iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြရဲ႕စိတ္ကိုသိဖို႔က မလြယ္ပါဘူး။ သူမအတြက္ သင္တစ္ေယာက္တည္းပဲရွိတယ္လို႔ ယုံၾကည္ေနခ်ိန္မွာ သူမရဲ႕အက်ိဳးအတြက္ သင့္ကိုအသံုးခ်ေနတာမ်ိဳး ရွိတတ္ပါတယ္။ ဒါကို မသိလိုက္ပဲ သူမရဲ႕ ပင္ကိုယ္အေရာင္ကို ျပလာတဲ့အခ်ိန္မွဆိုရင္ အရမ္းကို နာက်ဥ္ခံစားရတတ္ပါတယ္။ ဒါ့ေၾကာင့္ သူမရဲ႕ေထာင္ေခ်ာက္မွာမမိခင္ ေရွာင္ထြက္သြားႏိုင္ဖို႔ သင့္ေကာင္မေလးက သင့္ကို အသံုးခ်ေနတာလားဆိုတာကို သိရွိႏိုင္မယ့္ အခ်က္(၁၅)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ သင့္ကို လိုအပ္လာရင္ ညဥ့္နက္သန္းေခါင္လည္း ဖုန္းေခၚတတ္ေပမယ့္ သင္လိုအပ္လို႔စကားေျပာခ်င္ရင္ ေတာ့ အျမဲအလုပ္႐ႈပ္ေနတာမ်ိဳး။

၂။ သင္နဲ႔ အျမဲအတူေလွ်ာက္လည္ဖို႔ အရမ္းစိတ္အားမထက္သန္ေပမယ့္ သူမပ်င္းလာရင္ေတာ့ လွမ္းေခၚဖို႔ သတိရတတ္တာမ်ိဳး။

၃။ သူမရဲ႕ျပႆနာေတြကို အျမဲတမ္းစိတ္ရွည္ရွည္နဲ႔ နားေထာင္ေပးေစလိုၿပီး သင့္ကိစၥကိုေတာ့ စိတ္မ၀င္စားတာမ်ိဳး။ ဖုန္းထုတ္ၿပီး ကစားေနတာ၊ သူမေျပာခ်င္တဲ့အေၾကာင္းအရာဆီကို စကားလမ္းေၾကာင္း ေျပာင္းတာေတြ လုပ္တတ္ပါတယ္။

၄။ အတူပြဲတက္ဖို႔လူမရွိမွ သင့္ကိုပြဲတစ္ခုခုကို အတူသြားဖို႔ေခၚတတ္ၿပီး ေရာက္လို႔ သူမရဲ႕သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆံုတဲ့အခါ သင့္ကိုေမ့ေနတတ္တာမ်ိဳး။ ဘယ္ေတာ့မွလည္း သူမသူငယ္ခ်င္းေတြေရွ႕မွာ သင့္ကို ပြဲထုတ္မွာ မဟုတ္ပါဘူး။

၅။ ႏွစ္ေယာက္အတူအျပင္ထြက္တဲ့အခ်ိန္တိုင္းမွာ ေငြရွင္းစရာကိစၥတိုင္းက သင့္တာ၀န္လို႔ အျမဲတမ္းယူဆ ထားတာမ်ိဳး

၆။ သင့္ရဲ႕ကူညီမႈကို အခြင့္ေကာင္းယူၿပီး အျမဲတမ္းအကူအညီေတာင္းေနတတ္တာမ်ိဳး။ သူမဖုန္းကို အားသြင္းေပးရတာ၊ သူမရဲ႕သူငယ္ခ်င္းေတြမအားလို႔ ေစ်း၀ယ္လိုက္ေပးရတာ၊ သူမရဲ႕မိဘေတြဖုန္းေခၚရင္ လိမ္ေပးရတာ၊ သူမရဲ႕စာေတြ ကူလုပ္ေပးရတာ။ ရွင္းရွင္းေျပာရင္ သင့္ကို သူမရဲ႕ခိုင္းဖတ္အျဖစ္ သတ္မွတ္ထားတာမ်ိဳး ျဖစ္ပါတယ္။

၇။ သူမအတြက္ အက်ိဳးမထူးဘူးထင္ရင္ သင့္ရဲ႕ Missed Call ေတြ၊ Message ေတြကို reply မလုပ္တာမ်ိဳး။ ဒါေပမယ့္ ေဆာရီးပါ။ ေမ့သြားလို႔၊ အခုပဲ စာျပန္ေတာ့မလိုပါ စသျဖင့္ေတာ့ ေျပာပါလိမ့္မယ္။

၈။ သူမရဲ႕အမွားအတြက္ ဘယ္ေတာ့မွ မေတာင္းပန္တတ္တာမ်ိဳး။ သင္ေတြ႕ပါလိမ့္မယ္။ သူမရဲ႕အမွားအတြက္ ေတာင္းပန္မယ့္အစား မ်က္ရည္ေတြနဲ႔ငိုၿပီး အေျခအေနကို ေျပာင္းလဲပစ္ပါလိမ့္မယ္။ ေနာက္ဆံုးေတာ့ သင္ကပဲ သူမကို ႏွစ္သိမ့္ၿပီး ၿပီးသြားတာပါပဲ။

၉။ သူမအေနနဲ႔ သမီးရည္းစားစံုတြဲေတြမွာ ေကာင္ေလးဘက္က ေကာင္မေလးအတြက္ လုပ္ေပးတဲ့ အခြင့္အေရးအားလံုးကို ေတာင္းဆိုေမွ်ာ္လင့္တတ္ေပမယ့္ သင္တို႔ႏွစ္ဦးရဲ႕ဆက္ဆံေရးကိုေတာ့ ခ်စ္သူေတြ အျဖစ္ အသိအမွတ္မျပဳတာမ်ိဳး။ သင္တို႔က သူငယ္ခ်င္းေတြပါ ဆိုတာက မၾကာခဏေျပာပါလိမ့္မယ္။

၁၀။ သင့္ရဲ႕အစီအစဥ္ေတြကို သူမရဲ႕ ဘာမဟုတ္တဲ့ကိစၥေတြအတြက္ ဖ်က္ခိုင္းတတ္တာမ်ိဳး။ ဒါထက္ပိုဆိုးတာက ဒီလိုဖ်က္ခိုင္းလိုက္တဲ့အတြက္ အားနာေၾကာင္းေလးေတာင္ မေျပာတတ္တာပါ။

၁၁။ သူမရဲ႕ ရည္စားကေသာ္လည္းေကာင္း၊ ရည္းစားေဟာင္းကေသာ္လည္းေကာင္း မနာလိုျဖစ္ေအာင္လို႔ သင့္ကို အသံုးခ်ေနတာမ်ိဳး။ သူမတဖက္သတ္ႀကိဳက္ေနတဲ့သူ ဒါမွမဟုတ္ ရည္းစားေဟာင္းေရွ႕မွာဆို သင့္ကို အရမ္းအေလးေပးဆက္ဆံေနတတ္ပါတယ္။ သင့္ကိုယ္သင္ အဟုတ္ႀကီးထင္မေနပါနဲ႔။ ဒါက သူမရဲ႕အက်ိဳးအတြက္ သင့္ကို အသံုးခ်တာပါ။

၁၂။ သူမအေပၚ သနားငဲ့ညွာေအာင္ အျမဲလုပ္ေနတာမ်ိဳး။

၁၃။ သင့္ပညာအရည္အခ်င္း၊ သင့္အလုပ္အကိုင္၊ သင့္အေပါင္းအသင္း၊ သင္ဘယ္လိုဆိုင္မ်ိဳးထိုင္တတ္သလဲ ဆိုတာေတြကို သင္ဘယ္လိုလူလဲဆိုတာထက္ ပိုၿပီး စိတ္၀င္စားေနတတ္တာမ်ိဳး။

၁၄။ သင့္နဲ႔အတူ တြဲသြားတြဲလာရွိေနၿပီး စိတ္၀င္စားေနပံုျဖစ္ေပမယ့္ သူမရဲ႕သူငယ္ခ်င္းေတြ အသိမိတ္ေဆြေတြ ကို ခ်စ္သူရည္းစားအျဖစ္ ဘယ္ေတာ့မွ မိတ္ဆက္မေပးတတ္တာမ်ိဳး။

၁၅။ သင့္ရဲ႕ဘ၀နဲ႔ပတ္သက္ၿပီး ဘာဆိုဘာမွ စိတ္မ၀င္စားပဲ သူမ ဘ၀အတြက္ပဲစိတ္၀င္စားတတ္တာမ်ိဳးေတြပဲ ျဖစ္ပါတယ္။

Credit: Gentleman Magazine


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

မိန်းကလေးတွေရဲ့စိတ်ကိုသိဖို့က မလွယ်ပါဘူး။ သူမအတွက် သင်တစ်ယောက်တည်းပဲရှိတယ်လို့ ယုံကြည်နေချိန်မှာ သူမရဲ့အကျိုးအတွက် သင့်ကိုအသုံးချနေတာမျိုး ရှိတတ်ပါတယ်။ ဒါကို မသိလိုက်ပဲ သူမရဲ့ ပင်ကိုယ်အရောင်ကို ပြလာတဲ့အချိန်မှဆိုရင် အရမ်းကို နာကျဉ်ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သူမရဲ့ထောင်ချောက်မှာမမိခင် ရှောင်ထွက်သွားနိုင်ဖို့ သင့်ကောင်မလေးက သင့်ကို အသုံးချနေတာလားဆိုတာကို သိရှိနိုင်မယ့် အချက်(၁၅)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ကို လိုအပ်လာရင် ညဥ့်နက်သန်းခေါင်လည်း ဖုန်းခေါ်တတ်ပေမယ့် သင်လိုအပ်လို့စကားပြောချင်ရင် တော့ အမြဲအလုပ်ရှုပ်နေတာမျိုး။

၂။ သင်နဲ့ အမြဲအတူလျှောက်လည်ဖို့ အရမ်းစိတ်အားမထက်သန်ပေမယ့် သူမပျင်းလာရင်တော့ လှမ်းခေါ်ဖို့ သတိရတတ်တာမျိုး။

၃။ သူမရဲ့ပြဿနာတွေကို အမြဲတမ်းစိတ်ရှည်ရှည်နဲ့ နားထောင်ပေးစေလိုပြီး သင့်ကိစ္စကိုတော့ စိတ်မဝင်စားတာမျိုး။ ဖုန်းထုတ်ပြီး ကစားနေတာ၊ သူမပြောချင်တဲ့အကြောင်းအရာဆီကို စကားလမ်းကြောင်း ပြောင်းတာတွေ လုပ်တတ်ပါတယ်။

၄။ အတူပွဲတက်ဖို့လူမရှိမှ သင့်ကိုပွဲတစ်ခုခုကို အတူသွားဖို့ခေါ်တတ်ပြီး ရောက်လို့ သူမရဲ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါ သင့်ကိုမေ့နေတတ်တာမျိုး။ ဘယ်တော့မှလည်း သူမသူငယ်ချင်းတွေရှေ့မှာ သင့်ကို ပွဲထုတ်မှာ မဟုတ်ပါဘူး။

၅။ နှစ်ယောက်အတူအပြင်ထွက်တဲ့အချိန်တိုင်းမှာ ငွေရှင်းစရာကိစ္စတိုင်းက သင့်တာဝန်လို့ အမြဲတမ်းယူဆ ထားတာမျိုး

၆။ သင့်ရဲ့ကူညီမှုကို အခွင့်ကောင်းယူပြီး အမြဲတမ်းအကူအညီတောင်းနေတတ်တာမျိုး။ သူမဖုန်းကို အားသွင်းပေးရတာ၊ သူမရဲ့သူငယ်ချင်းတွေမအားလို့ ဈေးဝယ်လိုက်ပေးရတာ၊ သူမရဲ့မိဘတွေဖုန်းခေါ်ရင် လိမ်ပေးရတာ၊ သူမရဲ့စာတွေ ကူလုပ်ပေးရတာ။ ရှင်းရှင်းပြောရင် သင့်ကို သူမရဲ့ခိုင်းဖတ်အဖြစ် သတ်မှတ်ထားတာမျိုး ဖြစ်ပါတယ်။

၇။ သူမအတွက် အကျိုးမထူးဘူးထင်ရင် သင့်ရဲ့ Missed Call တွေ၊ Message တွေကို reply မလုပ်တာမျိုး။ ဒါပေမယ့် ဆောရီးပါ။ မေ့သွားလို့၊ အခုပဲ စာပြန်တော့မလိုပါ စသဖြင့်တော့ ပြောပါလိမ့်မယ်။

၈။ သူမရဲ့အမှားအတွက် ဘယ်တော့မှ မတောင်းပန်တတ်တာမျိုး။ သင်တွေ့ပါလိမ့်မယ်။ သူမရဲ့အမှားအတွက် တောင်းပန်မယ့်အစား မျက်ရည်တွေနဲ့ငိုပြီး အခြေအနေကို ပြောင်းလဲပစ်ပါလိမ့်မယ်။ နောက်ဆုံးတော့ သင်ကပဲ သူမကို နှစ်သိမ့်ပြီး ပြီးသွားတာပါပဲ။

၉။ သူမအနေနဲ့ သမီးရည်းစားစုံတွဲတွေမှာ ကောင်လေးဘက်က ကောင်မလေးအတွက် လုပ်ပေးတဲ့ အခွင့်အရေးအားလုံးကို တောင်းဆိုမျှော်လင့်တတ်ပေမယ့် သင်တို့နှစ်ဦးရဲ့ဆက်ဆံရေးကိုတော့ ချစ်သူတွေ အဖြစ် အသိအမှတ်မပြုတာမျိုး။ သင်တို့က သူငယ်ချင်းတွေပါ ဆိုတာက မကြာခဏပြောပါလိမ့်မယ်။

၁၀။ သင့်ရဲ့အစီအစဉ်တွေကို သူမရဲ့ ဘာမဟုတ်တဲ့ကိစ္စတွေအတွက် ဖျက်ခိုင်းတတ်တာမျိုး။ ဒါထက်ပိုဆိုးတာက ဒီလိုဖျက်ခိုင်းလိုက်တဲ့အတွက် အားနာကြောင်းလေးတောင် မပြောတတ်တာပါ။

၁၁။ သူမရဲ့ ရည်စားကသော်လည်းကောင်း၊ ရည်းစားဟောင်းကသော်လည်းကောင်း မနာလိုဖြစ်အောင်လို့ သင့်ကို အသုံးချနေတာမျိုး။ သူမတဖက်သတ်ကြိုက်နေတဲ့သူ ဒါမှမဟုတ် ရည်းစားဟောင်းရှေ့မှာဆို သင့်ကို အရမ်းအလေးပေးဆက်ဆံနေတတ်ပါတယ်။ သင့်ကိုယ်သင် အဟုတ်ကြီးထင်မနေပါနဲ့။ ဒါက သူမရဲ့အကျိုးအတွက် သင့်ကို အသုံးချတာပါ။

၁၂။ သူမအပေါ် သနားငဲ့ညှာအောင် အမြဲလုပ်နေတာမျိုး။

၁၃။ သင့်ပညာအရည်အချင်း၊ သင့်အလုပ်အကိုင်၊ သင့်အပေါင်းအသင်း၊ သင်ဘယ်လိုဆိုင်မျိုးထိုင်တတ်သလဲ ဆိုတာတွေကို သင်ဘယ်လိုလူလဲဆိုတာထက် ပိုပြီး စိတ်ဝင်စားနေတတ်တာမျိုး။

၁၄။ သင့်နဲ့အတူ တွဲသွားတွဲလာရှိနေပြီး စိတ်ဝင်စားနေပုံဖြစ်ပေမယ့် သူမရဲ့သူငယ်ချင်းတွေ အသိမိတ်ဆွေတွေ ကို ချစ်သူရည်းစားအဖြစ် ဘယ်တော့မှ မိတ်ဆက်မပေးတတ်တာမျိုး။

၁၅။ သင့်ရဲ့ဘဝနဲ့ပတ်သက်ပြီး ဘာဆိုဘာမှ စိတ်မဝင်စားပဲ သူမ ဘဝအတွက်ပဲစိတ်ဝင်စားတတ်တာမျိုးတွေပဲ ဖြစ်ပါတယ်။

Credit: Gentleman Magazine


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top