iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးတစ္ဦး အလွျပင္ဆုိင္ တစ္ေခါက္သြားေရာက္ျပီးတဲ့ေနာက္ ဦးေႏွာက္ေသြးေၾကာပိတ္မႈ ျဖစ္ပြားေစခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆို လိုက္တာေၾကာင့္ အခုအခါ ေခါင္းေလွ်ာ္ေဘဇင္ဟာ ဦးေႏွာက္ေသြးေၾကာပိတ္မႈ ျဖစ္ေစႏိုင္ေၾကာင္း ဆရာဝန္မ်ား သတိေပးထားပါတယ္။

ကယ္လ္လီဖုိးနီးယားျပည္နယ္မွ ၄၈ ႏွစ္အရြယ္ Elizabeth Smith ဆိုသူဟာ ၂၀၁၃ ဒီဇင္ဘာလအတြင္း သူမရဲ႕ ဆံပင္အလွျပင္ဆရာထံသြားျပီး မိနစ္ ၁၀ အခ်ိန္ ကုန္ဆုံးေစခဲ့ပါတယ္။

၈ ရက္အၾကာမွာ သူမ ဘယ္ဘက္လက္ေမာင္းနဲ႔ ေျခေထာက္ အားနည္းမႈ ေတြ႔ၾကဳံခံစားခဲ့ျပီး တစ္ပတ္အျပီး ဦးေႏွာက္ေသြးေၾကာပိတ္မႈေဝဒနာ ျပင္းျပင္းထန္ထန္ ခံစားခဲ့ရပါတယ္။

"က်ြန္မ ေအာ့အန္တယ္။ ေခါင္း ပူထူလာျပီး မခံႏုိင္ေတာ့ဘူး။ လက္ေမာင္းေတြနဲ႔ ေျခေထာက္ေတြ ခ်ိနဲ႔ခဲ့တယ္။ က်မ အသက္ရွင္မယ္လုိ႔ သူတို႔ မထင္ခဲ့ဘူး" လုိ႔ သူမက ABC 10News ကို ေျပာျပခဲ့ပါတယ္။

ဦးေႏွာက္ေသြးေၾကာပိတ္မႈ အမ်ားဆုံးျဖစ္ပြားရျခင္းအေၾကာင္းျဖစ္တဲ့ Beauty Parlour Stroke Syndrome ေခၚ အလွျပင္ဆုိင္ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါ အေၾကာင္း ဆရာဝန္မ်ား ရွင္းျပတဲ့အခါ Elizabeth ထိတ္လန္႔တုန္လႈပ္မႈ ျဖစ္ခဲ့ပါတယ္။

အျဖစ္နည္းေပမယ့္ မွတ္တမ္းရိွခဲ့ဖူးတဲ့ ဒီ Beauty Parlour Stroke Syndrome ဟာ လည္ပင္းေသြးတုိးျခင္းေၾကာင့္ ပင္မေသြးလႊတ္ေၾကာ ၄ ခုထဲမွ ေသြးေၾကာတစ္ခုမွာ ေသြးခဲတဲ့အခါ ျဖစ္ေပၚပါတယ္။

လည္ပင္းေသြးတုိးတဲ့အခါ အေနအထား သုိ႔မဟုတ္ အရုိးမ်ား တစ္ခုကေန ေနာက္တစ္ခုသုိ႔ ေျပာင္းလဲေပးျခင္းကေနတဆင့္ ေသြးလႊတ္ေၾကာေပၚ အနည္းငယ္ ဖိခံရမႈရိွႏုိင္ေၾကာင္း Minnesota မွာ ေသြးေၾကာခြဲစိတ္အထူးကုဆရာဝန္ Peter Gloviczki က Self ကုိ ေျပာျပခဲ့ပါတယ္။

ဆံပင္ညွပ္ဆုိင္ေတြမွာ ေသြးတိုးေရာဂါ ပြားႏုိင္သည့္အျပင္ တင္းနစ္ကစားျခင္း၊ သြားစစ္ေဆးျခင္းနဲ႔ ေယာဂထုိင္ျခင္းစတဲ့ တျခားလႈပ္ရွားမႈမ်ားအတြင္းမွာလည္း ျဖစ္ပြားႏုိင္ပါတယ္။

ဒီ Beauty Parlour Stroke Syndrome အႏၱရာယ္ေလ်ာ့နည္းေစဖို႔အတြက္ လည္ပင္းကို ၂၀ ဒီဂရီထက္ ပိုမတိမ္းေစာင္းေစဖုိ႔ သုိ႔မဟုတ္ ေဘဇင္ဘက္သုိ႔ တိမ္းညြတ္ေပးဖုိ႔ ဆရာမ်ား အၾကံျပဳထားပါတယ္ ။

Credit : Trendmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မျိုးသမီးတစ်ဦး အလှပြင်ဆိုင် တစ်ခေါက်သွားရောက်ပြီးတဲ့နောက် ဦးနှောက်သွေးကြောပိတ်မှု ဖြစ်ပွားစေခဲ့ကြောင်း ထုတ်ဖော်ပြောဆို လိုက်တာကြောင့် အခုအခါ ခေါင်းလျှော်ဘေဇင်ဟာ ဦးနှောက်သွေးကြောပိတ်မှု ဖြစ်စေနိုင်ကြောင်း ဆရာဝန်များ သတိပေးထားပါတယ်။

ကယ်လ်လီဖိုးနီးယားပြည်နယ်မှ ၄၈ နှစ်အရွယ် Elizabeth Smith ဆိုသူဟာ ၂၀၁၃ ဒီဇင်ဘာလအတွင်း သူမရဲ့ ဆံပင်အလှပြင်ဆရာထံသွားပြီး မိနစ် ၁၀ အချိန် ကုန်ဆုံးစေခဲ့ပါတယ်။

၈ ရက်အကြာမှာ သူမ ဘယ်ဘက်လက်မောင်းနဲ့ ခြေထောက် အားနည်းမှု တွေ့ကြုံခံစားခဲ့ပြီး တစ်ပတ်အပြီး ဦးနှောက်သွေးကြောပိတ်မှုဝေဒနာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။

"ကျွန်မ အော့အန်တယ်။ ခေါင်း ပူထူလာပြီး မခံနိုင်တော့ဘူး။ လက်မောင်းတွေနဲ့ ခြေထောက်တွေ ချိနဲ့ခဲ့တယ်။ ကျမ အသက်ရှင်မယ်လို့ သူတို့ မထင်ခဲ့ဘူး" လို့ သူမက ABC 10News ကို ပြောပြခဲ့ပါတယ်။

ဦးနှောက်သွေးကြောပိတ်မှု အများဆုံးဖြစ်ပွားရခြင်းအကြောင်းဖြစ်တဲ့ Beauty Parlour Stroke Syndrome ခေါ် အလှပြင်ဆိုင် ဦးနှောက်သွေးကြောပိတ်ရောဂါ အကြောင်း ဆရာဝန်များ ရှင်းပြတဲ့အခါ Elizabeth ထိတ်လန့်တုန်လှုပ်မှု ဖြစ်ခဲ့ပါတယ်။

အဖြစ်နည်းပေမယ့် မှတ်တမ်းရှိခဲ့ဖူးတဲ့ ဒီ Beauty Parlour Stroke Syndrome ဟာ လည်ပင်းသွေးတိုးခြင်းကြောင့် ပင်မသွေးလွှတ်ကြော ၄ ခုထဲမှ သွေးကြောတစ်ခုမှာ သွေးခဲတဲ့အခါ ဖြစ်ပေါ်ပါတယ်။

လည်ပင်းသွေးတိုးတဲ့အခါ အနေအထား သို့မဟုတ် အရိုးများ တစ်ခုကနေ နောက်တစ်ခုသို့ ပြောင်းလဲပေးခြင်းကနေတဆင့် သွေးလွှတ်ကြောပေါ် အနည်းငယ် ဖိခံရမှုရှိနိုင်ကြောင်း Minnesota မှာ သွေးကြောခွဲစိတ်အထူးကုဆရာဝန် Peter Gloviczki က Self ကို ပြောပြခဲ့ပါတယ်။

ဆံပင်ညှပ်ဆိုင်တွေမှာ သွေးတိုးရောဂါ ပွားနိုင်သည့်အပြင် တင်းနစ်ကစားခြင်း၊ သွားစစ်ဆေးခြင်းနဲ့ ယောဂထိုင်ခြင်းစတဲ့ တခြားလှုပ်ရှားမှုများအတွင်းမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

ဒီ Beauty Parlour Stroke Syndrome အန္တရာယ်လျော့နည်းစေဖို့အတွက် လည်ပင်းကို ၂၀ ဒီဂရီထက် ပိုမတိမ်းစောင်းစေဖို့ သို့မဟုတ် ဘေဇင်ဘက်သို့ တိမ်းညွတ်ပေးဖို့ ဆရာများ အကြံပြုထားပါတယ် ။

Credit : Trendmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top