iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစံုတြဲေတြသာမက အိမ္ေထာင္ေရးတစ္ခုမွာလည္း ေန႕တုိင္းနီးပါး နွစ္ဦးသားထိေတြ႔ဆက္ဆံေပးေနဖုိ႕ လုိပါတယ္။ ခုလို ေျပာလိုက္လို႕ ကာမစပ္ယွက္တဲ့အေၾကာင္း ေျပာေနတယ္လုိ႕ေတာ့ မထင္လိုက္ပါနဲ႕။ အဓိကေျပာခ်င္ တာက အထိအေတြ႔အေၾကာင္းပါ။

ခ်စ္သူျဖစ္လာျပီဆုိကတည္းက တစ္ေယာက္လက္ကေလး တစ္ေယာက္တြဲ၊ ပါးကေလးနမ္းလိုက္၊ ပခံုးသားေလးကို နမ္းလိုက္ လုပ္ေနတတ္ၾကတာပဲ မဟုတ္လား၊ အိမ္ေထာင္က်သြားတဲ့အခါ က်ေတာ့ေရာ ခုလို ဘာ့ေၾကာင့္မ်ား မေနၾကေတာ့တာပါလိမ့္၊ အမွန္ေတာ့ အိမ္ေထာင္က်သြားတဲ့အခါ ႏွစ္ဦးသားကာမစပ္ယွက္တာထက္ ပိုအေရးႀကီးတဲ့အရာက အျခားေသာ အထိအေတြ႔ကိစၥပါပဲ။

အရင္လို လက္ကေလးတြဲျပီး အျပင္မသြားျဖစ္ေတာ့ဘူး၊ နဖူးကို ဖြဖြြေလး မနမ္းျဖစ္ေတာ့ဘူးဆုိရင္ေတာင္ သင္တုိ႕ႏွစ္ဦးကို ပိုမိုနီးစပ္မႈရေစမယ့္ ထိေတြ႔မႈတစ္ခု ရွိေနပါေသးတယ္၊ အဲ့ဒါကေတာ့ တစ္ေန႕လံုး ပင္ပန္းေနရတဲ့ စိတ္ေတြ၊ ခႏၶာကိုယ္က အေၾကာေတြ ေျဖေလ်ာ့ေပးဖုိ႕အတြက္ တစ္ေယာက္ေျခဖ၀ါးကို တစ္ေယာက္က ႏွိပ္နယ္ေပးျခင္းပါပဲ။

ႏွိပ္နယ္ေပးျခင္းဟာ ေကာင္းမြန္တဲ့ ေဟာ္မုန္းေတြကို ထုတ္လႊတ္ေပးႏိုင္ပါတဲ့အျပင္ သူက adrenocorticotropin လို႕ေခၚတဲ့ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ တစ္ဦးနဲ႕တစ္ဦးလည္း စိတ္ခ်င္းခ်ိတ္ဆက္မိေနေအာင္ လုပ္ေဆာင္ေပးပါတယ္။ အသားခ်င္းထိေနတဲ့အတြက္ သင္တုိ႕ႏွစ္ဦးၾကားက ရင္းႏွီးမႈဆက္ဆံေရးတစ္ခုကိုလည္း ခိုင္မာေစျပန္ေရာ။

ဒီေတာ့ ခုနေျပာသလို ႏွိပ္နယ္ေပးျခင္းထဲမွာမွ လက္ကေလးကို ယူျပီးႏွိပ္နယ္ေပးမယ္၊ ဦးေခါင္းခြံေလးေတြ နွိပ္နယ္ေပးမယ္၊ ေနာက္ေျခဖ၀ါးေလးကို ယူျပီး အျပန္အလွန္ ႏွိပ္နယ္ေပးၾကမယ္ဆုိရင္ ဒါဟာ သင္တုိ႕ႏွစ္ဦးအတြက္ က်န္းမာေရးအတြက္ ေကာင္းရံုသာမက အေလ့အက်င့္ေကာင္းေလးတစ္ခုအျဖစ္လည္း တိုးလာဦးမွာေပါ့။ ဒီသံုးမ်ိဳးထဲကမွ တစ္ေယာက္ေျခဖ၀ါးတစ္ေယာက္ယူႏွိပ္ေပးျခင္းဟာ အျခားႏွစ္မ်ိဳးထက္ ပိုေပ်ာ္စရာေကာင္းသလို ရင္ခုန္ၾကည္ႏူးစရာလည္း ေကာင္းပါတယ္တဲ့။

ေျခဖ၀ါးကို ႏွိပ္ေပးတဲ့အခါ လက္ႏွစ္ဘက္နဲ႕ ေျခဖ၀ါးကို ဆြဲယူျပီး ေျခဖ၀ါးအလယ္ကေန လက္မေလးနဲ႕ ညင္သာစြာ ဖိႏွိပ္ေပးရမွာပါ။ ဒါမ်ိဳးကို ငါးႀကိမ္ကေန ၇ႀကိမ္ လုပ္ေပးရပါလိမ့္မယ္။ ေျခဖ၀ါးရဲ႕အလည္အခ်ိဳင့္ေလး ကို ႏွိပ္ျပီးသြားတဲ့အခါ လက္မေလးနဲ႕ ေဘးဘက္ကို ဆြဲယူသြားလိုက္ပါ။ ျပီးတဲ့အခါ ေနာက္ေျခဖ၀ါးတစ္ဖက္ကိုယူျပီး ႏွိပ္ေပးရံုပါပဲ။ ဒါဟာ ေသြးလည္ပတ္မႈအတြက္လည္း ေတာ္ေတာ္ေလး ေကာင္းမြန္ေစပါတယ္။

မၾကာခင္မွာ သင္ဟာ သင့္အိမ္ေထာင္ဖက္ထံမွ ခုလို ႏွိပ္ေပးလိုက္လို႕ သူဘယ္လိုခံစားရတယ္ဆိုတဲ့ အေၾကာင္းကို သူျပန္ေျပာတဲ့အခါ သင္ပီတိျဖစ္ရပါလိမ့္မယ္။  ဘာမွမဟုတ္တဲ့ ခုလို ေျခေထာက္ႏွိပ္ေပးတာေလးကို ညေနပုိင္းေလးေတြ ႏွစ္ေယာက္ဆံုတဲ့အခ်ိန္၊ ေရမိုးခ်ိဳးျပီးခ်ိန္ ႏွစ္ေယာက္အတူ စကားေျပာတဲ့အခ်ိန္ေလးေတြမွာ အခ်ိန္ေပးလုပ္ေဆာင္သြားမယ္ဆုိရင္ ႏွစ္ဦးသား ပိုမိုရင္းႏွီးမႈ ေႏြးေထြးမႈေတြ ရရွိႏိုင္တယ္လို႕ သိရပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ချစ်သူစုံတွဲတွေသာမက အိမ်ထောင်ရေးတစ်ခုမှာလည်း နေ့တိုင်းနီးပါး နှစ်ဦးသားထိတွေ့ဆက်ဆံပေးနေဖို့ လိုပါတယ်။ ခုလို ပြောလိုက်လို့ ကာမစပ်ယှက်တဲ့အကြောင်း ပြောနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ အဓိကပြောချင် တာက အထိအတွေ့အကြောင်းပါ။

ချစ်သူဖြစ်လာပြီဆိုကတည်းက တစ်ယောက်လက်ကလေး တစ်ယောက်တွဲ၊ ပါးကလေးနမ်းလိုက်၊ ပခုံးသားလေးကို နမ်းလိုက် လုပ်နေတတ်ကြတာပဲ မဟုတ်လား၊ အိမ်ထောင်ကျသွားတဲ့အခါ ကျတော့ရော ခုလို ဘာ့ကြောင့်များ မနေကြတော့တာပါလိမ့်၊ အမှန်တော့ အိမ်ထောင်ကျသွားတဲ့အခါ နှစ်ဦးသားကာမစပ်ယှက်တာထက် ပိုအရေးကြီးတဲ့အရာက အခြားသော အထိအတွေ့ကိစ္စပါပဲ။

အရင်လို လက်ကလေးတွဲပြီး အပြင်မသွားဖြစ်တော့ဘူး၊ နဖူးကို ဖွဖွလေး မနမ်းဖြစ်တော့ဘူးဆိုရင်တောင် သင်တို့နှစ်ဦးကို ပိုမိုနီးစပ်မှုရစေမယ့် ထိတွေ့မှုတစ်ခု ရှိနေပါသေးတယ်၊ အဲ့ဒါကတော့ တစ်နေ့လုံး ပင်ပန်းနေရတဲ့ စိတ်တွေ၊ ခန္ဓာကိုယ်က အကြောတွေ ဖြေလျော့ပေးဖို့အတွက် တစ်ယောက်ခြေဖဝါးကို တစ်ယောက်က နှိပ်နယ်ပေးခြင်းပါပဲ။

နှိပ်နယ်ပေးခြင်းဟာ ကောင်းမွန်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနိုင်ပါတဲ့အပြင် သူက adrenocorticotropin လို့ခေါ်တဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ချပေးနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်း စိတ်ချင်းချိတ်ဆက်မိနေအောင် လုပ်ဆောင်ပေးပါတယ်။ အသားချင်းထိနေတဲ့အတွက် သင်တို့နှစ်ဦးကြားက ရင်းနှီးမှုဆက်ဆံရေးတစ်ခုကိုလည်း ခိုင်မာစေပြန်ရော။

ဒီတော့ ခုနပြောသလို နှိပ်နယ်ပေးခြင်းထဲမှာမှ လက်ကလေးကို ယူပြီးနှိပ်နယ်ပေးမယ်၊ ဦးခေါင်းခွံလေးတွေ နှိပ်နယ်ပေးမယ်၊ နောက်ခြေဖဝါးလေးကို ယူပြီး အပြန်အလှန် နှိပ်နယ်ပေးကြမယ်ဆိုရင် ဒါဟာ သင်တို့နှစ်ဦးအတွက် ကျန်းမာရေးအတွက် ကောင်းရုံသာမက အလေ့အကျင့်ကောင်းလေးတစ်ခုအဖြစ်လည်း တိုးလာဦးမှာပေါ့။ ဒီသုံးမျိုးထဲကမှ တစ်ယောက်ခြေဖဝါးတစ်ယောက်ယူနှိပ်ပေးခြင်းဟာ အခြားနှစ်မျိုးထက် ပိုပျော်စရာကောင်းသလို ရင်ခုန်ကြည်နူးစရာလည်း ကောင်းပါတယ်တဲ့။

ခြေဖဝါးကို နှိပ်ပေးတဲ့အခါ လက်နှစ်ဘက်နဲ့ ခြေဖဝါးကို ဆွဲယူပြီး ခြေဖဝါးအလယ်ကနေ လက်မလေးနဲ့ ညင်သာစွာ ဖိနှိပ်ပေးရမှာပါ။ ဒါမျိုးကို ငါးကြိမ်ကနေ ၇ကြိမ် လုပ်ပေးရပါလိမ့်မယ်။ ခြေဖဝါးရဲ့အလည်အချိုင့်လေး ကို နှိပ်ပြီးသွားတဲ့အခါ လက်မလေးနဲ့ ဘေးဘက်ကို ဆွဲယူသွားလိုက်ပါ။ ပြီးတဲ့အခါ နောက်ခြေဖဝါးတစ်ဖက်ကိုယူပြီး နှိပ်ပေးရုံပါပဲ။ ဒါဟာ သွေးလည်ပတ်မှုအတွက်လည်း တော်တော်လေး ကောင်းမွန်စေပါတယ်။

မကြာခင်မှာ သင်ဟာ သင့်အိမ်ထောင်ဖက်ထံမှ ခုလို နှိပ်ပေးလိုက်လို့ သူဘယ်လိုခံစားရတယ်ဆိုတဲ့ အကြောင်းကို သူပြန်ပြောတဲ့အခါ သင်ပီတိဖြစ်ရပါလိမ့်မယ်။  ဘာမှမဟုတ်တဲ့ ခုလို ခြေထောက်နှိပ်ပေးတာလေးကို ညနေပိုင်းလေးတွေ နှစ်ယောက်ဆုံတဲ့အချိန်၊ ရေမိုးချိုးပြီးချိန် နှစ်ယောက်အတူ စကားပြောတဲ့အချိန်လေးတွေမှာ အချိန်ပေးလုပ်ဆောင်သွားမယ်ဆိုရင် နှစ်ဦးသား ပိုမိုရင်းနှီးမှု နွေးထွေးမှုတွေ ရရှိနိုင်တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top