iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်င္းေဘာင္းဘီေကာင္းတစ္ထည္ ရွိေနရင္ အဲ့ဒီတစ္ထည္ကို အနည္းဆံုး ၅ႏွစ္ကေန ၁၀ႏွစ္ပါး ၀တ္လို႔ရပါတယ္တဲ့။ ဒီ့ထက္ပို၀တ္လို႔ရတဲ့ ေဘာင္းဘီေတြလည္း ရွိပါေသးတယ္။ ဒါေပမယ့္ ဒီလိုၾကာရွည္၀တ္လို႔ရႏိုင္ဖုိ႔ဆိုရင္ ကိုယ္၀တ္မယ့္ ဂ်င္းေဘာင္းဘီ brand ရယ္၊ ကိုယ့္ေဘာင္းဘီကို ဘယ္လိုထိန္းသိမ္းသလဲ ဆိုတာရယ္ေပၚမွာ မူတည္သြားပါၿပီ။ ဒီေတာ့ ဂ်င္းေဘာင္ဘီေတြကို တာရွည္ခံႏိုင္ ထိန္းသိမ္းရမယ့္ နည္းေလးေတြ အားလံုးသိႏိုင္ဖုိ႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ဂ်င္းေဘာင္းဘီကို တစ္ခါ၀တ္၊ တစ္ခါေလွ်ာ္ မလုပ္ပါနဲ႔။ သူက ေလွ်ာ္တာနည္းေလ၊ အေရာင္မလြင့္ပဲ ၾကာရွည္ခံေလပါ။ ႏွစ္ခါ၊ သံုးခါ ၀တ္ၿပီးလို႔ ေလွ်ာ္မယ္ဆိုရင္လည္း လက္နဲ႔ေလွ်ာ္ေလွ်ာ္၊ စက္နဲ႔ေလွ်ာ္ေလွ်ာ္ ရိုက္ေလွ်ာ္တာမ်ိဳး၊ ေဆာင့္ဆြဲတာမ်ိဳးေတြ မလုပ္မိဖုိ႔အေရးႀကီးပါတယ္။ ေနာက္တစ္ခ်က္က အေျခာက္ခံစက္ထဲ လံုး၀မထည့္မိဖို႔ပါပဲ။

၂။ဖေယာင္းသားလိုမ်ိဳး ပါေနတဲ့ ဂ်င္းေဘာင္းဘီမ်ိဳးဆိုရင္လည္း မေလွ်ာ္တာအေကာင္းဆံုးပါ။ အဲ့ဒီလို ေဘာင္းဘီမ်ိဳးကို အနံ႔ေပ်ာက္ေအာင္လုပ္ခ်င္တယ္ဆိုရင္လည္း ပလတ္စတစ္အိတ္ထဲထည့္၊ ၿပီးတာနဲ႔႔ ေရခဲေသတၱာလို ေအးတဲ့ေနရာတစ္ခုခုထဲမွာ တစ္ညေလာက္ထည့္ထားလိုက္ပါ။

၃။အေရာင္ရင့္တဲ့ ဂ်င္းေတြဆိုရင္ အေရာင္မလြင့္ေအာင္ ေရေအးနဲ႔ ေလွ်ာ္ပါ။ အေရာင္ေဖ်ာ့တဲ့ ဂ်င္းေတြကေတာ့ ဘာနဲ႔ေလွ်ာ္ေလွ်ာ္ အိုေကပါတယ္။

၄။၀ယ္ထားတဲ့ ေဘာင္းဘီကို မႀကိဳက္ေတာ့လုိ႔ ျပင္ဖုိ႔အတြက္ အပ္ခ်ဳပ္ဆိုင္သြားေတာ့မယ္ဆုိရင္ ဘယ္လုိပံုစံျပင္မွာလည္းဆိုတာ ကုိယ့္ဘာသာကိုယ္အရင္စဥ္းစားပါ။ ျပင္လုိက္တဲ့ေဘာင္းဘီနဲ႔ လိုက္ဖက္တဲ့ ဖိနပ္ ကုိယ့္မွာရွိသလားဆိုတာလည္း ႀကိဳစဥ္းစားထားပါ။

၅။ခ်ည္သား၊ လည္သာ စတာေတြနဲ႔ ေရာခ်ဳပ္ထားတဲ့ ဂ်င္းေဘာင္းဘီမ်ိဳးဆိုရင္ေတာ့ ၀ယ္တဲ့အခါလိုက္နာဖုိ႔ ညႊန္းထားတဲ့ အညႊန္းကို ေသခ်ာဖတ္ဖုိ႔လိုပါတယ္။

၆။ကိုယ့္ဆီက ဂ်င္းေဘာင္းဘီကို ကိုယ့္ဘာသာကိုယ္ အတုိျဖတ္၀တ္ဖုိ႔ စဥ္းစားထားတယ္ဆုိရင္ ပထမဆံုးအေနနဲ႔ အဲ့ဒီေဘာင္းဘီကို ဘယ္ေနရာကျဖတ္မယ္ဆိုတာ ေသေသခ်ာခ်ာ ခဲတံနဲ႔ျဖစ္ျဖစ္ လုိင္းတာပါ။ အဲ့ဒီေနာက္ ညွပ္မယ့္ေနရာထက္ နည္းနည္းအသားကိုပိုယူၿပီး ညွပ္ပါ။ ဒါမွသာ အရမ္းတိုသြားတာမ်ိဳး မျဖစ္ႏိုင္မွာပါ။ ျဖစ္ႏိုင္ရင္ ကိုယ့္မွာရွိၿပီးသား ေဘာင္းဘီကို ျဖတ္မယ့္ေဘာင္းဘီေပၚတင္ၿပီး အတုိင္းယူေစခ်င္ပါတယ္။

၇။ဂ်င္းေဘာင္းဘီမွာ ေစ်းႀကီးတာေၾကာင့္  ကိုယ္နဲ႔ပိုအဆင္ေျပၿပီး၊ ေစ်းေပါလို႔ ကိုယ္နဲ႔မလိုက္ဖက္တာမ်ိဳး မရွိပါဘူး။ ဒါ့ေၾကာင့္ ကုိယ္နဲ႔လိုက္ဖက္တဲ့ ဒီဇိုင္းကို ေသခ်ာေရြး၀ယ္ပါ။ ကုိယ္ဘယ္လိုဒီဇိုင္းမ်ိဳး လိုခ်င္တယ္ဆိုတာ ကိုယ့္ဘာသာကိုယ္ သိေအာင္လုပ္ပါ။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ဂျင်းဘောင်းဘီကောင်းတစ်ထည် ရှိနေရင် အဲ့ဒီတစ်ထည်ကို အနည်းဆုံး ၅နှစ်ကနေ ၁၀နှစ်ပါး ဝတ်လို့ရပါတယ်တဲ့။ ဒီ့ထက်ပိုဝတ်လို့ရတဲ့ ဘောင်းဘီတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ဒီလိုကြာရှည်ဝတ်လို့ရနိုင်ဖို့ဆိုရင် ကိုယ်ဝတ်မယ့် ဂျင်းဘောင်းဘီ brand ရယ်၊ ကိုယ့်ဘောင်းဘီကို ဘယ်လိုထိန်းသိမ်းသလဲ ဆိုတာရယ်ပေါ်မှာ မူတည်သွားပါပြီ။ ဒီတော့ ဂျင်းဘောင်ဘီတွေကို တာရှည်ခံနိုင် ထိန်းသိမ်းရမယ့် နည်းလေးတွေ အားလုံးသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ဂျင်းဘောင်းဘီကို တစ်ခါဝတ်၊ တစ်ခါလျှော် မလုပ်ပါနဲ့။ သူက လျှော်တာနည်းလေ၊ အရောင်မလွင့်ပဲ ကြာရှည်ခံလေပါ။ နှစ်ခါ၊ သုံးခါ ဝတ်ပြီးလို့ လျှော်မယ်ဆိုရင်လည်း လက်နဲ့လျှော်လျှော်၊ စက်နဲ့လျှော်လျှော် ရိုက်လျှော်တာမျိုး၊ ဆောင့်ဆွဲတာမျိုးတွေ မလုပ်မိဖို့အရေးကြီးပါတယ်။ နောက်တစ်ချက်က အခြောက်ခံစက်ထဲ လုံးဝမထည့်မိဖို့ပါပဲ။

၂။ဖယောင်းသားလိုမျိုး ပါနေတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်လည်း မလျှော်တာအကောင်းဆုံးပါ။ အဲ့ဒီလို ဘောင်းဘီမျိုးကို အနံ့ပျောက်အောင်လုပ်ချင်တယ်ဆိုရင်လည်း ပလတ်စတစ်အိတ်ထဲထည့်၊ ပြီးတာနဲ့ ရေခဲသေတ္တာလို အေးတဲ့နေရာတစ်ခုခုထဲမှာ တစ်ညလောက်ထည့်ထားလိုက်ပါ။

၃။အရောင်ရင့်တဲ့ ဂျင်းတွေဆိုရင် အရောင်မလွင့်အောင် ရေအေးနဲ့ လျှော်ပါ။ အရောင်ဖျော့တဲ့ ဂျင်းတွေကတော့ ဘာနဲ့လျှော်လျှော် အိုကေပါတယ်။

၄။ဝယ်ထားတဲ့ ဘောင်းဘီကို မကြိုက်တော့လို့ ပြင်ဖို့အတွက် အပ်ချုပ်ဆိုင်သွားတော့မယ်ဆိုရင် ဘယ်လိုပုံစံပြင်မှာလည်းဆိုတာ ကိုယ့်ဘာသာကိုယ်အရင်စဉ်းစားပါ။ ပြင်လိုက်တဲ့ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ ဖိနပ် ကိုယ့်မှာရှိသလားဆိုတာလည်း ကြိုစဉ်းစားထားပါ။

၅။ချည်သား၊ လည်သာ စတာတွေနဲ့ ရောချုပ်ထားတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်တော့ ဝယ်တဲ့အခါလိုက်နာဖို့ ညွှန်းထားတဲ့ အညွှန်းကို သေချာဖတ်ဖို့လိုပါတယ်။

၆။ကိုယ့်ဆီက ဂျင်းဘောင်းဘီကို ကိုယ့်ဘာသာကိုယ် အတိုဖြတ်ဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲ့ဒီဘောင်းဘီကို ဘယ်နေရာကဖြတ်မယ်ဆိုတာ သေသေချာချာ ခဲတံနဲ့ဖြစ်ဖြစ် လိုင်းတာပါ။ အဲ့ဒီနောက် ညှပ်မယ့်နေရာထက် နည်းနည်းအသားကိုပိုယူပြီး ညှပ်ပါ။ ဒါမှသာ အရမ်းတိုသွားတာမျိုး မဖြစ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ကိုယ့်မှာရှိပြီးသား ဘောင်းဘီကို ဖြတ်မယ့်ဘောင်းဘီပေါ်တင်ပြီး အတိုင်းယူစေချင်ပါတယ်။

၇။ဂျင်းဘောင်းဘီမှာ ဈေးကြီးတာကြောင့်  ကိုယ်နဲ့ပိုအဆင်ပြေပြီး၊ ဈေးပေါလို့ ကိုယ်နဲ့မလိုက်ဖက်တာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို သေချာရွေးဝယ်ပါ။ ကိုယ်ဘယ်လိုဒီဇိုင်းမျိုး လိုချင်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် သိအောင်လုပ်ပါ။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top