iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ေရး၊ အခ်စ္ေရးအျပင္ မိဘ၊ ေမာင္ႏွမ၊ သားသမီး၊ သူငယ္ခ်င္းစတဲ့ သင့္ဘဝအတြက္ အေရးပါတဲ့ ဆက္ဆံေရးေတြ အမ်ားႀကီးရွိပါတယ္။ ကိုယ့္စိတ္အလုိလုိက္ၿပီး ျပဳလုပ္လုိက္တဲ့ ျဖစ္ရပ္ေတြက ဘယ္လိုဆက္ဆံေရးမ်ဳိးအေပၚ သက္ေရာက္ေစႏုိင္ၿပီး ဆက္ဆံေရးတစ္ခု အက္ေၾကာင္းထင္သြားတဲ့အခါ ဘယ္သူမွလည္း စိတ္မခ်မ္းေျမ့ရပါဘူး။

ဒါေၾကာင့္ အနည္းဆံုးေတာ့ သင့္ေၾကာင့္ သင္အေလးထားတဲ့ ဆက္္ဆံေရးေတြ မၿပိဳကြဲလုိရင္ ဒီအခ်က္ေတြကို သတိထားေပးဖို႔ လိုပါတယ္။

၁။ အလိမ္အညာေတြ

သင့္ရဲ႕ အရင္းအႏွီးဆံုးသူေတြကို လိမ္ညာေနတာေတြရွိရင္ ေနာက္ထပ္ မလုပ္ပါနဲ႔ေတာ့။ တစ္ဖက္လူက သိသြားတဲ့အခါ နာက်င္သြားမွာျဖစ္သလို သင့္အေပၚ ဘယ္ေတာ့မွလည္း ယံုၾကည္ေတာ့မွာ မဟုတ္ပါဘူး။

၂။ လ်စ္လ်ဴ႐ႈျခင္း

စိတ္ဆုိးလုိ႔ မိခင္၊ အခ်စ္ဆံုးသူငယ္ခ်င္း ဒါမွမဟုတ္ ခ်စ္သူကို လ်စ္လ်ဴ႐ႈမိသလား။ တကယ္သံေယာဇဥ္ မျပတ္ႏိုင္ဘဲနဲ႔ေတာ့ စိတ္ဆုိးတိုင္း အဲဒီလို မလုပ္ပါနဲ႔။ ဒီလုိလုပ္ျခင္းအားျဖင့္ အေျခအေနက ပိုတုိးတက္မလာဘဲ ပိုဆုိးသြားတာပဲ ရွိပါတယ္။

၃။ အေလးမထားျခင္း

တစ္ဖက္သားရဲ႕ သေဘာထားကို နားလည္ေပးဖို႔လုိသလို သူဘာျဖစ္ခ်င္တယ္ဆုိတာလည္း နားေထာင္ေပးဖို႔ အေရးႀကီးပါတယ္။ ကိုယ့္ရဲ႕အရင္းႏွီးဆံုးသူေတြကို အေလးမထားဘဲ ေနျခင္းဟာ သင္တုိ႔ရဲ႕ဆက္ဆံေရး ပ်က္စီးဖို႔ လမ္းစပဲျဖစ္ပါတယ္။

၄။ အဆုိးျမင္ျခင္း

သူ အလုပ္ေတြ႐ႈပ္လုိ႔ အိမ္ျပန္ေနာက္က်တာကို တျခားမိန္းမတစ္ေယာက္ဆီ သြားေနတာ ျဖစ္ႏုိင္တယ္လို႔ ေတြးၿပီး ရန္ရွာတာမ်ဳိး မလုပ္သင့္ပါဘူး။ အိမ္ေထာင္ေရး/အခ်စ္ေရးမွာ ယံုၾကည္မႈကလည္း အဓိကက်ပါတယ္။ သူ႔ကို ယံုၾကည္ေပးလိုက္ပါ။

၅။ ေတာင္းဆုိမႈေတြ မ်ားျခင္း

ဥပမာ - အေမ့ကို အဝတ္အစားဝယ္ေပးဖုိ႔ ေခၚသြားတယ္။ သူ႔မွာက ပို္က္ဆံသိပ္မပါဘူး။ သင္လိုခ်င္တာမ်ားၿပီး သင့္အေမက ဝယ္မေပးႏုိင္ေတာ့ သင့္အေပၚမေကာင္းဘူးဆုိၿပီး ရန္ျဖစ္ရတယ္။ ဒီလိုလုပ္တာဟာ အေမ့ကို နာက်င္ေစတာပဲ ရွိေတာ့မေပါ့။ အဲဒီလုိပဲ ဆက္ဆံေရးတုိင္းမွာ တစ္ဖက္လူဘက္ကေန ၾကည့္ေပးၿပီး မျဖစ္ႏိုင္တာေတြ၊ သူလုပ္မေပးႏုိင္တာေတြကို မေတာင္းဆုိမိပါေစနဲ႔။

၆။ တစ္ဖက္သားရဲ႕ ေမွ်ာ္လင့္ခ်က္ကို ႐ိုက္ခ်ဳိးျခင္း

သူ အရမ္းပင္ပန္းၿပီး အလုပ္က ျပန္လာတယ္။ သူစားဖို႔ တစ္ခုခု သင့္ကို လုပ္ေပးေစခ်င္တယ္။ ဒါေပမဲ့ သင္ကေတာ့ ဘာမွ လုပ္မေပးဘဲ ေရွာ့ပင္ထြက္ခ်င္ေနတယ္။ ဒါဟာ သူ႔ဘက္က ေမွ်ာ္လင့္ခ်က္ကို သင္႐ိုက္ခ်ဳိးလိုက္တာပါပဲ။ ဒါဟာ သူ႔ကို ေဒါသထြက္သြားေစပါတယ္။ အဲဒီေတာ့ အေျခအေနအခ်ိန္အခါၾကည့္ၿပီး ဉာဏ္ရွိရွိ ေတြးေခၚဖုိ႔ လုိပါတယ္။

၇။ သူတုိ႔ဆႏၵကို မေမးဘဲ သင္လုပ္ခ်င္ရာ လုပ္ျခင္း

သင့္ ခ်စ္သူ ဒါမွမဟုတ္ အိမ္ေထာင္ဖက္ရဲ႕ သေဘာဆႏၵကို မေမးျမန္းဘဲ သင္ ကားတစ္စီးဝယ္ဖို႔ ဆံုးျဖတ္လိုက္တယ္။ ဒါ ငါ့ေငြ ငါႀကိဳက္တာလုပ္မယ္ဆုိရင္ သင္တုိ႔ဆက္ဆံေရးက ဆုိးရြားသြားႏုိင္ပါတယ္။ လူတစ္ေယာက္ဟာ ခ်စ္သူ/အိမ္ေထာင္ဖက္ ရွိေနၿပီဆုိရင္ ဆံုးျဖတ္ခ်က္ခ်တုိင္း တစ္ဖက္သားရဲ႕ သေဘာထားကိုလည္း ေမးျမန္းဖို႔ လိုပါတယ္။

၈။ အျပစ္ျမင္ျခင္း

ရန္ျဖစ္တုိင္း တစ္ဖက္လူရဲ႕ အမွားဆုိၿပီး အျမဲအျပစ္တင္ လက္ညႇဳိးထိုးတာ မေကာင္းပါဘူး။ အဲဒီလို အျမဲလုပ္ရင္ သင္တုိ႔ၾကားမွာ ၿငိမ္းခ်မ္းမႈ ရွိေတာ့မွာ မဟုတ္ပါဘူး။

၉။ ေတာင္းပန္စကားမေျပာျခင္း

ကိုယ္မွားမွန္းသိေပမဲ့ မေတာင္းပန္ခ်င္တာကလည္း ေကာင္းတဲ့အက်င့္ မဟုတ္ပါဘူး။ ဘယ္လုိ ဆက္ဆံေရးမွာမဆုိ မွားတဲ့သူက ေတာင္းပန္လုိက္ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈပိုရၿပီး ခ်စ္ခင္မႈေတြ တုိးပြားေစပါတယ္။

၁၀။ တြယ္ကပ္လြန္းျခင္း

သင့္ခ်စ္သူက အလုပ္လုပ္ေနခ်ိန္မွာ တစ္ခ်ိန္လံုး သူ႔ဆီ မက္ေဆ့ေတြ ပို႔ေနတယ္။ သူဘာလုပ္ေနလဲဆုိတာ အေသးစိတ္ အျမဲသိခ်င္တယ္။ ဒါဟာ မွားယြင္းတဲ့ လုပ္ရပ္ပါ။ သူ႔ဘာသာေနဖို႔ အခ်ိန္ေပးၿပီး သူ႔မွာ တာဝန္ေတြနဲ႔ သူ႔ကိုယ္ပိုင္ဘဝ ရွိတယ္ဆုိတာ နားလည္ေပးဖို႔လည္း လိုပါတယ္။

၁၁။ ႐ိုင္းစိုင္းတဲ့ အျပဳအမူ အေျပာအဆုိ

ရန္ျဖစ္တုိင္း တစ္ဖက္သားမခံႏုိင္တဲ့ ႐ိုင္းစိုင္းတဲ့ အျပဳအမူ အေျပာအဆုိေတြ လုပ္မိတယ္ဆုိရင္ ရပ္သင့္ပါတယ္။ ဘယ္ေလာက္ပဲ ေဒါသထြက္ေနပါေစ၊ ကိုယ့္ရဲ႕အျပဳအမူ အေျပာအဆုိကို တတ္ႏုိင္သေလာက္ ယဥ္ေက်းသိမ္ေမြ႕ေအာင္ ႀကိဳးစားပါ။

၁၂။ တစ္ဖက္လူကို ေျပာင္းလဲဖုိ႔ ႀကိဳးစားျခင္း

"စကားေျပာတာက အရမ္းကို ႐ိုးရွင္းလြန္းတယ္။ စတုိင္က်က် ေျပာတတ္ေအာင္ ႀကိဳးစားပါ"။ "လမ္းေလွ်ာက္တာကလည္း ေႏွးေကြးလိုက္တာ။ ျမန္ျမန္ေလွ်ာက္စမ္းပါ" စတဲ့ တစ္ဖက္သားရဲ႕ တစ္သက္လံုး အ႐ိုးစြဲေနတဲ့ အက်င့္ကို ေျပာင္းလဲဖို႔ သင္ႀကိဳးစားမိတယ္ဆုိရင္ ခ်က္ခ်င္းရပ္သင့္ပါတယ္။ သူ ေျပာင္းလဲလာမွာ မဟုတ္ဘဲ စိတ္ညစ္သြားတာပဲ ရွိပါလိမ့္မယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ်ထောင်ရေး၊ အချစ်ရေးအပြင် မိဘ၊ မောင်နှမ၊ သားသမီး၊ သူငယ်ချင်းစတဲ့ သင့်ဘဝအတွက် အရေးပါတဲ့ ဆက်ဆံရေးတွေ အများကြီးရှိပါတယ်။ ကိုယ့်စိတ်အလိုလိုက်ပြီး ပြုလုပ်လိုက်တဲ့ ဖြစ်ရပ်တွေက ဘယ်လိုဆက်ဆံရေးမျိုးအပေါ် သက်ရောက်စေနိုင်ပြီး ဆက်ဆံရေးတစ်ခု အက်ကြောင်းထင်သွားတဲ့အခါ ဘယ်သူမှလည်း စိတ်မချမ်းမြေ့ရပါဘူး။

ဒါကြောင့် အနည်းဆုံးတော့ သင့်ကြောင့် သင်အလေးထားတဲ့ ဆက်ဆံရေးတွေ မပြိုကွဲလိုရင် ဒီအချက်တွေကို သတိထားပေးဖို့ လိုပါတယ်။

၁။ အလိမ်အညာတွေ

သင့်ရဲ့ အရင်းအနှီးဆုံးသူတွေကို လိမ်ညာနေတာတွေရှိရင် နောက်ထပ် မလုပ်ပါနဲ့တော့။ တစ်ဖက်လူက သိသွားတဲ့အခါ နာကျင်သွားမှာဖြစ်သလို သင့်အပေါ် ဘယ်တော့မှလည်း ယုံကြည်တော့မှာ မဟုတ်ပါဘူး။

၂။ လျစ်လျူရှုခြင်း

စိတ်ဆိုးလို့ မိခင်၊ အချစ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် ချစ်သူကို လျစ်လျူရှုမိသလား။ တကယ်သံယောဇဉ် မပြတ်နိုင်ဘဲနဲ့တော့ စိတ်ဆိုးတိုင်း အဲဒီလို မလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် အခြေအနေက ပိုတိုးတက်မလာဘဲ ပိုဆိုးသွားတာပဲ ရှိပါတယ်။

၃။ အလေးမထားခြင်း

တစ်ဖက်သားရဲ့ သဘောထားကို နားလည်ပေးဖို့လိုသလို သူဘာဖြစ်ချင်တယ်ဆိုတာလည်း နားထောင်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရင်းနှီးဆုံးသူတွေကို အလေးမထားဘဲ နေခြင်းဟာ သင်တို့ရဲ့ဆက်ဆံရေး ပျက်စီးဖို့ လမ်းစပဲဖြစ်ပါတယ်။

၄။ အဆိုးမြင်ခြင်း

သူ အလုပ်တွေရှုပ်လို့ အိမ်ပြန်နောက်ကျတာကို တခြားမိန်းမတစ်ယောက်ဆီ သွားနေတာ ဖြစ်နိုင်တယ်လို့ တွေးပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ အိမ်ထောင်ရေး/အချစ်ရေးမှာ ယုံကြည်မှုကလည်း အဓိကကျပါတယ်။ သူ့ကို ယုံကြည်ပေးလိုက်ပါ။

၅။ တောင်းဆိုမှုတွေ များခြင်း

ဥပမာ - အမေ့ကို အဝတ်အစားဝယ်ပေးဖို့ ခေါ်သွားတယ်။ သူ့မှာက ပိုက်ဆံသိပ်မပါဘူး။ သင်လိုချင်တာများပြီး သင့်အမေက ဝယ်မပေးနိုင်တော့ သင့်အပေါ်မကောင်းဘူးဆိုပြီး ရန်ဖြစ်ရတယ်။ ဒီလိုလုပ်တာဟာ အမေ့ကို နာကျင်စေတာပဲ ရှိတော့မပေါ့။ အဲဒီလိုပဲ ဆက်ဆံရေးတိုင်းမှာ တစ်ဖက်လူဘက်ကနေ ကြည့်ပေးပြီး မဖြစ်နိုင်တာတွေ၊ သူလုပ်မပေးနိုင်တာတွေကို မတောင်းဆိုမိပါစေနဲ့။

၆။ တစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခြင်း

သူ အရမ်းပင်ပန်းပြီး အလုပ်က ပြန်လာတယ်။ သူစားဖို့ တစ်ခုခု သင့်ကို လုပ်ပေးစေချင်တယ်။ ဒါပေမဲ့ သင်ကတော့ ဘာမှ လုပ်မပေးဘဲ ရှော့ပင်ထွက်ချင်နေတယ်။ ဒါဟာ သူ့ဘက်က မျှော်လင့်ချက်ကို သင်ရိုက်ချိုးလိုက်တာပါပဲ။ ဒါဟာ သူ့ကို ဒေါသထွက်သွားစေပါတယ်။ အဲဒီတော့ အခြေအနေအချိန်အခါကြည့်ပြီး ဉာဏ်ရှိရှိ တွေးခေါ်ဖို့ လိုပါတယ်။

၇။ သူတို့ဆန္ဒကို မမေးဘဲ သင်လုပ်ချင်ရာ လုပ်ခြင်း

သင့် ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ရဲ့ သဘောဆန္ဒကို မမေးမြန်းဘဲ သင် ကားတစ်စီးဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါ ငါ့ငွေ ငါကြိုက်တာလုပ်မယ်ဆိုရင် သင်တို့ဆက်ဆံရေးက ဆိုးရွားသွားနိုင်ပါတယ်။ လူတစ်ယောက်ဟာ ချစ်သူ/အိမ်ထောင်ဖက် ရှိနေပြီဆိုရင် ဆုံးဖြတ်ချက်ချတိုင်း တစ်ဖက်သားရဲ့ သဘောထားကိုလည်း မေးမြန်းဖို့ လိုပါတယ်။

၈။ အပြစ်မြင်ခြင်း

ရန်ဖြစ်တိုင်း တစ်ဖက်လူရဲ့ အမှားဆိုပြီး အမြဲအပြစ်တင် လက်ညှိုးထိုးတာ မကောင်းပါဘူး။ အဲဒီလို အမြဲလုပ်ရင် သင်တို့ကြားမှာ ငြိမ်းချမ်းမှု ရှိတော့မှာ မဟုတ်ပါဘူး။

၉။ တောင်းပန်စကားမပြောခြင်း

ကိုယ်မှားမှန်းသိပေမဲ့ မတောင်းပန်ချင်တာကလည်း ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ ဘယ်လို ဆက်ဆံရေးမှာမဆို မှားတဲ့သူက တောင်းပန်လိုက်ရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုရပြီး ချစ်ခင်မှုတွေ တိုးပွားစေပါတယ်။

၁၀။ တွယ်ကပ်လွန်းခြင်း

သင့်ချစ်သူက အလုပ်လုပ်နေချိန်မှာ တစ်ချိန်လုံး သူ့ဆီ မက်ဆေ့တွေ ပို့နေတယ်။ သူဘာလုပ်နေလဲဆိုတာ အသေးစိတ် အမြဲသိချင်တယ်။ ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်ပါ။ သူ့ဘာသာနေဖို့ အချိန်ပေးပြီး သူ့မှာ တာဝန်တွေနဲ့ သူ့ကိုယ်ပိုင်ဘဝ ရှိတယ်ဆိုတာ နားလည်ပေးဖို့လည်း လိုပါတယ်။

၁၁။ ရိုင်းစိုင်းတဲ့ အပြုအမူ အပြောအဆို

ရန်ဖြစ်တိုင်း တစ်ဖက်သားမခံနိုင်တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်မိတယ်ဆိုရင် ရပ်သင့်ပါတယ်။ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ ကိုယ့်ရဲ့အပြုအမူ အပြောအဆိုကို တတ်နိုင်သလောက် ယဉ်ကျေးသိမ်မွေ့အောင် ကြိုးစားပါ။

၁၂။ တစ်ဖက်လူကို ပြောင်းလဲဖို့ ကြိုးစားခြင်း

"စကားပြောတာက အရမ်းကို ရိုးရှင်းလွန်းတယ်။ စတိုင်ကျကျ ပြောတတ်အောင် ကြိုးစားပါ"။ "လမ်းလျှောက်တာကလည်း နှေးကွေးလိုက်တာ။ မြန်မြန်လျှောက်စမ်းပါ" စတဲ့ တစ်ဖက်သားရဲ့ တစ်သက်လုံး အရိုးစွဲနေတဲ့ အကျင့်ကို ပြောင်းလဲဖို့ သင်ကြိုးစားမိတယ်ဆိုရင် ချက်ချင်းရပ်သင့်ပါတယ်။ သူ ပြောင်းလဲလာမှာ မဟုတ်ဘဲ စိတ်ညစ်သွားတာပဲ ရှိပါလိမ့်မယ်။

Credit : Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top