iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၆ အမ်တီဗီ တေးဂီတဗီဒီယိုဆုပေးပွဲ စင်မြင့်ထက်တွင် အမျိုးသမီး ရက်ပ်အဆိုတော် နစ်ကီမီနက်ဂ်ျနှင့်အတူ ပေါ့ပ်၊ R&Bအဆိုတော်၊ သရုပ်ဆောင်အာရီ ယာနာဂရန်ဒီ သီဆိုဖျော်ဖြေမည် ဖြစ်သည်။



တနင်္ဂနွေညတွင် ကျင်းပမည့် ယင်းဆုပေးပွဲအခမ်းအနား၌ ကင်မ်ကာဒစ်ခ်ျရှန်၊ ရီတာအိုရာ၊ အန်ဆဲလ်အယ်လ်ဂေါ့၊ အလီစီ ယာကီး၊ ရှန်ဒစ်ဒီကုမ်း၊ ဂျာဒန် စမစ်၊ ဖစ်သ်ဟာမိုနီတို့က အစီအစဉ်မှူးများအဖြစ် တာဝန်ယူမည်ဖြစ် သည်။




Credit: 7Day Daily



#Unicode Version

၂၀၁၆ အမ်တီဗီ တေးဂီတဗီဒီယိုဆုပေးပွဲ စင်မြင့်ထက်တွင် အမျိုးသမီး ရက်ပ်အဆိုတော် နစ်ကီမီနက်ဂျ်နှင့်အတူ ပေါ့ပ်၊ R&Bအဆိုတော်၊ သရုပ်ဆောင်အာရီ ယာနာဂရန်ဒီ သီဆိုဖျော်ဖြေမည် ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ဂရန်ဒီ၏ နောက်ဆုံးတေးအယ်လ်ဘမ်ဖြစ် သော dangerous Woman မှ ပေါက်သီချင်းတစ်ပုဒ်ဖြစ်သော Side to Side ကို တွဲဖက်သီဆို မည်ဖြစ်သည်။

ယခုနှစ် ဆုပေးပွဲအခမ်း အနားတွင် အခြားနာမည်ကြီး အဆိုတော်များလည်း သီဆိုဖျော် ဖြေရန် စီစဉ်ထားသည်။

တနင်္ဂနွေညတွင် ကျင်းပမည့် ယင်းဆုပေးပွဲအခမ်းအနား၌ ကင်မ်ကာဒစ်ချ်ရှန်၊ ရီတာအိုရာ၊ အန်ဆဲလ်အယ်လ်ဂေါ့၊ အလီစီ ယာကီး၊ ရှန်ဒစ်ဒီကုမ်း၊ ဂျာဒန် စမစ်၊ ဖစ်သ်ဟာမိုနီတို့က အစီအစဉ်မှူးများအဖြစ် တာဝန်ယူမည်ဖြစ် သည်။

ဆုရရန် ရေပန်းစားနေသူ များတွင် အဒဲလ်က Hello သီချင်းခွေဖြင့် ထိပ်ဆုံး၌ရှိနေပြီး ဘီယွန်စေးက Lemonadeခွေဖြင့် နောက်မှ ကပ်လိုက်နေသည်။

ထိုအတောအတွင်း   ရီဟားနားသည် လည်း Vanguard Award ဆုရရှိမည်ဟု မျှော် လင့်ရသည်။

သြဂုတ် ၂၈ ရက် ည ၉ နာရီတွင် နယူးယောက်မြို့ မက်ဒီဆင်ရင်ပြင်ဥယျာဉ်၌ကျင်းပမည့် ယင်းဆုပေးပွဲကို ရုပ်သံမှ တိုက်ရိုက်ပြသ မည်ဖြစ်သည်။

Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top