iMyanmarHouse.com - Best Property Website for Myanmar
×


အုန်းဆီနွေးနွေး



အုန်းဆီနဲ့ လီမွန်ဆီ


Credit : lwinpyin





#Unicode Version


ဗောက်တွေကို ဖယ်ရှားဖို့ လွယ်လွယ်ကူကူနဲ့ ထိရောက်တဲ့ နည်းနှစ်နည်းဖြစ်ပါတယ်။

အုန်းဆီနွေးနွေး

ကိုယ့်ဆံပင်အရွယ်အစားနဲ့ လိုအပ်သလောက် အုန်းဆီနွေးနွေးကိုသုံးရမှာ ဖြစ်ပါတယ်။ အုန်းဆီနွေးနွေးရဖို့ အပူပေးပါ။ ပြီးရင်တော့ ဦးရေပြားကို လိမ်းကျံနှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဦးရေပြားသွေးလည်ပတ်မှုကောင်းအောင် လိမ်းရုံမကဘဲ နှိပ်ပေးရမှာ ဖြစ်ပြီး အနည်းဆုံး ငါးမိနစ်လောက်ကြာအောင်လုပ်သင့်ပါတယ်။ ပြီးရင်တော့ ရေချိုးခန်းသုံးခေါင်းစွပ်စွပ်ပြီး အိပ်လိုက်ပါ။

မနက်မိုးလင်းတဲ့အခါ ပုံမှန်လျှော်နေကြ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ရမှာ ဖြစ်ပါတယ်။ ဒီနည်းကို တစ်ပတ် နှစ်ခါလောက်လုပ်ပေးသင့်ပါတယ်။ လုပ်တဲ့အခါမှာ အုန်းဆီစစ်စစ်ရဖို့ အရေးကြီးပါတယ်။

အုန်းဆီနဲ့ လီမွန်ဆီ

ဆံပင်ကိုလိမ်းဖို့အတွက် လိုအပ်သလောက် အုန်းဆီနဲ့လီမွန်ဆီပမာဏကို အပူပေးပါ။ အဆိုပါအဆီနှစ်မျိုးရောထားတဲ့ အဆီကို ဦးရေပြားမှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ နောက်တော့ ၁၀ မိနစ်ကြာအောင်နှိပ်ပေးရပါမယ်။ နှိပ်ပြီးတဲ့အခါ ဆံပင်ကို မိနစ် နှစ်ဆယ်လောက်ထားပြီး ဓာတုဗေဒပစ္စည်းပြင်းပြင်းတွေမပါတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရပါမယ်။ ဒီနည်းကိုတော့ တစ်ပတ် သုံးလေးကြိမ်လုပ်သင့်ပါတယ်။

Credit : lwinpyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top