတာဂရမ်အကောင့်ကို ပိတ်ထားပြီး နှစ်ပတ်ခန့်အကြာအမှာ ပြန်လည်အသုံးပြုလိုက်ပါတယ်။ ပရိသတ်တွေက လက်ရှိချစ်သူလေး ဆိုဖီယာရစ်ချီကို ပြောဆိုဝေဖန်နေကြတာမခံနိုင်လို့ သြဂုတ် ၁၆ ရက်နေ့မှာ အင်စတာဂရမ်အကောင့်ကို deactivate လုပ်ခဲ့တာဖြစ်ပါတယ်။

သြဂုတ် ၂၉ ရက်မှာတော့ အင်စတာဂရမ်ပေါ်ကို ပြန်ရောက်လာလို့ ဂျေဘီရဲ့ပရိသတ်တွေက အပျော်ကြီးပျော်သွားကြရပါတယ်။ Hashtag တွေသုံးပြီးတော့ #JustinRecativatedParty လို့ ပို့စ်တွေတင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အကောင့်ကပြန်လည်ပျောက်ကွယ်သွားကာ ဂျေဘီရဲ့တွစ်တာပေါ်မှာ အင်စတာဂရမ်ပြန်မသုံးသေးဘူးလို့ တင်လိုက်ပါတယ်။ မတော်တဆပြန်ဖွင့်မိသွားတာသာဖြစ်တယ်လို့ ဂျေဘီက ရေးထားပါတယ်။

ဂျက်စတင်ဘီဘာဟာ မော်ဒယ်လေး ဆိုဖီယာရစ်ချီနဲ့တွဲနေတာဖြစ်ပြီး ဆိုဖီယာရဲ့ ၁၈ နှစ်ပြည့်မွေးနေ့မှာ မက္ကဆီကမ်းခြေကိုသွားရောက်လည်ပတ်နေကြပါတယ်။ ဂျေဘီနဲ့ဆိုဖီယာတို့ရဲ့ sex tape ထွက်လာတယ်လို့တောင် သတင်းထွက်ခဲ့ပေမယ့် ဘယ်သူကမှအတိအကျထုတ်မပြနိုင်ခဲ့ပါဘူး။ ဘောင်းဘီကိုခပ်လျောလျောဝတ်ထားတဲ့ ဂျေဘီရဲ့ပုံတစ်ပုံသာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Credit : Duwun




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top