iMyanmarHouse.com - Best Property Website for Myanmar
×
Credit:7Day Daily
#Unicode Version
 အထက်မြန်မာပြည် ဗီဒီ ယိုအခြေခံအဖွဲ့ ရန်ပုံငွေရှာဖွေ မှုအဖြစ် ပြုလုပ်မည့် အနုပညာရှင် များ ပါဝင်ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲတွင် ပါဝင်ရန် အစီ အစဉ်ရှိကြောင်း ပိုင်ဖြိုးသုက ပြောသည်။
‘‘အန်ကယ်လေး (လူမင်း) တို့၊ ကိုပြေတီလည်းပါမယ်ပြော တယ်။ ကိုထွန်းထွန်းတို့၊ ကိုမင်း မော်ကွန်း၊ ကိုမိုးယံဇွန်တို့လည်း ပါမယ်လို့ ပြောတယ်။ မိန်းကလေးထဲကဆို မအေးမြတ်သူတို့၊ ခင် ဝင့်ဝါတို့ပါမယ်။ ညီမတို့ပျိုးခင်း (၂)က သုံးယောက်စလုံးပါမယ်။ ညီမရော၊ ရွှေသမီးရော၊ ရတနာ ဗိုရော ပါတယ်။ ကျန်တဲ့လူတွေ လည်း ရှိသေးတယ်။ ညီမသေချာ မသိလို့’’ဟု အဆိုပါရန်ပုံငွေဘော လုံးပွဲအကြောင်း ၎င်းက ပြော သည်။
ဘောလုံးအားကစားနှင့် ပတ်သက်၍ အတွေ့အကြုံမရှိ သော်လည်း ပရိသတ်များအတွက် ဖျော်ဖြေရေးအဖြစ်  ပါဝင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘အနုပညာမောင်နှမအချင်း ချင်းပဲ အဖြူရောင်နဲ့ အနီရောင် အရောင်ခွဲပြီး ကန်ဖြစ်မယ်ထင် တယ်။ မိန်းကလေးနဲ့ ယောကျ်ား လေးတွဲပေးထားမှာ။ ဘာဖြစ်လို့ လဲဆိုတော့ မိန်းကလေးတွေက ညီမလိုပဲ ဘောလုံးကိုခြေထောက် နဲ့ မထိဖူးတဲ့လူတွေများတယ်။ တကယ်ကန်တတ်တဲ့ ယောကျ်ား လေးတွေနဲ့ခွဲပြီး နှစ်သင်းပေါ့’’ဟု ပိုင်ဖြိုးသုက ပြောသည်။
အဆိုပါ ဘောလုံးပွဲကို အ ထက်မြန်မာပြည် ဗီဒီယိုအခြေခံ အဖွဲ့ ရန်ပုံငွေပွဲရှာဖွေမှုအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဩဂုတ် ၇ ရက်တွင်မန္တလေးမြို့ ဗထူးကွင်း၌ ကစား မည်ဖြစ်သည်။
Credit:7Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top