iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ဦးသူနဲ႔ ေကြကြင္းရၿပီး ေနာက္ထပ္အခ်စ္သစ္နဲ႔ၾကံဳေတြ႕ရတဲ့အခါမွာ ပိုေပ်ာ္ဖို႔ေကာင္းတယ္လို႔ ေျပာေလ့ရွိပါတယ္။ ဒါဟာ တကယ္ေရာ မွန္ကန္ရဲ႕လား? အေၾကာင္းရင္းကေတာ့ ပထမအခ်စ္မွာ ထိခိုက္နာက်င္စရာေတြ ၾကံဳေတြ႕ခဲ့ရလို႔ ဒါမွမဟုတ္ အခ်စ္နဲ႔ပတ္သက္ၿပီး စာပိုတတ္သြားလို႔ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒုတိယအခ်စ္က အခ်စ္ဦးထက္ သာလြန္ေကာင္းမြန္ရတဲ့ အေၾကာင္းရင္း (၁၀)ခု ကို ေဖာ္ျပလိုပါတယ္။

၁။ မိမိတန္ဖိုးကို သိရွိလာလို႔ပါ။
ဒုတိယအခ်စ္နဲ႔ ေတြ႕ဆံုၾကခ်ိန္မွာ အမ်ားစုက ေလာကႀကီးအေၾကာင္းကို သိရွိနားလည္လာၾကၿပီး ကိုယ့္တန္ဖိုးကို ကိုယ္တိုင္ျမွင့္တင္ထားတတ္ၾကၿပီျဖစ္ပါတယ္။ ကိုယ့္အရည္အခ်င္း၊ ကိုယ့္တန္ဖိုးကို ေသခ်ာသိလာၿပီျဖစ္တဲ့အတြက္ ပိုမိုထိုက္တန္တဲ့သူမ်ိဳးနဲ႔ နဖူးစာဆံုတတ္ၾကရပါတယ္။

၂။ ကတိသစၥာတရားကို ပိုတန္ဖိုးထားတတ္လာလို႔ပါ။
ဒီအခ်က္က တည္ၿငိမ္ရင့္က်က္လာတာနဲ႔လည္း ဆိုင္ပါတယ္။ ပထမအခ်စ္ဦးနဲ႔ဆက္ဆံေရးမွာဆိုရင္ ႏွစ္ဦးစလံုးက ခ်စ္သူႏွစ္ဦးၾကားက ကတိသစၥားတရားကို အျပည့္အ၀နားလည္ႏိုင္ဦးမွာ မဟုတ္ပါဘူး။ ခ်စ္သူႏွစ္ဦးၾကားက ကတိသစၥာဆိုတာက လိုအပ္တဲ့အခ်ိန္မွာရွိေနေပးတာ၊ ခ်ိန္းတဲ့ေန႔မွာ ေရာက္လာေပးတာေတြအျပင္ ႏွစ္ဦးသားအနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္တာ၊ ရည္မွန္းခ်က္ေတြထားရွိ ေလွ်ာက္လွမ္းတာေတြကိုပါ ဆိုလိုတာျဖစ္ပါတယ္။

၃။ ႐ုိးသားမႈက အေရးႀကီးတာကို သိလာလို႔ပါ။
ပထမအႀကိမ္မွာ သင့္ခ်စ္သူရဲ႕ အခ်ိဳ႕ေသာလ်ိဳ႕၀ွက္ထိန္ခ်န္မႈေတြကို သင္ခြင့္ျပဳထားမိမွာပါ။ တကယ္ေတာ့ ဒီလို႔ ႐ုိးသားပြင့္လင္းမႈမရွိတာက ဘယ္ေလာက္ထိအႏၱရာယ္မ်ားၿပီး စိတ္ဆင္းရဲစရာေကာင္းလဲဆိုတာကို တျဖည္းျဖည္း သိရွိလာပါလိမ့္မယ္။ ဒါ့ေၾကာင့္ အခ်စ္သစ္နဲ႔ ဆံုရခ်ိန္မွာေတာ့ လွည့္စားတတ္တဲ့သူမ်ိဳးကို လက္မတြဲမိေစဖို႔ အေစာႀကီးကတည္းက ဆံုးျဖတ္ထားၿပီးသား ျဖစ္ေနတတ္ပါတယ္။

၄။ ဆက္သြယ္ေျပာဆိုမႈရဲဲ႕အေရးပါမႈကို သိလာလို႔ပါ။
ခ်စ္သူရည္းစားဆက္ဆံေရးတစ္ခုမွာ တစ္ဦးနဲ႔တစ္ဦး ပံုမွန္ေျပာဆိုဆက္သြယ္မႈရွိေနဖို႔က ေရွာင္လႊဲလို႔ မရႏိုင္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ အမ်ားစုကေတာ့ ပထမအခ်စ္မွာ ဒီအခ်က္ကို သတိမထားမိတတ္ၾကပါဘူး။ ဒီလိုေျပာလို႔ အခ်ိန္တိုင္းနီးပါး လူခ်င္းေတြ႔ ဒါမွမဟုတ္ ဖုန္းဆက္ၿပီး ၾကဴေနဖို႔ကို ဆိုလိုတာမဟုတ္ပါဘူး။ ႏွစ္ဦးသားအၾကားမွာ အေလးအနက္စကားေတြ ေျပာဆိုတိုင္ပင္တာမ်ိဳးက ပိုၿပီးစိတ္ခ်င္းနီးစပ္ေနေစႏိုင္မွာ ျဖစ္ပါတယ္။

၅။ အိပ္ရာအတြင္းစြမ္းေဆာင္ရည္ ပိုေကာင္းလာလို႔ပါ။
သိပၸံနည္းက် ေျပာျပခ်င္ပါတယ္။ ေလ့လာမႈေတြအရ အမ်ိဳးသမီးေတြဟာ အရြယ္ေရာက္လာေလ၊ လိင္မႈကိစၥခံစားႏိုင္စြမ္းမ်ားလာေလျဖစ္ၿပီး အမ်ိဳးသားေတြမွာဆိုရင္ေတာ့ အိပ္ရာထဲမွာ တစ္ကိုယ္ေကာင္းဆန္စိတ္ နည္းသြားတတ္တယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္နဲ႔ အေတြ႕အၾကံဳအရ အတူအိပ္တဲ့အခ်ိန္မွာ ႏွစ္ဦးစလံုးအတြက္ ပိုေကာင္းတဲ့အေတြ႕အၾကံဳေတြရႏိုင္ပါတယ္။

၆။ သင္ပိုၿပီး လက္ေတြ႕ဆန္လာလို႔ပါ။
အခ်စ္ဦးနဲ႔ဆက္ဆံေရးမွာ မုန္တိုင္းထန္ခဲ့ၿပီး ဆံုး႐ႈံးမႈေတြၾကံဳေတြ႕ရၿပီးတဲ့ေနာက္မွာ သင့္အေနနဲ႔ ပိုၿပီး လက္ေတြ႕ဆန္လာတတ္သလို ခ်စ္မႈေရးရာကိစၥတစ္ခုအေပၚလႊမ္းမိုးမႈရွိတဲ့ စံႏႈန္းေတြနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို ပိုမိသိရွိအကၽြမ္း၀င္လာမွာျဖစ္ပါတယ္။

၇။ ခံစားမႈေတြကို ထိန္းတတ္လာလို႔ပါ။
ပထမခ်စ္ဦးသူနဲ႔အၾကားမွာ စိတ္႐ႈပ္စရာေတြ၊ ေခါင္းကိုက္စရာကိစၥေတြနဲ႔ အမ်ားႀကီးၾကံဳခဲ့ရဖူးမွာပါ။ ဒီအေတြ႕အၾကံဳေတြအားလံုးက ကၽြန္ေတာ္တို႔ရဲ႕ ခံစားမႈေတြကို ပိုၿပီးရင့္က်က္လာေစၿပီး အလြန္အကၽြံ မခံစားတတ္ေအာင္ ထိန္းႏိုင္လာေစပါတယ္။ ဒါ့ေၾကာင့္ အခ်စ္သစ္နဲ႔ ဆံုဆည္းရခ်ိန္မွာ တခ်ိဳ႕ကိစၥေတြကို ေျပာင္းလဲဖို႔ ထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာကို သေဘာေပါက္ၿပီးသားျဖစ္မွာပါ။ ဥပမာအားျဖင့္ သင့္ခ်စ္သူရဲ႕ ေနာက္ေၾကာင္းနဲ႔ပတ္သက္ၿပီး တစ္စံုတစ္ရာသိလာခဲ့ရင္ေတာင္ အရမ္းအေရးမႀကီးရင္ ထုတ္ေမးျဖစ္မွာ မဟုတ္ပါဘူး။ ေမးျဖစ္ရင္လည္း ေျဖရွင္းခ်က္ကို လက္ခံႏိုင္လာမွာျဖစ္ပါတယ္။
၈။ အေသးအမႊားကိစၥေတြကို နားလည္တတ္လာလို႔ပါ။
မ်ားေသာအားျဖင့္ ပထမအခ်စ္မွာ အရမ္းကို သဲသဲလႈပ္ျဖစ္ေနတတ္ၾကၿပီး ဘာမဟုတ္တဲ့ ကိစၥေလးေတြအတြက္နဲ႔ အျငင္းပြားၾကရတတ္ပါတယ္။ တကယ္တမ္းေတာ့ ဒီကိစၥေလးေတြမွာ နားလည္အေလွ်ာ့ေပးလိုက္တတ္ဖို႔က ပိုအေရးႀကီးပါတယ္။

၉။ ပိုၿပီး ရင့္က်က္တည္ၿငိမ္လာလို႔ပါ။
သင္အ႐ူးအမူးျဖစ္ခဲ့ရတဲ့ အခ်စ္ဦးက အထက္တန္းေက်ာင္းသားဘ၀က ျဖစ္ႏိုင္ၿပီး အခ်စ္သစ္ကေတာ့ ဒီထက္ပိုမိုတည္ၿငိမ္ရင့္က်က္တဲ့ အရြယ္မွာေတြ႕ၾကံဳရတာေၾကာင့္ျဖစ္ပါတယ္။ ဒီလို ရင့္က်က္တည္ၿငိမ္လာရတာက အသက္အရြယ္ႀကီးလာတာတစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ပထမအႀကိမ္မွာ သင္မလိုခ်င္တဲ့အရာေတြ ျဖစ္ပ်က္ၾကံဳေတြ႕ခဲ့ရၿပီးတဲ့ေနာက္မွာ ဘာျဖစ္ခ်စ္တာလဲ ဆိုတာကို ရွင္းရွင္းလင္းလင္းသိသြားတာေၾကာင့္လည္း ပါ၀င္ပါတယ္။

၁၀။ အမွားကေတြကို သင္ခန္းစာယူတတ္သြားလို႔ပါ။
ဟုတ္ပါတယ္။ အမွားေတြက နာက်ဥ္စရာေကာင္းၿပီး စိတ္ပ်က္စရာျဖစ္ေပမယ့္ သင့္ကိုရင့္က်က္သြားေအာင္ သင္ၾကားျပသေပးႏိုင္ပါတယ္။ ဥပမာအားျဖင့္ေျပာရမယ္ဆိုရင္ အခ်စ္ဦးနဲ႔တုန္းက သူမအေပၚကို စိုးရိမ္တႀကီး စြဲလမ္းျငိတြယ္မိခဲ့ေပမယ့္ အခ်စ္သစ္နဲ႔ေတြ႕ဆံုခ်ိန္မွာေတာ့ ဘယ္ေလာက္အတိုင္းအတာထိ စိတ္ထဲထားရမလဲ ဆိုတာကို နားလည္ထားၿပီးသားျဖစ္မွာပါ။ သင့္ရဲ႕အမွားေတြက ပိုမိုေကာင္းမြန္တဲ့ အခ်စ္တစ္ခုတည္ေဆာက္ႏိုင္ဖို႔ လမ္းေၾကာင္းျပေပးသြားႏိုင္ပါတယ္။



Credit:Gentleman Magazine


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 Unicode Version

ချစ်ဦးသူနဲ့ ကွေကွင်းရပြီး နောက်ထပ်အချစ်သစ်နဲ့ကြုံတွေ့ရတဲ့အခါမှာ ပိုပျော်ဖို့ကောင်းတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါဟာ တကယ်ရော မှန်ကန်ရဲ့လား? အကြောင်းရင်းကတော့ ပထမအချစ်မှာ ထိခိုက်နာကျင်စရာတွေ ကြုံတွေ့ခဲ့ရလို့ ဒါမှမဟုတ် အချစ်နဲ့ပတ်သက်ပြီး စာပိုတတ်သွားလို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒုတိယအချစ်က အချစ်ဦးထက် သာလွန်ကောင်းမွန်ရတဲ့ အကြောင်းရင်း (၁၀)ခု ကို ဖော်ပြလိုပါတယ်။

၁။ မိမိတန်ဖိုးကို သိရှိလာလို့ပါ။
ဒုတိယအချစ်နဲ့ တွေ့ဆုံကြချိန်မှာ အများစုက လောကကြီးအကြောင်းကို သိရှိနားလည်လာကြပြီး ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်ထားတတ်ကြပြီဖြစ်ပါတယ်။ ကိုယ့်အရည်အချင်း၊ ကိုယ့်တန်ဖိုးကို သေချာသိလာပြီဖြစ်တဲ့အတွက် ပိုမိုထိုက်တန်တဲ့သူမျိုးနဲ့ နဖူးစာဆုံတတ်ကြရပါတယ်။

၂။ ကတိသစ္စာတရားကို ပိုတန်ဖိုးထားတတ်လာလို့ပါ။
ဒီအချက်က တည်ငြိမ်ရင့်ကျက်လာတာနဲ့လည်း ဆိုင်ပါတယ်။ ပထမအချစ်ဦးနဲ့ဆက်ဆံရေးမှာဆိုရင် နှစ်ဦးစလုံးက ချစ်သူနှစ်ဦးကြားက ကတိသစ္စားတရားကို အပြည့်အဝနားလည်နိုင်ဦးမှာ မဟုတ်ပါဘူး။ ချစ်သူနှစ်ဦးကြားက ကတိသစ္စာဆိုတာက လိုအပ်တဲ့အချိန်မှာရှိနေပေးတာ၊ ချိန်းတဲ့နေ့မှာ ရောက်လာပေးတာတွေအပြင် နှစ်ဦးသားအနာဂတ်အတွက် ကြိုတင်ပြင်ဆင်တာ၊ ရည်မှန်းချက်တွေထားရှိ လျှောက်လှမ်းတာတွေကိုပါ ဆိုလိုတာဖြစ်ပါတယ်။

၃။ ရိုးသားမှုက အရေးကြီးတာကို သိလာလို့ပါ။
ပထမအကြိမ်မှာ သင့်ချစ်သူရဲ့ အချို့သောလျို့ဝှက်ထိန်ချန်မှုတွေကို သင်ခွင့်ပြုထားမိမှာပါ။ တကယ်တော့ ဒီလို့ ရိုးသားပွင့်လင်းမှုမရှိတာက ဘယ်လောက်ထိအန္တရာယ်များပြီး စိတ်ဆင်းရဲစရာကောင်းလဲဆိုတာကို တဖြည်းဖြည်း သိရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် အချစ်သစ်နဲ့ ဆုံရချိန်မှာတော့ လှည့်စားတတ်တဲ့သူမျိုးကို လက်မတွဲမိစေဖို့ အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်နေတတ်ပါတယ်။

၄။ ဆက်သွယ်ပြောဆိုမှုရဲ့အရေးပါမှုကို သိလာလို့ပါ။
ချစ်သူရည်းစားဆက်ဆံရေးတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ပုံမှန်ပြောဆိုဆက်သွယ်မှုရှိနေဖို့က ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အများစုကတော့ ပထမအချစ်မှာ ဒီအချက်ကို သတိမထားမိတတ်ကြပါဘူး။ ဒီလိုပြောလို့ အချိန်တိုင်းနီးပါး လူချင်းတွေ့ ဒါမှမဟုတ် ဖုန်းဆက်ပြီး ကြူနေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ နှစ်ဦးသားအကြားမှာ အလေးအနက်စကားတွေ ပြောဆိုတိုင်ပင်တာမျိုးက ပိုပြီးစိတ်ချင်းနီးစပ်နေစေနိုင်မှာ ဖြစ်ပါတယ်။

၅။ အိပ်ရာအတွင်းစွမ်းဆောင်ရည် ပိုကောင်းလာလို့ပါ။
သိပ္ပံနည်းကျ ပြောပြချင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ အရွယ်ရောက်လာလေ၊ လိင်မှုကိစ္စခံစားနိုင်စွမ်းများလာလေဖြစ်ပြီး အမျိုးသားတွေမှာဆိုရင်တော့ အိပ်ရာထဲမှာ တစ်ကိုယ်ကောင်းဆန်စိတ် နည်းသွားတတ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အချိန်နဲ့ အတွေ့အကြုံအရ အတူအိပ်တဲ့အချိန်မှာ နှစ်ဦးစလုံးအတွက် ပိုကောင်းတဲ့အတွေ့အကြုံတွေရနိုင်ပါတယ်။

၆။ သင်ပိုပြီး လက်တွေ့ဆန်လာလို့ပါ။
အချစ်ဦးနဲ့ဆက်ဆံရေးမှာ မုန်တိုင်းထန်ခဲ့ပြီး ဆုံးရှုံးမှုတွေကြုံတွေ့ရပြီးတဲ့နောက်မှာ သင့်အနေနဲ့ ပိုပြီး လက်တွေ့ဆန်လာတတ်သလို ချစ်မှုရေးရာကိစ္စတစ်ခုအပေါ်လွှမ်းမိုးမှုရှိတဲ့ စံနှုန်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုမိသိရှိအကျွမ်းဝင်လာမှာဖြစ်ပါတယ်။

၇။ ခံစားမှုတွေကို ထိန်းတတ်လာလို့ပါ။
ပထမချစ်ဦးသူနဲ့အကြားမှာ စိတ်ရှုပ်စရာတွေ၊ ခေါင်းကိုက်စရာကိစ္စတွေနဲ့ အများကြီးကြုံခဲ့ရဖူးမှာပါ။ ဒီအတွေ့အကြုံတွေအားလုံးက ကျွန်တော်တို့ရဲ့ ခံစားမှုတွေကို ပိုပြီးရင့်ကျက်လာစေပြီး အလွန်အကျွံ မခံစားတတ်အောင် ထိန်းနိုင်လာစေပါတယ်။ ဒါ့ကြောင့် အချစ်သစ်နဲ့ ဆုံဆည်းရချိန်မှာ တချို့ကိစ္စတွေကို ပြောင်းလဲဖို့ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သဘောပေါက်ပြီးသားဖြစ်မှာပါ။ ဥပမာအားဖြင့် သင့်ချစ်သူရဲ့ နောက်ကြောင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသိလာခဲ့ရင်တောင် အရမ်းအရေးမကြီးရင် ထုတ်မေးဖြစ်မှာ မဟုတ်ပါဘူး။ မေးဖြစ်ရင်လည်း ဖြေရှင်းချက်ကို လက်ခံနိုင်လာမှာဖြစ်ပါတယ်။
၈။ အသေးအမွှားကိစ္စတွေကို နားလည်တတ်လာလို့ပါ။
များသောအားဖြင့် ပထမအချစ်မှာ အရမ်းကို သဲသဲလှုပ်ဖြစ်နေတတ်ကြပြီး ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့ အငြင်းပွားကြရတတ်ပါတယ်။ တကယ်တမ်းတော့ ဒီကိစ္စလေးတွေမှာ နားလည်အလျှော့ပေးလိုက်တတ်ဖို့က ပိုအရေးကြီးပါတယ်။

၉။ ပိုပြီး ရင့်ကျက်တည်ငြိမ်လာလို့ပါ။
သင်အရူးအမူးဖြစ်ခဲ့ရတဲ့ အချစ်ဦးက အထက်တန်းကျောင်းသားဘဝက ဖြစ်နိုင်ပြီး အချစ်သစ်ကတော့ ဒီထက်ပိုမိုတည်ငြိမ်ရင့်ကျက်တဲ့ အရွယ်မှာတွေ့ကြုံရတာကြောင့်ဖြစ်ပါတယ်။ ဒီလို ရင့်ကျက်တည်ငြိမ်လာရတာက အသက်အရွယ်ကြီးလာတာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ပထမအကြိမ်မှာ သင်မလိုချင်တဲ့အရာတွေ ဖြစ်ပျက်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ ဘာဖြစ်ချစ်တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားတာကြောင့်လည်း ပါဝင်ပါတယ်။

၁၀။ အမှားကတွေကို သင်ခန်းစာယူတတ်သွားလို့ပါ။
ဟုတ်ပါတယ်။ အမှားတွေက နာကျဉ်စရာကောင်းပြီး စိတ်ပျက်စရာဖြစ်ပေမယ့် သင့်ကိုရင့်ကျက်သွားအောင် သင်ကြားပြသပေးနိုင်ပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် အချစ်ဦးနဲ့တုန်းက သူမအပေါ်ကို စိုးရိမ်တကြီး စွဲလမ်းငြိတွယ်မိခဲ့ပေမယ့် အချစ်သစ်နဲ့တွေ့ဆုံချိန်မှာတော့ ဘယ်လောက်အတိုင်းအတာထိ စိတ်ထဲထားရမလဲ ဆိုတာကို နားလည်ထားပြီးသားဖြစ်မှာပါ။ သင့်ရဲ့အမှားတွေက ပိုမိုကောင်းမွန်တဲ့ အချစ်တစ်ခုတည်ဆောက်နိုင်ဖို့ လမ်းကြောင်းပြပေးသွားနိုင်ပါတယ်။



Credit:Gentleman Magazine

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top