iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြမွာ စကားအရမ္းေျပာတာထက္ ဆိ္ုးတဲ့အက်င့္တစ္ခုရွိပါတယ္။ အဲဒါကေတာ့ ဘာစကားမွ မေျပာေတာ့တာပါပဲ။ တိတ္ဆိတ္ေနတဲ့ အျပဳအမူဆုိတာ အမ်ိဳးသမီးေတြရဲ႕ လက္နက္ေတြထဲက တစ္ပါးပါပဲ။ က်န္တာေတြကေတာ့ ငိုတာနဲ႕ ျမည္တြန္ေတာက္တီးတာေတြေပါ့။

 တကယ္လုိ႕မ်ား သင့္အမ်ိဳးသမီးအေနနဲ႕ ဘာစကားမွ လက္ခံေျပာဆိုလုိ႕မရေတာ့တဲ့အခါ ဘာေၾကာင့္လဲ ေ၀ခဲြရခက္ေနရင္ေတာ့ သူတုိ႔စိတ္ထဲေတြးေနတာေလးေတြ ေျပာျပေပးခ်င္ပါတယ္။

(၁)     ငါေတာ့ အမွားႀကီးတစ္ခု လုပ္မိခဲ့တာပါလား

ခ်စ္ခရီးလမ္းရဲ႕ ကနဦးအစမွာ ေမွ်ာ္လင့္ခဲ့ရတဲ့ အရာေတြဟာ တျဖည္းျဖည္းနဲ႕ မျဖစ္လာႏုိင္မွန္း သိလာတဲ့အခါ သူမဟာ အေႏွးနဲ႕အျမန္ဆုိသလို ဒီခ်စ္ျခင္းကို စိတ္ကုန္လာပါတယ္။ ဒီအခါမွာေတာ့ သင့္မ်က္၀န္းေတြကို စိုက္ၾကည့္ကာ ဘာစကားမွ မေျပာႏုိင္ဘဲ စိတ္ထဲကေနသာ ၀မ္းနည္းယူက်ံဳးမရမႈ ေတြကို တီးတိုးေရရြတ္ေနပါလိမ့္မယ္။

(၂)     ဒီအေၾကာင္းကို ေျပာဖုိ႕အရမ္းစိတ္ကုန္ေနတယ္

သူမဟာ သင့္ကိုေက်ာခုိင္းလုိ႕ သင့္အၾကည့္ေတြကို ေရွာင္ဖယ္ၿပီး ေခါင္းကိုသာ ခါရမ္းေနပါလိမ့္မယ္။ ဒီအခါမွာ သင္တုိ႕ႏွစ္ေယာက္ ဒီအေၾကာင္းကို ေဆြးေႏြးဖုိ႕ သူမအေနနဲ႕ အလြန္စိတ္ကုန္ေနၿပီဆုိတာ သိသင့္ပါတယ္။

(၃)     ငါဒီအေၾကာင္းကို ေျပာသင့္သလား

အားလပ္ရက္ရေနတဲ့ တနဂၤေႏြလိုေန႕လည္မ်ိဳးမွာ Johnny Depp ရဲ႕ ေနာက္ဆံုးဇာတ္ကား အေၾကာင္း သင္ေျပာျပေနတဲ့အခါ ေတြေ၀ေငးေမာတဲ့မ်က္လံုးေတြနဲ႕ သူမက မလႈပ္မယွက္ သင့္ကို ၾကည့္ေနမိလိမ့္မယ္။ တကယ့္စိတ္ထဲမွာေတာ့ သူမရဲ႕ အထက္တန္းေက်ာင္းက ရည္းစားေဟာင္း မေန႕က သူမကိုဖုန္းဆက္တဲ့အေၾကာင္း သင့္ကို ေျပာသင့္/မေျပာသင့္ စဥ္းစားေနတာမ်ိဳး ျဖစ္ပါလိမ့္မယ္။

(၄)     ငါ စိတ္ေပါက္ေနတာကို တကယ္ပဲ မသိႏုိင္ဘူးလား

သင္ကေတာ့ ဘာအမွားမွမက်ဴးလြန္ထားဘူးလုိ႕ ထင္လိမ့္မယ္။ ဒါေပမယ့္ သူမေမွ်ာ္လင့္ထားတဲ့ အခ်ိန္ ၊ ေနရာနဲ႕ ေန႔ရက္တစ္ခုခုမွာ သင္က သိပ္ၿပီးတက္ၾကြတဲ့ ၊ စိတ္လႈပ္ရွားတဲ့အသြင္အျပင္နဲ႕ မရွိမိဘူးဆုိရင္ေပါ့။ သူမကို ဂရုစိုက္ရမယ့္အစား မသိလိုက္ မသိဖာသာ ေနမိတဲ့အခါမ်ိဳးမွာ ဒီလိုအမူအရာမ်ိဳး ရွိတတ္ပါတယ္။

(၅)     တကယ္လုိ႕သာ ငါ့ေဒါသေတြကို မထိန္းထားဘူးဆုိရင္ တကယ္ဆုိးရြားတဲ့စကားေတြ ေျပာမိေတာ့မယ္

ဟုတ္ပါတယ္။ သူမအေနနဲ႕ အရမ္းကို ေဒါသထြက္ခံျပင္းေနတဲ့ အခါမ်ိဳးမွာ ဘာစကားမွ မေျပာတာ ပိုေကာင္းပါတယ္။ မဟုတ္ရင္ေတာ့ သူမရဲ႕ ရင့္သီးတဲ့စကားလံုးေတြက တဆင့္ ဒီထက္ပုိၿပီး ျပႆနာႀကီးထြားလာႏုိင္ပါတယ္။

(၆)     တစ္စံုတစ္ရာထပ္ၿပီး ေျဖရွင္းလုိက္ခ်င္ေပမယ့္ သူနာက်င္ခံစားသြားရမွာကို မလိုလားဘူး

သင့္ရဲ႕အျပစ္တစ္ခုနဲ႕ ပတ္သက္ၿပီး သူမက တစ္စံုတစ္ရာ အတိအက် သိထားေပမယ့္ သင္ကလံုး၀ ၀န္မခံတဲ့အခါမ်ိဳးမွာေပါ့။ ဒီအခါမွာ သင့္ကို သနားတဲ့အၾကည့္ေတြနဲ႕ သက္ျပင္းေတြ ခ်လုိ႕ ခပ္မဆိတ္ဘဲ ေနလုိက္ပါလိမ့္မယ္။

(၇)     ဒီအတြက္ အိမ္ေရာက္ေရာက္ခ်င္း ေျဖရွင္းရလိမ့္မယ္

တခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကေတာ့ ေဒါသသံပါတဲ့ စကားေတြကို လူအမ်ားၾကားမွာ ေျပာဖုိ႕ ဆႏၵမရွိတတ္ၾကပါဘူး။ ဒါေၾကာင့္ အိမ္ေရာက္တဲ့ အခ်ိန္ထိတိုင္ေအာင္ မ်ိဳသိပ္ၿပီး တလမ္းလံုး စကားတစ္ခြန္းမွ မေျပာဘဲ လုိက္ပါလာပါလိမ့္မယ္။

ဒီေလာက္ဆုိရင္ေတာ့ အမ်ိဳးသမီးေတြ တိတ္တဆိတ္ေနတဲ့အခါ စကားမ်ားတာထက္ ပိုၿပီး အႏၱရာယ္ရွိေၾကာင္း သိေလာက္ၿပီေပါ့။


Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးတွေမှာ စကားအရမ်းပြောတာထက် ဆိုးတဲ့အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဘာစကားမှ မပြောတော့တာပါပဲ။ တိတ်ဆိတ်နေတဲ့ အပြုအမူဆိုတာ အမျိုးသမီးတွေရဲ့ လက်နက်တွေထဲက တစ်ပါးပါပဲ။ ကျန်တာတွေကတော့ ငိုတာနဲ့ မြည်တွန်တောက်တီးတာတွေပေါ့။

 တကယ်လို့များ သင့်အမျိုးသမီးအနေနဲ့ ဘာစကားမှ လက်ခံပြောဆိုလို့မရတော့တဲ့အခါ ဘာကြောင့်လဲ ဝေခွဲရခက်နေရင်တော့ သူတို့စိတ်ထဲတွေးနေတာလေးတွေ ပြောပြပေးချင်ပါတယ်။

(၁)     ငါတော့ အမှားကြီးတစ်ခု လုပ်မိခဲ့တာပါလား

ချစ်ခရီးလမ်းရဲ့ ကနဦးအစမှာ မျှော်လင့်ခဲ့ရတဲ့ အရာတွေဟာ တဖြည်းဖြည်းနဲ့ မဖြစ်လာနိုင်မှန်း သိလာတဲ့အခါ သူမဟာ အနှေးနဲ့အမြန်ဆိုသလို ဒီချစ်ခြင်းကို စိတ်ကုန်လာပါတယ်။ ဒီအခါမှာတော့ သင့်မျက်ဝန်းတွေကို စိုက်ကြည့်ကာ ဘာစကားမှ မပြောနိုင်ဘဲ စိတ်ထဲကနေသာ ဝမ်းနည်းယူကျုံးမရမှု တွေကို တီးတိုးရေရွတ်နေပါလိမ့်မယ်။

(၂)     ဒီအကြောင်းကို ပြောဖို့အရမ်းစိတ်ကုန်နေတယ်

သူမဟာ သင့်ကိုကျောခိုင်းလို့ သင့်အကြည့်တွေကို ရှောင်ဖယ်ပြီး ခေါင်းကိုသာ ခါရမ်းနေပါလိမ့်မယ်။ ဒီအခါမှာ သင်တို့နှစ်ယောက် ဒီအကြောင်းကို ဆွေးနွေးဖို့ သူမအနေနဲ့ အလွန်စိတ်ကုန်နေပြီဆိုတာ သိသင့်ပါတယ်။

(၃)     ငါဒီအကြောင်းကို ပြောသင့်သလား

အားလပ်ရက်ရနေတဲ့ တနင်္ဂနွေလိုနေ့လည်မျိုးမှာ Johnny Depp ရဲ့ နောက်ဆုံးဇာတ်ကား အကြောင်း သင်ပြောပြနေတဲ့အခါ တွေဝေငေးမောတဲ့မျက်လုံးတွေနဲ့ သူမက မလှုပ်မယှက် သင့်ကို ကြည့်နေမိလိမ့်မယ်။ တကယ့်စိတ်ထဲမှာတော့ သူမရဲ့ အထက်တန်းကျောင်းက ရည်းစားဟောင်း မနေ့က သူမကိုဖုန်းဆက်တဲ့အကြောင်း သင့်ကို ပြောသင့်/မပြောသင့် စဉ်းစားနေတာမျိုး ဖြစ်ပါလိမ့်မယ်။

(၄)     ငါ စိတ်ပေါက်နေတာကို တကယ်ပဲ မသိနိုင်ဘူးလား

သင်ကတော့ ဘာအမှားမှမကျူးလွန်ထားဘူးလို့ ထင်လိမ့်မယ်။ ဒါပေမယ့် သူမမျှော်လင့်ထားတဲ့ အချိန် ၊ နေရာနဲ့ နေ့ရက်တစ်ခုခုမှာ သင်က သိပ်ပြီးတက်ကြွတဲ့ ၊ စိတ်လှုပ်ရှားတဲ့အသွင်အပြင်နဲ့ မရှိမိဘူးဆိုရင်ပေါ့။ သူမကို ဂရုစိုက်ရမယ့်အစား မသိလိုက် မသိဖာသာ နေမိတဲ့အခါမျိုးမှာ ဒီလိုအမူအရာမျိုး ရှိတတ်ပါတယ်။

(၅)     တကယ်လို့သာ ငါ့ဒေါသတွေကို မထိန်းထားဘူးဆိုရင် တကယ်ဆိုးရွားတဲ့စကားတွေ ပြောမိတော့မယ်

ဟုတ်ပါတယ်။ သူမအနေနဲ့ အရမ်းကို ဒေါသထွက်ခံပြင်းနေတဲ့ အခါမျိုးမှာ ဘာစကားမှ မပြောတာ ပိုကောင်းပါတယ်။ မဟုတ်ရင်တော့ သူမရဲ့ ရင့်သီးတဲ့စကားလုံးတွေက တဆင့် ဒီထက်ပိုပြီး ပြဿနာကြီးထွားလာနိုင်ပါတယ်။

(၆)     တစ်စုံတစ်ရာထပ်ပြီး ဖြေရှင်းလိုက်ချင်ပေမယ့် သူနာကျင်ခံစားသွားရမှာကို မလိုလားဘူး

သင့်ရဲ့အပြစ်တစ်ခုနဲ့ ပတ်သက်ပြီး သူမက တစ်စုံတစ်ရာ အတိအကျ သိထားပေမယ့် သင်ကလုံး၀ ဝန်မခံတဲ့အခါမျိုးမှာပေါ့။ ဒီအခါမှာ သင့်ကို သနားတဲ့အကြည့်တွေနဲ့ သက်ပြင်းတွေ ချလို့ ခပ်မဆိတ်ဘဲ နေလိုက်ပါလိမ့်မယ်။

(၇)     ဒီအတွက် အိမ်ရောက်ရောက်ချင်း ဖြေရှင်းရလိမ့်မယ်

တချို့သော အမျိုးသမီးတွေကတော့ ဒေါသသံပါတဲ့ စကားတွေကို လူအများကြားမှာ ပြောဖို့ ဆန္ဒမရှိတတ်ကြပါဘူး။ ဒါကြောင့် အိမ်ရောက်တဲ့ အချိန်ထိတိုင်အောင် မျိုသိပ်ပြီး တလမ်းလုံး စကားတစ်ခွန်းမှ မပြောဘဲ လိုက်ပါလာပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ အမျိုးသမီးတွေ တိတ်တဆိတ်နေတဲ့အခါ စကားများတာထက် ပိုပြီး အန္တရာယ်ရှိကြောင်း သိလောက်ပြီပေါ့။


Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top