iMyanmarHouse.com - Best Property Website for Myanmar
×





Credit:  7 day daily




Unicode Version

 တောင်ကိုရီးယားမိန်းက လေး အဆိုရှင်အဖွဲ့ Brown Eyed Girls အဖွဲ့ဝင် နာရှာက အောက် တိုဘာတွင် အိမ်ထောင်ပြုတော့ မည်ဟု ဖွင့်ဟပြောကြားလိုက် သည်။

အောက်တိုဘာအတွင်း သက်တူရွယ်တူ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးနှင့် လက်ထပ်မည် ဖြစ်ကြောင်း၊ Seychelles ကျွန်း နိုင်ငံတွင် နှစ်ဦးတည်း လက်ထပ်ပွဲကျင်းပမည်ဖြစ်ကြောင်း နာရှာ ၏ ကိုယ်စားလှယ်တစ်ဦးက ထုတ်ပြန်သည်။

မင်္ဂလာဆောင်မည့်   အ ကြောင်းကို နာရှာက ၎င်းနှင့် ရင်းနှီးသူများအား ပြောကြားထားကာ တိုးတိုးတိတ်တိတ် စီစဉ်နေသည် ဟုဆိုသည်။ Seychelles ကျွန်း တွင် မင်္ဂလာပွဲ ကျင်းပကာ ပျားရည်ဆမ်းခရီးကိုလည်း ယင်းကျွန်း၌ ပင် နေထိုင်မည်ဟု နာရှာကပြော သည်။

သက်တူရွယ်တူတစ်ဦးနှင့် တွဲနေကြောင်း နာရှာက ဧပြီတွင် အတည်ပြုခဲ့ပြီး အိမ်ထောင်ပြုရန် စဉ်းစားနေသည်ဟု ဆိုခဲ့သည်။ နာရှာ၏ခင်ပွန်းလောင်းသည် ဖက်ရှင်လုပ်ငန်းတွင် လုပ်ကိုင်သည် ဟု သိထားကြသည်။

Credit:  7 day daily




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top