iMyanmarHouse.com - Best Property Website for Myanmar
×

ဗီတာမင္ေအ၊ စီ၊ အသားဓာတ္၊ အမွ်င္ဓာတ္၊ မဂၢနိစ္နဲ႔ ဓာတ္တုိး ဆန္႔က်င္ဂုဏ္သတၱိ   စတာေတြ ႂကြယ္၀တဲ့ နာနတ္သီးက ကိုယ္ အေလးခ်ိန္ ေလွ်ာ့ခ်လုိသူေတြအ တြက္ မိတ္ေဆြေကာင္းပါပဲ။

နာနတ္သီးက အစာေခ်ဖ်က္ အားေကာင္းဖို႔ ေထာက္ကူေပးၿပီး အစာအိမ္နဲ႔ အူလမ္းေၾကာင္း က်န္းမာေရးအတြက္လည္း အက်ဳိးျပဳကာ   ၀မ္းခ်ဳပ္တာကို ကာကြယ္ေပးႏုိင္တဲ့ သဘာ၀ ၀မ္းႏုတ္ေဆး တစ္လက္ျဖစ္တဲ့အ ျပင္ သန္ေကာင္ေရာဂါေတြကို လည္း ကာကြယ္ေပးႏုိင္ပါတယ္။ ဗီတာမင္စီ  ႂကြယ္၀တာေၾကာင့္ ခႏၶာကိုယ္ထဲက ေရာဂါပိုးမႊားေတြကို ေသေစႏုိင္စြမ္းရွိၿပီး အေအးမိ၊ တုပ္ေကြး၊ နားေရာဂါေတြနဲ႔ တျခားကူးစက္ ေရာဂါေတြကို ကာကြယ္ေပးႏုိင္စြမ္း ရွိပါ တယ္။ ဓာတ္တုိးဆန္႔က်င္ဂုဏ္သတၱိေၾကာင့္ ကင္ဆာေရာဂါျဖစ္ပြားတာ၊ ခႏၶာကိုယ္တြင္း ဆဲလ္ေတြပ်က္စီး တာ၊ ႏွလုံးေသြးေၾကာဆုိင္ရာ ေရာဂါျဖစ္ပြားတာေတြကို ကာ ကြယ္ႏုိင္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ ေသြးတုိးေရာဂါေတြ၊ ေရာင္ရမ္းတာေတြ ေလ်ာ့ပါးသက္သာ ေစပါတယ္။

နာနတ္သီးမွာပါတဲ့ ဗီတာ မင္ေအက အျမင္အာ႐ုံအတြက္ အက်ဳိးျပဳတဲ့အျပင္ အ႐ုိးက်န္းမာ ေရးအတြက္ပါ ေကာင္းေစၿပီး အ႐ုိးပြတာကိုလည္း ကာကြယ္ ေပးႏုိင္တယ္လုိ႔ ဆုိပါတယ္။

ၾကည္လင္တဲ့ အသားအေရ ပိုင္ဆုိင္ခ်င္တယ္ဆိုရင္ေတာ့ နာနတ္သီးက အေကာင္းဆုံးကူ ညီေပးႏုိင္မွာျဖစ္ၿပီး ပ်က္စီးေနတဲ့ အေရျပားဆဲလ္ေတြ၊ တစ္ရွဴးေတြ ကို ျပန္လည္ျပဳျပင္ေပးၿပီး အသား အေရာင္ျဖဴ၀င္းေစႏုိင္ကာ အ ရြယ္မတုိင္မီ အိုမင္းရင့္ေရာ္တာ ကိုလည္း ကာကြယ္ေပးႏုိင္ပါ တယ္။ ဒါ့အျပင္ သြားေတြခုိင္မာ ေစၿပီး ခံတြင္းက်န္းမာေရးအတြက္ လည္း ေကာင္းမြန္ေစတယ္လို႔ ဆုိပါတယ္။ အခုဆို နာနတ္သီး ေပၚခ်ိန္လည္း ျဖစ္တာေၾကာင့္ ေကာင္းက်ဳိးေတြ တစ္ပုံႀကီးရွိတဲ့ နာနတ္သီးကို မေမ့မေလ်ာ့စား ရင္း က်န္းမာေသာ ဘ၀ကိုျဖတ္ သန္းၾကရေအာင္ပါ။

Credit:7Day Daily
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဗီတာမင်အေ၊ စီ၊ အသားဓာတ်၊ အမျှင်ဓာတ်၊ မဂ္ဂနိစ်နဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ   စတာတွေ ကြွယ်ဝတဲ့ နာနတ်သီးက ကိုယ် အလေးချိန် လျှော့ချလိုသူတွေအ တွက် မိတ်ဆွေကောင်းပါပဲ။

နာနတ်သီးက အစာချေဖျက် အားကောင်းဖို့ ထောက်ကူပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း အကျိုးပြုကာ   ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်တဲ့ သဘာ၀ ဝမ်းနုတ်ဆေး တစ်လက်ဖြစ်တဲ့အ ပြင် သန်ကောင်ရောဂါတွေကို လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ  ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေကို သေစေနိုင်စွမ်းရှိပြီး အအေးမိ၊ တုပ်ကွေး၊ နားရောဂါတွေနဲ့ တခြားကူးစက် ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါ တယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ကင်ဆာရောဂါဖြစ်ပွားတာ၊ ခန္ဓာကိုယ်တွင်း ဆဲလ်တွေပျက်စီး တာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားတာတွေကို ကာ ကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါတွေ၊ ရောင်ရမ်းတာတွေ လျော့ပါးသက်သာ စေပါတယ်။

နာနတ်သီးမှာပါတဲ့ ဗီတာ မင်အေက အမြင်အာရုံအတွက် အကျိုးပြုတဲ့အပြင် အရိုးကျန်းမာ ရေးအတွက်ပါ ကောင်းစေပြီး အရိုးပွတာကိုလည်း ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နာနတ်သီးက အကောင်းဆုံးကူ ညီပေးနိုင်မှာဖြစ်ပြီး ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေ၊ တစ်ရှူးတွေ ကို ပြန်လည်ပြုပြင်ပေးပြီး အသား အရောင်ဖြူဝင်းစေနိုင်ကာ အ ရွယ်မတိုင်မီ အိုမင်းရင့်ရော်တာ ကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။ ဒါ့အပြင် သွားတွေခိုင်မာ စေပြီး ခံတွင်းကျန်းမာရေးအတွက် လည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ အခုဆို နာနတ်သီး ပေါ်ချိန်လည်း ဖြစ်တာကြောင့် ကောင်းကျိုးတွေ တစ်ပုံကြီးရှိတဲ့ နာနတ်သီးကို မမေ့မလျော့စား ရင်း ကျန်းမာသော ဘဝကိုဖြတ် သန်းကြရအောင်ပါ။

Credit:7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top