iMyanmarHouse.com - Best Property Website for Myanmar
×

လတ္တေလာမွာ ကမ႓ာေက်ာ္အဆုိေတာ္ Justin Bieber ဟာ သူ႕ပရိသတ္ေတြ၊ Follower ေတြနဲ႕ instagram account မွာ ျပသနာတက္ေနပါတယ္။ သူ႕instagram အေကာင့္မွာ ခ်စ္သူသစ္ Sofia Richie နဲ႕ပံုေတြတင္တာေၾကာင့္ ပရိသတ္ေတြက ေဒါသထြက္တဲ့စာေတြေရး ျခိမ္းေျခာက္တာ သူခံခဲ့ရတာပါ။ ဒါကလည္း သူ႕ပရိသတ္ေတြလုပ္ေနက် လုပ္ရိုးလုပ္စဥ္ပါ။ ဒီေတာ့ သူက သူ႕ instagram account ကို သီးသန္႕ပဲ သံုးတာေကာင္းမယ္ဆုိျပီး ပရိသတ္ေတြကို ျပန္ျခိမ္းေျခာက္လိုက္တဲ့အခါမွာေတာ့ Selena Gomez ပါ ဒီျပသနာမွာ ၀င္ပါလာပါေတာ့တယ္။

Selena က ဒီကိစၥမွာ ၀င္ပါရျခင္းအေၾကာင္းကေတာ့ ပရိသတ္ေတြကို ေဒါသေတြထြက္ေနတဲ့ ရည္းစားေဟာင္းကို ဒါမျဖစ္သင့္ဘူးဆုိတာ ေျပာခ်င္တာေၾကာင့္ပါ။ Bieber ရဲ႕ ပို႕စ္မွာ Selena က 'ဒီအမုန္းတရားေတြကို မထိန္းသိမ္းႏိုင္ဘူး ဆုိရင္ေတာ့ နင့္ခ်စ္သူေကာင္မေလးနဲ႕ပံုေတြကို တင္မေနပါနဲ႕ေတာ့။ ဒါက ႏွစ္ဦးသားၾကားထဲက ကိစၥေတြပဲ မဟုတ္လား။ ပရိသတ္ေတြကို နင္စိတ္မဆိုးပါနဲ႕။ သူတုိ႕က နင့္ကို ဘယ္ေလာက္ခ်စ္ျပီး ဘယ္ေလာက္ပံ့ပိုးေပးခဲ့တယ္ဆုိတာ နင္အသိဆံုးပါ။ သူတုိ႕ေတြက နင့္ေဘးနား ဘယ္သူမွမရွိခင္ကတည္းက အတူရွိေပးခဲ့ၾကတာပါ" လုိ႕ ကြန္မန္႕ေပးခဲ့တာပါ။

အဲ့ဒီေနာက္မွာေတာ့ Justin Bieber က ျပန္ျပီး ေရးလိုက္တာက " လူေတြ အာရံုစိုက္တာခံခ်င္လုိ႕ ငါ့ကိုသက္သက္ အသံုးခ်ခဲ့တဲ့သူေတြက တကယ္ေတာ့ သိပ္ရယ္စရာေကာင္းတယ္။ ျပီးေတာ့ အျမဲ သူတစ္ပါးကို လက္ညႈိးထိုးဖုိ႕ပဲ စဥ္းစားေနတာပဲ။" ဆိုျပီး ျပန္ေရးလိုက္ပါတယ္။ ဘီဘာက ဘယ္သူ႕ကိုေျပာတယ္ဆုိျပီး ေသခ်ာမညႊန္းခဲ့ေပမယ့္ ဒါဟာ ဆယ္လီနာ ကိုပဲဆုိတာ ေသခ်ာေနပါတယ္။

ဒီေတာ့ ဆယ္လီနာကလည္း ျပန္ျပီး "အၾကိမ္ၾကိမ္အခါခါ လိမ္ညာေနခဲ့ဖူးတဲ့ အလိမ္အညာေကာင္က သူ႕ကို အၾကိမ္ၾကိမ္ ခြင့္လႊတ္ျပီး ေဘးကေန ပံ့ပိုးေပးခဲ့တဲ့သူကို  အေကာင္းမျမင္ပဲ သူ႕ကို လက္ညႈိးထိုးျပီးေျပာတယ္ဆိုတာမ်ိဳး ၾကားလိုက္ရေတာ့ ဟာသပါပဲ။ ဒါ့ေၾကာင့္လည္း ပရိသတ္ေတြ ေဒါသေတြ ထြက္ေနရတာ မအံ့ၾသေတာ့ပါဘူး။"ဆိုျပီး ကြန္မန္႕ေပးလိုက္ပါတယ္။ သူမေလွာင္ေျပာင္သေရာ္လိုက္တဲ့ဒီ ဒီကြန္မန္႕က အထိနာသြားေစတဲ့ ကြန္မန္႕မ်ိဳူးပါ။

ဆယ္လီနာဟာ ဘီဘာနဲ႕ တြဲခဲ့မိတာကိုလည္း ေနာင္တအၾကီးအက်ယ္ရေနပံုပါပဲ။ မၾကာေသးခင္ကလညး္ ဆယ္လီနာက Vogue မဂၢဇင္းအင္တာဗ်ဴးမွာ သူဟာ ဂ်က္စတင္ဘီဘာနဲ႕ မခ်စ္ၾကိဳက္ခဲ့သင့္ဘူးလုိ႕ ေျဖၾကားခဲ့ပါေသးတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လတ်တလောမှာ ကမ္ဘာကျော်အဆိုတော် Justin Bieber ဟာ သူ့ပရိသတ်တွေ၊ Follower တွေနဲ့ instagram account မှာ ပြသနာတက်နေပါတယ်။ သူ့instagram အကောင့်မှာ ချစ်သူသစ် Sofia Richie နဲ့ပုံတွေတင်တာကြောင့် ပရိသတ်တွေက ဒေါသထွက်တဲ့စာတွေရေး ခြိမ်းခြောက်တာ သူခံခဲ့ရတာပါ။ ဒါကလည်း သူ့ပရိသတ်တွေလုပ်နေကျ လုပ်ရိုးလုပ်စဉ်ပါ။ ဒီတော့ သူက သူ့ instagram account ကို သီးသန့်ပဲ သုံးတာကောင်းမယ်ဆိုပြီး ပရိသတ်တွေကို ပြန်ခြိမ်းခြောက်လိုက်တဲ့အခါမှာတော့ Selena Gomez ပါ ဒီပြသနာမှာ ဝင်ပါလာပါတော့တယ်။

Selena က ဒီကိစ္စမှာ ဝင်ပါရခြင်းအကြောင်းကတော့ ပရိသတ်တွေကို ဒေါသတွေထွက်နေတဲ့ ရည်းစားဟောင်းကို ဒါမဖြစ်သင့်ဘူးဆိုတာ ပြောချင်တာကြောင့်ပါ။ Bieber ရဲ့ ပို့စ်မှာ Selena က 'ဒီအမုန်းတရားတွေကို မထိန်းသိမ်းနိုင်ဘူး ဆိုရင်တော့ နင့်ချစ်သူကောင်မလေးနဲ့ပုံတွေကို တင်မနေပါနဲ့တော့။ ဒါက နှစ်ဦးသားကြားထဲက ကိစ္စတွေပဲ မဟုတ်လား။ ပရိသတ်တွေကို နင်စိတ်မဆိုးပါနဲ့။ သူတို့က နင့်ကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်ပံ့ပိုးပေးခဲ့တယ်ဆိုတာ နင်အသိဆုံးပါ။ သူတို့တွေက နင့်ဘေးနား ဘယ်သူမှမရှိခင်ကတည်းက အတူရှိပေးခဲ့ကြတာပါ" လို့ ကွန်မန့်ပေးခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ Justin Bieber က ပြန်ပြီး ရေးလိုက်တာက " လူတွေ အာရုံစိုက်တာခံချင်လို့ ငါ့ကိုသက်သက် အသုံးချခဲ့တဲ့သူတွေက တကယ်တော့ သိပ်ရယ်စရာကောင်းတယ်။ ပြီးတော့ အမြဲ သူတစ်ပါးကို လက်ညှိုးထိုးဖို့ပဲ စဉ်းစားနေတာပဲ။" ဆိုပြီး ပြန်ရေးလိုက်ပါတယ်။ ဘီဘာက ဘယ်သူ့ကိုပြောတယ်ဆိုပြီး သေချာမညွှန်းခဲ့ပေမယ့် ဒါဟာ ဆယ်လီနာ ကိုပဲဆိုတာ သေချာနေပါတယ်။

ဒီတော့ ဆယ်လီနာကလည်း ပြန်ပြီး "အကြိမ်ကြိမ်အခါခါ လိမ်ညာနေခဲ့ဖူးတဲ့ အလိမ်အညာကောင်က သူ့ကို အကြိမ်ကြိမ် ခွင့်လွှတ်ပြီး ဘေးကနေ ပံ့ပိုးပေးခဲ့တဲ့သူကို  အကောင်းမမြင်ပဲ သူ့ကို လက်ညှိုးထိုးပြီးပြောတယ်ဆိုတာမျိုး ကြားလိုက်ရတော့ ဟာသပါပဲ။ ဒါ့ကြောင့်လည်း ပရိသတ်တွေ ဒေါသတွေ ထွက်နေရတာ မအံ့သြတော့ပါဘူး။"ဆိုပြီး ကွန်မန့်ပေးလိုက်ပါတယ်။ သူမလှောင်ပြောင်သရော်လိုက်တဲ့ဒီ ဒီကွန်မန့်က အထိနာသွားစေတဲ့ ကွန်မန့်မျိုူးပါ။

ဆယ်လီနာဟာ ဘီဘာနဲ့ တွဲခဲ့မိတာကိုလည်း နောင်တအကြီးအကျယ်ရနေပုံပါပဲ။ မကြာသေးခင်ကလည်း ဆယ်လီနာက Vogue မဂ္ဂဇင်းအင်တာဗျူးမှာ သူဟာ ဂျက်စတင်ဘီဘာနဲ့ မချစ်ကြိုက်ခဲ့သင့်ဘူးလို့ ဖြေကြားခဲ့ပါသေးတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top