iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိဳ႕သူေတြက အေပၚယံ ၾကည့္ရင္ သေဘာေကာင္းတယ္လို႔ ထင္ရေပမဲ့ တကယ္တမ္းမွာ အတြင္းစိတ္အရ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြအေပၚ စိတ္ရင္းေကာင္းသူေတြ မဟုတ္ၾကပါဘူး။

လူေတြၾကားထဲမွာ မိတ္ေဆြေကာင္းျဖစ္ခ်င္ေယာင္ေဆာင္ေနတတ္သူေတြ အၿမဲရွိပါတယ္။ သူတို႔မွာ ဒီလိုလကၡဏာေတြ ရွိပါတယ္။

၁။ အာဏာရွိတဲ့သူ၊ ရာထူးရွိတဲ့သူေတြကို လုိတာထက္ပိုၿပီး ေလးစားဟန္ျပပါတယ္။ ကုိယ့္အတြက္ အသံုးမဝင္သူကို လွည့္ေတာင္မၾကည့္ပါဘူး။

၂။ အျခားသူေတြကို လမ္းညႊန္ေပးသလုိလိုနဲ႔ သူတို႔လိုျဖစ္လာေအာင္၊ အႀကိဳက္ခ်င္း တူလာေအာင္ စည္း႐ံုးပါတယ္။

၃။ အျခားသူေတြရဲ႕ အာ႐ံုစိုက္မႈကို နည္းမ်ိဳးစံုနဲ႔ ရယူတတ္ၾကပါတယ္။

၄။ သူတို႔ ဘယ္ေလာက္တတ္ေျမာက္ေၾကာင္း၊ ဘယ္ေလာက္ေတာ္ေၾကာင္းဆုိတာကို အၿမဲလူေရွ႕မွာ ကိုယ္ရည္ေသြးျပပါတယ္။

၅။ အမ်ားေရွ႕မွာ သေဘာေကာင္းခ်င္ေယာင္၊ စာနာသေယာင္ ေဆာင္တတ္ၾကပါတယ္။ ကြယ္ရာမွာေတာ့ အၿမဲ အတင္းအဖ်င္းေျပာေလ့ရွိပါတယ္။

၆။ ကတိစကား အလြယ္တကူ ေပးေလ့ရွိၿပီး ကတိအတုိင္းမလုပ္ႏုိင္ခဲ့ရင္လည္း ဆင္ေျခအျပည့္ ေပးတတ္ၾကပါတယ္။

၇။ သူတို႔ အရည္အခ်င္းကို ပိုျမင္သာလာေအာင္ အျခားသူကို အျပစ္တင္ဖို႔ ဝန္မေလးသူေတြ ျဖစ္ပါတယ္။

Credit: duwun

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချို့သူတွေက အပေါ်ယံ ကြည့်ရင် သဘောကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာ အတွင်းစိတ်အရ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် စိတ်ရင်းကောင်းသူတွေ မဟုတ်ကြပါဘူး။

လူတွေကြားထဲမှာ မိတ်ဆွေကောင်းဖြစ်ချင်ယောင်ဆောင်နေတတ်သူတွေ အမြဲရှိပါတယ်။ သူတို့မှာ ဒီလိုလက္ခဏာတွေ ရှိပါတယ်။

၁။ အာဏာရှိတဲ့သူ၊ ရာထူးရှိတဲ့သူတွေကို လိုတာထက်ပိုပြီး လေးစားဟန်ပြပါတယ်။ ကိုယ့်အတွက် အသုံးမဝင်သူကို လှည့်တောင်မကြည့်ပါဘူး။

၂။ အခြားသူတွေကို လမ်းညွှန်ပေးသလိုလိုနဲ့ သူတို့လိုဖြစ်လာအောင်၊ အကြိုက်ချင်း တူလာအောင် စည်းရုံးပါတယ်။

၃။ အခြားသူတွေရဲ့ အာရုံစိုက်မှုကို နည်းမျိုးစုံနဲ့ ရယူတတ်ကြပါတယ်။

၄။ သူတို့ ဘယ်လောက်တတ်မြောက်ကြောင်း၊ ဘယ်လောက်တော်ကြောင်းဆိုတာကို အမြဲလူရှေ့မှာ ကိုယ်ရည်သွေးပြပါတယ်။

၅။ အများရှေ့မှာ သဘောကောင်းချင်ယောင်၊ စာနာသယောင် ဆောင်တတ်ကြပါတယ်။ ကွယ်ရာမှာတော့ အမြဲ အတင်းအဖျင်းပြောလေ့ရှိပါတယ်။

၆။ ကတိစကား အလွယ်တကူ ပေးလေ့ရှိပြီး ကတိအတိုင်းမလုပ်နိုင်ခဲ့ရင်လည်း ဆင်ခြေအပြည့် ပေးတတ်ကြပါတယ်။

၇။ သူတို့ အရည်အချင်းကို ပိုမြင်သာလာအောင် အခြားသူကို အပြစ်တင်ဖို့ ဝန်မလေးသူတွေ ဖြစ်ပါတယ်။

Credit: duwun



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top