iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လုံးက ခႏၶာကုိယ္ရဲ႕ အေရးၾကီးဆုံး အစိတ္အပုိင္းတစ္ခုျဖစ္ျပီး ေသခ်ာဂရုစုိက္ထိန္းသိမ္းေပးဖုိ႔ လုိအပ္ပါတယ္။ အဲ့ဒီလို ထိန္းသိမ္းေပးဖုိ႕ဆုိရင္ မ်က္စိအျမင္အာရုံပုိင္းဆုိင္ရာေလ့က်င့္ခန္း တစ္ခုတည္း မလုံေလာက္ပါဘူး။ မ်က္စိပုိမိုက်န္းမာေစတဲ့ အစားအစာေတြ စားေပးဖုိ႔လည္း လုိအပ္ပါေသးတယ္။ အားလံုးသိတဲ့အတုိင္း မုန္လာဥဟာ မ်က္စိအတြက္ ေကာင္းတဲ့အရာတစ္ခုျဖစ္ေနခ်ိန္မွာပဲ တျခားအေထာက္အကူျဖစ္ေစတဲ့ အစားအစာေတြလည္း ရိွပါတယ္။

·         မက္ကရယ္ငါး၊ တုိနာငါး၊ ဆာလ္မြန္ငါးနဲ႔ ငါးေသတၱာငါးစတဲ့ ငါးေတြမွာ မ်က္စိေျခာက္ေသြ႔မႈနဲ႔ အေရျပားယုိယြင္းလာမႈတားဆီးေပးတဲ့ အုိမီဂါအဆီအက္ဆစ္ေတြ အျပည့္ပါဝင္ပါတယ္။

·         ေဖာလစ္အက္ဆစ္၊ ပုိတက္ဆီယမ္၊ မက္ဂ္နီဆီယမ္၊ အမွ်င္ဓာတ္၊ ဗီတာမင္ ၾကြယ္ဝတဲ့ ဟင္းႏုႏြယ္၊ ဆလတ္ရြက္၊ မက္ဂ္နီစီယမ္၊ ပန္းေကာ္ဖီစိမ္း၊ ေဂၚဖီထုပ္၊ ကုိက္လန္ေတြဟာ ႏွလုံးက်န္းမာျခင္းအတြက္ သာ ေကာင္းမြန္တာမဟုတ္ဘဲ မ်က္စိက်န္းမာျခင္းအတြက္လည္း အထူးေကာင္းမြန္ပါတယ္။

·         ကုိလက္ထေရာတက္မွာစိုးလုိ႔ ၾကက္ဥကို လုံးဝမစားဘဲ မေနပါနဲ႔။ ၾကက္ဥဟာ ပရုိတိန္းဓာတ္၊ ဗီတာမင္ A၊ D၊ B6၊ B12 အရင္းအျမစ္ျဖစ္ပါတယ္။

·         လိေမၼာ္သီး၊ သံပုယုိသီးနဲ႔ စပ်စ္သီးေျခာက္တို႔လုိ ေရွာက္၊ သံပုရာမ်ဳိးဝင္အသီးေတြနဲ႔ မ်က္စိက်န္းမာေရး ပိုမိုေကာင္းမြန္ေအာင္ေဆာင္ရြက္ပါ။ ဒီအသီးေတြမွာ မ်က္စိအတြင္းတိမ္ျဖစ္ပြားမႈအႏၱရာယ္အျပင္ အေရျပားေလွ်ာ့တိေလွ်ာ့ရဲျဖစ္မႈ ေလွ်ာ့နည္းေစတဲ့ ဗီတာမင္ C အျပည့္ပါဝင္ၾကပါတယ္။

·         မက္မြန္သီး၊ သစ္ၾကားသီးတုိ႔က အုိမီဂါအဆီအက္ဆစ္နဲ႔ ဗီတာမင္ E ၾကြယ္ဝျပီး မ်က္စိက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။

·         ကုလားပဲနဲ႔ ပဲေတြမွာ မ်က္စိအာရုံလႊာ ကာကြယ္ေပးတဲ့ bioflavonoid နဲ႔ zinc ေတြ ပါဝင္ပါတယ္။

·         ေနၾကာေစ့မွာ ဗီတာမင္ E နဲ႔ zinc မ်ားစြာပါဝင္တာေၾကာင့္ မ်က္စိက်န္းမာေစတယ္လုိ႔ ဆိုပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်လုံးက ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သေချာဂရုစိုက်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ထိန်းသိမ်းပေးဖို့ဆိုရင် မျက်စိအမြင်အာရုံပိုင်းဆိုင်ရာလေ့ကျင့်ခန်း တစ်ခုတည်း မလုံလောက်ပါဘူး။ မျက်စိပိုမိုကျန်းမာစေတဲ့ အစားအစာတွေ စားပေးဖို့လည်း လိုအပ်ပါသေးတယ်။ အားလုံးသိတဲ့အတိုင်း မုန်လာဥဟာ မျက်စိအတွက် ကောင်းတဲ့အရာတစ်ခုဖြစ်နေချိန်မှာပဲ တခြားအထောက်အကူဖြစ်စေတဲ့ အစားအစာတွေလည်း ရှိပါတယ်။

·         မက်ကရယ်ငါး၊ တိုနာငါး၊ ဆာလ်မွန်ငါးနဲ့ ငါးသေတ္တာငါးစတဲ့ ငါးတွေမှာ မျက်စိခြောက်သွေ့မှုနဲ့ အရေပြားယိုယွင်းလာမှုတားဆီးပေးတဲ့ အိုမီဂါအဆီအက်ဆစ်တွေ အပြည့်ပါဝင်ပါတယ်။

·         ဖောလစ်အက်ဆစ်၊ ပိုတက်ဆီယမ်၊ မက်ဂ်နီဆီယမ်၊ အမျှင်ဓာတ်၊ ဗီတာမင် ကြွယ်ဝတဲ့ ဟင်းနုနွယ်၊ ဆလတ်ရွက်၊ မက်ဂ်နီစီယမ်၊ ပန်းကော်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်တွေဟာ နှလုံးကျန်းမာခြင်းအတွက် သာ ကောင်းမွန်တာမဟုတ်ဘဲ မျက်စိကျန်းမာခြင်းအတွက်လည်း အထူးကောင်းမွန်ပါတယ်။

·         ကိုလက်ထရောတက်မှာစိုးလို့ ကြက်ဥကို လုံးဝမစားဘဲ မနေပါနဲ့။ ကြက်ဥဟာ ပရိုတိန်းဓာတ်၊ ဗီတာမင် A၊ D၊ B6၊ B12 အရင်းအမြစ်ဖြစ်ပါတယ်။

·         လိမ္မော်သီး၊ သံပုယိုသီးနဲ့ စပျစ်သီးခြောက်တို့လို ရှောက်၊ သံပုရာမျိုးဝင်အသီးတွေနဲ့ မျက်စိကျန်းမာရေး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပါ။ ဒီအသီးတွေမှာ မျက်စိအတွင်းတိမ်ဖြစ်ပွားမှုအန္တရာယ်အပြင် အရေပြားလျှော့တိလျှော့ရဲဖြစ်မှု လျှော့နည်းစေတဲ့ ဗီတာမင် C အပြည့်ပါဝင်ကြပါတယ်။

·         မက်မွန်သီး၊ သစ်ကြားသီးတို့က အိုမီဂါအဆီအက်ဆစ်နဲ့ ဗီတာမင် E ကြွယ်ဝပြီး မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

·         ကုလားပဲနဲ့ ပဲတွေမှာ မျက်စိအာရုံလွှာ ကာကွယ်ပေးတဲ့ bioflavonoid နဲ့ zinc တွေ ပါဝင်ပါတယ်။

·         နေကြာစေ့မှာ ဗီတာမင် E နဲ့ zinc များစွာပါဝင်တာကြောင့် မျက်စိကျန်းမာစေတယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top