iMyanmarHouse.com - Best Property Website for Myanmar
×







Credit: duwun






#Unicode Version


ည ၇ နာရီကျော်မှ ညစာစားခြင်းက နှလုံးဖောက်ပြန်ခြင်းဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

ယူကေမှာဆိုရင် နေ့စဉ် နှလုံးဖောက်ပြန်လို့ ဆေးရုံရောက်လာတဲ့သူ ၅၀၀ ကျော်ရှိပါတယ်။

အစာစားချိန် နောက်ကျခြင်းနဲ့ နှလုံးဖောက်ပြန်စေတဲ့ သွေးဖိအားမြင့်တက်မှုကြားမှာ ဆက်စပ်မှုရှိကြောင်း လေ့လာမှုတစ်ခုက ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်နိုင်တာ ဖြစ်ပါတယ်။

အစာစားပုံနဲ့ အစာစားချိန် မတူညီတဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၆၅ နှစ်ကြား လူ ၇၀၀ ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

စားတဲ့ အစားအစာ၊ ဆားပါမှုနှုန်းအပြင် မနက်စာနဲ့ နေ့လယ်စာ ဘာတွေစားတယ်ဆိုတာကိုပါ ယင်းလေ့လာမှုမှာ ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။

ဒါပေမဲ့ ညစာစားချိန်နောက်ကျခြင်းဟာ ညဘက် သွေးဖိအား မြင့်တက်ခြင်းအပေါ် သက်ရောက်မှု အကြီးမားဆုံးဖြစ်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top