iMyanmarHouse.com - Best Property Website for Myanmar
×

သာမန္အားျဖင့္ ေမြးကင္းစကေလးငယ္ေတြမွာ "ေခါင္းၾကီး" တာဟာ ေကာင္းတဲ့အခ်က္လုိ႔ မယူဆၾကပါဘူး။ ဒါေပမယ့္ ယူေကႏုိင္ငံက်န္းမာေရးအရင္းအျမစ္ UK Biobank က ေဒတာအခ်က္အလက္ေတြ အသုံးျပဳတဲ့ သုေတသနအရ ဒါဟာ ေမြးကင္းစကေလးေတြအတြက္ ေကာင္းမြန္တဲ့အခ်က္တစ္ခု ျဖစ္ႏုိင္ပါတယ္။ တကယ္တမ္းေတာ့ ဦးေခါင္းခြံပိုၾကီးတဲ့ ကေလးေတြဟာ ဥာဏ္ပိုေကာင္းႏုိင္ေျခ အလားအလာပိုမ်ားတယ္လုိ႔ ေလ့လာေတြ႔ခ်က္ေတြအရ သိရပါတာယ္။

ဒီေလ့လာမႈေနာက္ကြယ္က ႏုိင္ငံတကာသိပၸံပညာရွင္ေတြဟာ မ်ဳိးရုိးဗီဇ၊ IQ နဲ႔ က်န္းမာေရးေတြၾကား ဆက္စပ္မႈေတြ ရွာေဖြေလ့လာခဲ့ၾကပါတယ္။ ျဗိတိသ်ွလူမ်ဳိး အေယာက္ ၁၀၀,၀၀၀ ေက်ာ္ ဆီကေန သူတုိ႔ေနာက္ေၾကာင္းရာဇဝင္ေတြနဲ႔ ဘဝေနထုိင္မႈဆုိင္ရာ အခ်က္အလက္ေတြနဲ႔အတူ ေသြး၊ ဆီးနဲ႔ တံေတြးနမူနာေတြ စုစည္းျပီး အခ်င္းခ်င္းဆက္ႏြယ္ေနမႈ လကၡဏာအတြက္ အခ်က္အလက္ေတြ ခြဲျခမ္းေလ့လာခဲ့ပါတယ္။

ခြဲျခမ္းစိတ္ျဖာမႈျပဳလုပ္ေနခ်ိန္ ေခါင္းၾကီးၾကီးနဲ႔ေမြးတဲ့ လူေတြဟာ ေကာလိပ္ဒီဂရီရရိွႏုိင္ေျခ သိသိသာသာပိုမ်ားျပီး verbal-numerical reasoning test မွာ ရမွတ္ပိုျမင့္ၾကတယ္လုိ႔ သုေတသီေတြက ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ပွ်မ္းမွ် ၁၃.၅ -၁၄ လက္မထက္ ပိုၾကီးတဲ့ ဦးေခါင္းနဲ႔ကေလးေတြဟာ ေနာက္ပုိင္းမွာ ဥာဏ္ရည္ပိုေကာင္းႏုိင္ေျခပိုမ်ားၾကပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သာမန်အားဖြင့် မွေးကင်းစကလေးငယ်တွေမှာ "ခေါင်းကြီး" တာဟာ ကောင်းတဲ့အချက်လို့ မယူဆကြပါဘူး။ ဒါပေမယ့် ယူကေနိုင်ငံကျန်းမာရေးအရင်းအမြစ် UK Biobank က ဒေတာအချက်အလက်တွေ အသုံးပြုတဲ့ သုတေသနအရ ဒါဟာ မွေးကင်းစကလေးတွေအတွက် ကောင်းမွန်တဲ့အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ တကယ်တမ်းတော့ ဦးခေါင်းခွံပိုကြီးတဲ့ ကလေးတွေဟာ ဉာဏ်ပိုကောင်းနိုင်ခြေ အလားအလာပိုများတယ်လို့ လေ့လာတွေ့ချက်တွေအရ သိရပါတာယ်။

ဒီလေ့လာမှုနောက်ကွယ်က နိုင်ငံတကာသိပ္ပံပညာရှင်တွေဟာ မျိုးရိုးဗီဇ၊ IQ နဲ့ ကျန်းမာရေးတွေကြား ဆက်စပ်မှုတွေ ရှာဖွေလေ့လာခဲ့ကြပါတယ်။ ဗြိတိသျှလူမျိုး အယောက် ၁၀၀,၀၀၀ ကျော် ဆီကနေ သူတို့နောက်ကြောင်းရာဇဝင်တွေနဲ့ ဘဝနေထိုင်မှုဆိုင်ရာ အချက်အလက်တွေနဲ့အတူ သွေး၊ ဆီးနဲ့ တံတွေးနမူနာတွေ စုစည်းပြီး အချင်းချင်းဆက်နွယ်နေမှု လက္ခဏာအတွက် အချက်အလက်တွေ ခွဲခြမ်းလေ့လာခဲ့ပါတယ်။

ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်နေချိန် ခေါင်းကြီးကြီးနဲ့မွေးတဲ့ လူတွေဟာ ကောလိပ်ဒီဂရီရရှိနိုင်ခြေ သိသိသာသာပိုများပြီး verbal-numerical reasoning test မှာ ရမှတ်ပိုမြင့်ကြတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ပျှမ်းမျှ ၁၃.၅ -၁၄ လက်မထက် ပိုကြီးတဲ့ ဦးခေါင်းနဲ့ကလေးတွေဟာ နောက်ပိုင်းမှာ ဉာဏ်ရည်ပိုကောင်းနိုင်ခြေပိုများကြပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top