iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ကိုယ္ကပဲအရင္စရတယ္

ကိုယ္ကပဲအၿမဲတမ္း မက္ေဆ့အရင္ပို႔တာ သိပ္ေကာင္းတဲ့ကိစၥမဟုတ္ပါဘူး။ ခ်စ္သူေတြၾကားမွာ အျပန္အလွန္ဆုိတာ႐ွိပါတယ္။ ကိုယ္ကခ်ည္းအရင္စေနရရင္ တစ္ခုခုေတာ့လြဲေခ်ာ္ေနလို႔ပါပဲ။ မယံုရင္ တစ္ရက္ေလာက္ သူအရင္ မက္ေဆ့ပို႔တာကိုေစာင့္လိုက္ပါ။

၂။ ဓာတ္ပံုတြဲမ႐ိုက္ဘူး

ခ်စ္သူေတြၾကားမွာ အမွတ္တရေတြ အမ်ားႀကီးဖန္တီးတဲ့အထဲမွာ ဓာတ္ပံုအတူတြဲရိုက္တာလည္း ပါပါတယ္။ ပင္ကိုယ္တည္းက ဓာတ္ပံုရိုက္တာမႀကိဳက္သူရင္ေတာ့ တစ္မ်ိဳးေပါ့။ ဒီလိုမွမဟုတ္ဘဲ သူ႔ေဖ့စ္ဘြတ္န႔ဲ အင္စတာဂရမ္မွာ သူ႔ပံုေတြခ်ည္းတင္ထားၿပီး ကိုယ္နဲ႔တြဲ႐ိုက္တဲ့ပံု မတင္ဘူးဆုိရင္ေတာ့ စဥ္းစားသင့္ပါၿပီ။

၃။ လူမႈကြန္ရက္ေတြေပၚမွာ မသိသလိုေနတယ္

ႏွစ္ေယာက္သား ခ်စ္ေနၾကတာကို သူ႔ဘက္က လူသိမခံႏိုင္တာ အ႐ွင္းႀကီးပါ။ သူေရာကိုယ္ပါ ေဖ့စ္ဘြတ္သံုးေနသားနဲ႔ ေဖ့စ္ဘြတ္ေပၚမွာ အျပန္အလွန္ထိေတြ႔မႈမ႐ွိဘူးဆိုတာကေတာ့ သဘာဝမက်ပါဘူး။

၄။ ႐ုပ္ပိုင္းဆုိင္ရာ ထိေတြ႔မႈမ႐ွိဘူး

ျမင္တာနဲ႔ ခ်က္ျခင္းေျပးဖက္လိုက္ရတာမ်ိဳးကို မဆုိလိုေပမယ့္ လက္ခ်င္းတြဲထားတာေလာက္ေတာင္ ထိေတြ႔မႈမ႐ွိဘူးဆုိရင္လည္း ဒါဟာေနာက္ပိုင္းမွာ ျပႆနာတစ္ခုခု ျဖစ္လာႏိုင္ပါလိမ့္မယ္။

၅။ ပံုမွန္လုပ္ေနက် ေပ်ာ္စရာကိစၥေတြ ပ်က္ကြက္တာ

မနက္ခင္းတုိင္း ပံုမွန္ မက္ေဆ့ပို႔တာမ်ိဳး၊ ပိတ္ရက္တိုင္း တစ္ေနရာရာသြားတာမ်ိဳးကို လုပ္ေလ့လုပ္ထ႐ွိတယ္ဆုိ အၿမဲလုပ္သင့္ပါတယ္။ ပ်က္ကြက္မယ္ဆုိရင္လည္း ႀကိဳေျပာထားဖုိ႔လိုပါတယ္။ ဒီလိုမွမဟုတ္ဘဲ ႐ုတ္တရက္ႀကီး အျပင္အတူတူသြားတာေတြ မလုပ္ေတာ့ဘူးဆိုရင္လည္း သူ႔ဘက္က စိတ္မေကာင္းျဖစ္မွာ အေသအခ်ာပါပဲ။

၆။ အြန္လိုင္းေပၚကစံုေထာက္

အြန္လိုင္းေပၚမွာ တစ္ဖက္သားဘာလုပ္ေနတယ္ဆုိတာကို မ်က္စိေဒါက္ေထာက္လိုက္ၾကည့္ေနတာမ်ိဳးပါ။ ၾကည့္႐ံုနဲ႔မၿပီးဘဲ ေနာက္ဆက္တြဲ ေမးျမန္းတာေတြလုပ္မိရင္ေတာ့ တစ္ဖက္သားမွာစိတ္႐ႈပ္လာရပါလိမ့္မယ္။ ျမင္လည္း မျမင္သလိုေနသင့္တာေတြကို လႊတ္ထားေပးလိုက္ပါ။

၇။ ႀကိဳတင္မစီစဥ္တာ

ဘယ္ေနရာသြားမယ္၊ ဘာစားမယ္ဆုိတာမ်ိဳး ႀကိဳမေတြးထားဘဲနဲ႔ေတာ့ ေတြ႔ဖုိ႔ဆိုတာ ကသိကေအာင့္ျဖစ္ရပါတယ္။ ခ်စ္သူရည္းစားဆုိတာ ေျခဦးတည့္ရာေလွ်ာက္သြားဖုိ႔မဟုတ္ပါဘူး။ ႏွစ္ေယာက္အတူ တစ္ေနရာမွာထုိင္ၿပီး စကားေတြေျပာဖုိ႔ ခ်ိန္းထားတယ္ဆိုရင္ သူေရာကိုယ္ပါ ဘာလုပ္မယ္ဆုိတာ ႀကိဳတုိင္ပင္ထားသင့္ပါတယ္။ ေတြ႔ေတာ့မွ ဘယ္သြားမလဲ၊ ဘာလုပ္မလဲဆုိၿပီး ေမးေနတာမ်ိဳးက ၾကာလာရင္ စိတ္ကုန္သြားႏိုင္ပါတယ္။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ ကိုယ်ကပဲအရင်စရတယ်

ကိုယ်ကပဲအမြဲတမ်း မက်ဆေ့အရင်ပို့တာ သိပ်ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ချစ်သူတွေကြားမှာ အပြန်အလှန်ဆိုတာရှိပါတယ်။ ကိုယ်ကချည်းအရင်စနေရရင် တစ်ခုခုတော့လွဲချော်နေလို့ပါပဲ။ မယုံရင် တစ်ရက်လောက် သူအရင် မက်ဆေ့ပို့တာကိုစောင့်လိုက်ပါ။

၂။ ဓာတ်ပုံတွဲမရိုက်ဘူး

ချစ်သူတွေကြားမှာ အမှတ်တရတွေ အများကြီးဖန်တီးတဲ့အထဲမှာ ဓာတ်ပုံအတူတွဲရိုက်တာလည်း ပါပါတယ်။ ပင်ကိုယ်တည်းက ဓာတ်ပုံရိုက်တာမကြိုက်သူရင်တော့ တစ်မျိုးပေါ့။ ဒီလိုမှမဟုတ်ဘဲ သူ့ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်မှာ သူ့ပုံတွေချည်းတင်ထားပြီး ကိုယ်နဲ့တွဲရိုက်တဲ့ပုံ မတင်ဘူးဆိုရင်တော့ စဉ်းစားသင့်ပါပြီ။

၃။ လူမှုကွန်ရက်တွေပေါ်မှာ မသိသလိုနေတယ်

နှစ်ယောက်သား ချစ်နေကြတာကို သူ့ဘက်က လူသိမခံနိုင်တာ အရှင်းကြီးပါ။ သူရောကိုယ်ပါ ဖေ့စ်ဘွတ်သုံးနေသားနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အပြန်အလှန်ထိတွေ့မှုမရှိဘူးဆိုတာကတော့ သဘာဝမကျပါဘူး။

၄။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိဘူး

မြင်တာနဲ့ ချက်ခြင်းပြေးဖက်လိုက်ရတာမျိုးကို မဆိုလိုပေမယ့် လက်ချင်းတွဲထားတာလောက်တောင် ထိတွေ့မှုမရှိဘူးဆိုရင်လည်း ဒါဟာနောက်ပိုင်းမှာ ပြဿနာတစ်ခုခု ဖြစ်လာနိုင်ပါလိမ့်မယ်။

၅။ ပုံမှန်လုပ်နေကျ ပျော်စရာကိစ္စတွေ ပျက်ကွက်တာ

မနက်ခင်းတိုင်း ပုံမှန် မက်ဆေ့ပို့တာမျိုး၊ ပိတ်ရက်တိုင်း တစ်နေရာရာသွားတာမျိုးကို လုပ်လေ့လုပ်ထရှိတယ်ဆို အမြဲလုပ်သင့်ပါတယ်။ ပျက်ကွက်မယ်ဆိုရင်လည်း ကြိုပြောထားဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရုတ်တရက်ကြီး အပြင်အတူတူသွားတာတွေ မလုပ်တော့ဘူးဆိုရင်လည်း သူ့ဘက်က စိတ်မကောင်းဖြစ်မှာ အသေအချာပါပဲ။

၆။ အွန်လိုင်းပေါ်ကစုံထောက်

အွန်လိုင်းပေါ်မှာ တစ်ဖက်သားဘာလုပ်နေတယ်ဆိုတာကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေတာမျိုးပါ။ ကြည့်ရုံနဲ့မပြီးဘဲ နောက်ဆက်တွဲ မေးမြန်းတာတွေလုပ်မိရင်တော့ တစ်ဖက်သားမှာစိတ်ရှုပ်လာရပါလိမ့်မယ်။ မြင်လည်း မမြင်သလိုနေသင့်တာတွေကို လွှတ်ထားပေးလိုက်ပါ။

၇။ ကြိုတင်မစီစဉ်တာ

ဘယ်နေရာသွားမယ်၊ ဘာစားမယ်ဆိုတာမျိုး ကြိုမတွေးထားဘဲနဲ့တော့ တွေ့ဖို့ဆိုတာ ကသိကအောင့်ဖြစ်ရပါတယ်။ ချစ်သူရည်းစားဆိုတာ ခြေဦးတည့်ရာလျှောက်သွားဖို့မဟုတ်ပါဘူး။ နှစ်ယောက်အတူ တစ်နေရာမှာထိုင်ပြီး စကားတွေပြောဖို့ ချိန်းထားတယ်ဆိုရင် သူရောကိုယ်ပါ ဘာလုပ်မယ်ဆိုတာ ကြိုတိုင်ပင်ထားသင့်ပါတယ်။ တွေ့တော့မှ ဘယ်သွားမလဲ၊ ဘာလုပ်မလဲဆိုပြီး မေးနေတာမျိုးက ကြာလာရင် စိတ်ကုန်သွားနိုင်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top