iMyanmarHouse.com - Best Property Website for Myanmar
×

လုပ္ငန္းခြင္တြင္ႏိုးၾကားေနေစရန္ႏွင့္ ပင္ပန္းမႈမ်ားေျပေပ်ာက္ေစရန္ဟူေသာ အေၾကာင္းျပခ်က္မ်ားျဖင့္ ေန႔စဥ္ေကာ္ဖီေသာက္သံုးေနသူ၊ ေကာ္ဖီစြဲေနသူမ်ားလည္း မနည္းလွေပ။ သို႔ရာတြင္ ေကာ္ဖီေသာက္ျခင္း၏ ဆိုးက်ိဳးမ်ားအေနျဖင့္ အိပ္စက္မႈပံုစံမမွန္ျခင္း၊ သြားအေရာင္ေျပာင္းျခင္းတို႔ျဖစ္ေပၚေစႏိုင္သည္။ ထို႔ေၾကာင့္ ေကာ္ဖီကို မနက္ပိုင္းတစ္ခြက္ေသာက္ၿပီးသည္ႏွင့္ က်န္အခ်ိန္မ်ားတြင္ ထပ္မံမေသာက္သံုးဘဲ ေကာ္ဖီေသာက္မည့္အစား လက္ဖက္ရည္ၾကမ္း ေသာက္ျခင္းျဖင့္ ေအာက္ပါအက်ိဳးေက်းဇူး (10) ခ်က္ကို ရရွိေစႏိုင္သည္ဟု သိရသည္။

1. လက္ဖက္ရည္ၾကမ္းေသာက္ျခင္းျဖင့္ ခႏၶာကိုယ္တြင္းအရည္ဓာတ္ကိုျဖည့္တင္းေပးႏိုင္ၿပီး ရာသီဥတုပူျပင္းခ်ိန္တြင္ ေခၽြးထြက္လြန္ျခင္းေၾကာင့္ အရည္ဓာတ္ဆံုး႐ႈံးသြားမွဳကို ျပန္လည္ျဖည့္ဆည္းေပးႏိုင္ပါသည္။

2. သုေတသနျပဳခ်က္အရ လက္ဖက္ရည္ၾကမ္းသည္ အခ်ိဳ႕ေသာကင္ဆာက်ိတ္မ်ားျဖစ္ေပၚမွဳကို ကာကြယ္ႏိုင္ေၾကာင္းေတြ႔ရွိရၿပီး လက္ဖက္ရည္ၾကမ္းတြင္ ကင္ဆာဆဲလ္ျဖစ္ေပၚမႈကို တားဆီးေပးႏိုင္ေသာဓာတ္ပစၥည္းမ်ားႏွင့္ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား (antioxidants) ပိုမိုပါဝင္သည္။

3. ေကာ္ဖီေသာက္သံုးျခင္းသည္ စိတ္ဓာတ္က်ဆင္းျခင္းကို ျဖစ္ေပၚတတ္ေသာ္လည္း လက္ဖက္ရည္ၾကမ္း မွာမူ ခႏၶာကိုယ္ႏွင့္ ဦးေႏွာက္ကို လန္းဆန္းတည္ၿငိမ္ေစပါသည္။

4.    လက္ဖက္ေျခာက္ထုပ္ႏွင့္ ေရေႏြးဆူဆူရွိရံုျဖင့္ လက္ဖက္ရည္တစ္ခြက္ကို ကရိကထမမ်ားဘဲ လြယ္ကူသက္သာ႐ိုးရွင္းစြာျဖင့္ ျပဳလုပ္ႏိုင္ပါသည္။

5. လက္ဖက္ရည္ၾကမ္းတြင္ ေကာ္ဖီထက္ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား (antioxidants) ပိုမိုပါဝင္သည့္အတြက္ လူကိုတစ္ေနကုန္လန္းဆန္းေနေစမည္ျဖစ္သည္။

6.    လက္ဖက္ရည္ၾကမ္းေသာက္သံုးျခင္းျဖင့္ ခႏၶာကိုယ္ဇီဝျဖစ္စဥ္မ်ားကို လႈံ႔ေဆာ္ေပးသည့္အတြက္ ကိုယ္အေလးခ်ိန္ကိုလည္း ေလ်ာ့က်ေစသည္။

7.    လက္ဖက္ရည္ၾကမ္းမွာ ေကာ္ဖီကဲ့သို႔ သြားဝါျခင္းကိုမျဖစ္ေပၚေစဘဲ သြားေႂကြလႊာမ်ားကိုလည္းမပ်က္စီးေစပါ။

8.    ၾသစႀတီးယားတြင္ သုေတသနျပဳေလ့လာခ်က္အရလည္း လက္ဖက္ရည္ၾကမ္း ပံုမွန္ေသာက္သံုးျခင္းျဖင့္ အ႐ိုးးမ်ားပိုမိုသန္စြမ္းေစၿပီး အ႐ိုးပြေရာဂါကိုလည္း ကာကြယ္ေပးေၾကာင္းေတြ႔ရွိရသည္။

9.    လက္ဖက္ရည္ၾကမ္းသည္ စိတ္ဓာတ္က်ဆင္းျခင္းကို ကာကြယ္ေပးေၾကာင္း သိပၸံနည္းက်သက္ေသျပၿပီးျဖစ္သည္။

10.   လက္ဖက္ရည္ၾကမ္းေသာက္ျခင္းျဖင့္ ေရာဂါကာကြယ္ႏိုင္စြမ္းအားကိုလည္း ျမႇင့္တင္ေပးႏိုင္ပါသည္။

Credit: DrMyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လုပ်ငန်းခွင်တွင်နိုးကြားနေစေရန်နှင့် ပင်ပန်းမှုများပြေပျောက်စေရန်ဟူသော အကြောင်းပြချက်များဖြင့် နေ့စဉ်ကော်ဖီသောက်သုံးနေသူ၊ ကော်ဖီစွဲနေသူများလည်း မနည်းလှပေ။ သို့ရာတွင် ကော်ဖီသောက်ခြင်း၏ ဆိုးကျိုးများအနေဖြင့် အိပ်စက်မှုပုံစံမမှန်ခြင်း၊ သွားအရောင်ပြောင်းခြင်းတို့ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ကော်ဖီကို မနက်ပိုင်းတစ်ခွက်သောက်ပြီးသည်နှင့် ကျန်အချိန်များတွင် ထပ်မံမသောက်သုံးဘဲ ကော်ဖီသောက်မည့်အစား လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူး (10) ချက်ကို ရရှိစေနိုင်သည်ဟု သိရသည်။

1. လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းအရည်ဓာတ်ကိုဖြည့်တင်းပေးနိုင်ပြီး ရာသီဥတုပူပြင်းချိန်တွင် ချွေးထွက်လွန်ခြင်းကြောင့် အရည်ဓာတ်ဆုံးရှုံးသွားမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။

2. သုတေသနပြုချက်အရ လက်ဖက်ရည်ကြမ်းသည် အချို့သောကင်ဆာကျိတ်များဖြစ်ပေါ်မှုကို ကာကွယ်နိုင်ကြောင်းတွေ့ရှိရပြီး လက်ဖက်ရည်ကြမ်းတွင် ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သောဓာတ်ပစ္စည်းများနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (antioxidants) ပိုမိုပါဝင်သည်။

3. ကော်ဖီသောက်သုံးခြင်းသည် စိတ်ဓာတ်ကျဆင်းခြင်းကို ဖြစ်ပေါ်တတ်သော်လည်း လက်ဖက်ရည်ကြမ်း မှာမူ ခန္ဓာကိုယ်နှင့် ဦးနှောက်ကို လန်းဆန်းတည်ငြိမ်စေပါသည်။

4.    လက်ဖက်ခြောက်ထုပ်နှင့် ရေနွေးဆူဆူရှိရုံဖြင့် လက်ဖက်ရည်တစ်ခွက်ကို ကရိကထမများဘဲ လွယ်ကူသက်သာရိုးရှင်းစွာဖြင့် ပြုလုပ်နိုင်ပါသည်။

5. လက်ဖက်ရည်ကြမ်းတွင် ကော်ဖီထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (antioxidants) ပိုမိုပါဝင်သည့်အတွက် လူကိုတစ်နေကုန်လန်းဆန်းနေစေမည်ဖြစ်သည်။

6.    လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များကို လှုံ့ဆော်ပေးသည့်အတွက် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေသည်။

7.    လက်ဖက်ရည်ကြမ်းမှာ ကော်ဖီကဲ့သို့ သွားဝါခြင်းကိုမဖြစ်ပေါ်စေဘဲ သွားကြွေလွှာများကိုလည်းမပျက်စီးစေပါ။

8.    သြစတြီးယားတွင် သုတေသနပြုလေ့လာချက်အရလည်း လက်ဖက်ရည်ကြမ်း ပုံမှန်သောက်သုံးခြင်းဖြင့် အရိုးးများပိုမိုသန်စွမ်းစေပြီး အရိုးပွရောဂါကိုလည်း ကာကွယ်ပေးကြောင်းတွေ့ရှိရသည်။

9.    လက်ဖက်ရည်ကြမ်းသည် စိတ်ဓာတ်ကျဆင်းခြင်းကို ကာကွယ်ပေးကြောင်း သိပ္ပံနည်းကျသက်သေပြပြီးဖြစ်သည်။

10.   လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ရောဂါကာကွယ်နိုင်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။

Credit: DrMyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top