iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြအတြက္ အေရးၾကီးတဲ့ အခန္းက႑မွာ ပါ၀င္ေနတဲ့ ဘရာစီယာကို ဘယ္ႏွစ္ရက္တစ္ၾကိမ္ ေလ်ွာ္ေပးသင့္သလဲဆုိတာ အေရးၾကီးတဲ့ ေမးခြန္းတစ္ခုပါ။ တစ္ကိုယ္ေရ သန္႔႐ွင္းမႈဆိုတာကို ထည့္မတြက္လို႔မရသလို ဘရာစီယာ ေကာင္းတစ္ထည္ကို ေသခ်ာထိန္းထိန္းသိမ္းသိမ္းေလး ၀တ္ႏိုင္ဖုိ႔ကလည္း အေရးၾကီးေနျပန္ပါတယ္။ ဒီေတာ့ အဲ့ဒီအခ်က္ေလးနဲ႔ ပတ္သက္ျပီး ေျပာျပေပးခ်င္ပါတယ္။

ဘရာစီယာကို တစ္ခါ၀တ္ျပီးတိုင္း တစ္ခါ ေလ်ွာ္စရာ မလိုပါဘူး။
ဘရာစီယာကို ၀တ္ျပီးတုိင္း ေလ်ွာ္မယ္ဆုိ၇င္ သူ႕အထဲမွာ ပါ၀င္ဖြဲ႔စည္းထားတဲ့ အီလက္စတစ္အသားေတြ ေလ်ာ့ရဲသြားပါလိမ့္မယ္။ သင့္ရင္သားကို ေထာက္ပံ့ေပးထားတဲ့ ပံုစံခြက္ကလည္း ပံုမက် ပန္းမက် ျဖစ္လာပါလိမ့္မယ္။ ဒီလို ပံုမက်တဲ့ ဘရာကို ဆက္၀တ္ေနမယ္ဆုိရင္ေတာ့ သင့္ရင္သားအတြက္ အဆင္မေျပႏိုင္ေတာ့ပါဘူး။

တကယ္လို႔ သင္ဟာ ေခၩးအရမ္းမထြက္ဘူးဆုိရင္ေတာ့ ႏွစ္ခါ သံုးခါ ၀တ္ျပီးမွသာ ေလ်ွာ္ေပးပါ။
သင္ဟာ အဆီအရမ္းမထြက္ဘူး၊ ေခၩးလည္းအရမ္းမျပန္ဘူးဆုိရင္ေတာ့ သင့္ဘရာကို သံုးေလးခါ ၀တ္ျပီးမွ ေလ်ာ္ဖုိ႔အဆင္ေျပပါတယ္။ ခၩတ္ျပီး လွန္းထားတာမ်ိဳးလုပ္ႏိုင္ပါတယ္။ ျပီးေတာ့မွ ျပန္၀တ္ခ်င္၀တ္လိုက္ေပါ့။ ဒါေပမယ့္ သင္က ေခၩးအရမ္းထြက္တတ္တဲ့သူ ဆုိရင္ေတာ့ ေလ်ာ္၀တ္ရေတာ့မွာပါ။ အဆီ ထြက္တဲ့သူကလည္း ဒီလိုပါပဲ။ တစ္ခါ၀တ္ျပီးတိုင္း ေလ်ွာ္၀တ္ဖုိ႔ လိုပါတယ္။ ေနာက္တစ္ခ်က္က အားကစားလုပ္ရင္း ၀တ္ထားတဲ့ ဘရာေတြကိုေတာ့  လုပ္ျပီးျပီးခ်င္းကို ခၩတ္ေလ်ွာ္သင့္ပါတယ္။

ေလ်ွာ္တဲ့အခါ လက္နဲ႔မေလ်ွာ္ႏိုင္ရင္ စက္နဲ႕အနိမ့္ဆံုးအဆင့္ထားျပီး ေလ်ွာ္ပါ။ စက္နဲ႔တအားထည့္လွည့္လိုက္ရင္ ဘရာပံုစံခြက္ ပ်က္သြားႏိုင္တာေၾကာင့္ပါ။ ဒါ့အျပင္ သူ႕ကိုထားတဲ့အခါမွာ အံဆြဲထဲ ထည့္သိမ္းတာထက္ ခ်ိတ္နဲ႔ခ်ိတ္ျပီး ထားတာအေကာင္းဆံုးပါပဲ။

Credit : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဘရာစီယာကို ဘယ်နှစ်ရက်တစ်ကြိမ် လျှော်ပေးသင့်သလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုတာကို ထည့်မတွက်လို့မရသလို ဘရာစီယာ ကောင်းတစ်ထည်ကို သေချာထိန်းထိန်းသိမ်းသိမ်းလေး ဝတ်နိုင်ဖို့ကလည်း အရေးကြီးနေပြန်ပါတယ်။ ဒီတော့ အဲ့ဒီအချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ဘရာစီယာကို တစ်ခါဝတ်ပြီးတိုင်း တစ်ခါ လျှော်စရာ မလိုပါဘူး။
ဘရာစီယာကို ဝတ်ပြီးတိုင်း လျှော်မယ်ဆို၇င် သူ့အထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အီလက်စတစ်အသားတွေ လျော့ရဲသွားပါလိမ့်မယ်။ သင့်ရင်သားကို ထောက်ပံ့ပေးထားတဲ့ ပုံစံခွက်ကလည်း ပုံမကျ ပန်းမကျ ဖြစ်လာပါလိမ့်မယ်။ ဒီလို ပုံမကျတဲ့ ဘရာကို ဆက်ဝတ်နေမယ်ဆိုရင်တော့ သင့်ရင်သားအတွက် အဆင်မပြေနိုင်တော့ပါဘူး။

တကယ်လို့ သင်ဟာ ခ္ဈေးအရမ်းမထွက်ဘူးဆိုရင်တော့ နှစ်ခါ သုံးခါ ဝတ်ပြီးမှသာ လျှော်ပေးပါ။
သင်ဟာ အဆီအရမ်းမထွက်ဘူး၊ ခ္ဈေးလည်းအရမ်းမပြန်ဘူးဆိုရင်တော့ သင့်ဘရာကို သုံးလေးခါ ဝတ်ပြီးမှ လျော်ဖို့အဆင်ပြေပါတယ်။ ခ္ဈတ်ပြီး လှန်းထားတာမျိုးလုပ်နိုင်ပါတယ်။ ပြီးတော့မှ ပြန်ဝတ်ချင်ဝတ်လိုက်ပေါ့။ ဒါပေမယ့် သင်က ခ္ဈေးအရမ်းထွက်တတ်တဲ့သူ ဆိုရင်တော့ လျော်ဝတ်ရတော့မှာပါ။ အဆီ ထွက်တဲ့သူကလည်း ဒီလိုပါပဲ။ တစ်ခါဝတ်ပြီးတိုင်း လျှော်ဝတ်ဖို့ လိုပါတယ်။ နောက်တစ်ချက်က အားကစားလုပ်ရင်း ဝတ်ထားတဲ့ ဘရာတွေကိုတော့  လုပ်ပြီးပြီးချင်းကို ခ္ဈတ်လျှော်သင့်ပါတယ်။

လျှော်တဲ့အခါ လက်နဲ့မလျှော်နိုင်ရင် စက်နဲ့အနိမ့်ဆုံးအဆင့်ထားပြီး လျှော်ပါ။ စက်နဲ့တအားထည့်လှည့်လိုက်ရင် ဘရာပုံစံခွက် ပျက်သွားနိုင်တာကြောင့်ပါ။ ဒါ့အပြင် သူ့ကိုထားတဲ့အခါမှာ အံဆွဲထဲ ထည့်သိမ်းတာထက် ချိတ်နဲ့ချိတ်ပြီး ထားတာအကောင်းဆုံးပါပဲ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top