iMyanmarHouse.com - Best Property Website for Myanmar
×

ျမင္းခြာရြက္ပင္ေလးမ်ား ေပါက္ေရာက္ရာဇာစ္ျမစ္ဟာ အိႏၵိယႏိုင္ငံျဖစ္တာေၾကာင့္ သူ႔ရဲ႕အမည္ကို Indian Pennywort လို႔ေခၚပါတယ္။ အရြက္ဟာ ျမင္းခြာပံုသ႑ာန္ႏွင့္ ဆင္တူလို႔ ျမန္မာျပည္မွာေတာ့ ျမင္းခြာရြက္ဟူ၍ အလြယ္ေခၚၾကပါတယ္။

ျမင္းခြာရြက္တို႔ကို ျမင္းခြာရြက္ရိုးရိုး၊ အညာျမင္းခြာ၊ ကုလားျမင္းခြာ၊ ေဆးျမင္းခြာဟူ၍ ျမန္မာျပည္အႏွံ႔အျပားတြင္ ေတြ႔ျမင္ႏိုင္ၿပီး အမ်ိဳးအစားအားလံုးေဆးဖက္၀င္ၾကပါတယ္။

ျမင္းခြာရြက္ရိုးရိုးႏွင့္ အညာျမင္းခြာတို႔မွာ အရြယ္အစားပံုစံဆင္တူၿပီး ကုလားျမင္းခြာ၏ အရြက္မွာ အေမႊးရွိကာ၊ ေဆးျမင္းခြာကေတာ့ အရြယ္အစားအလြန္ေသးငယ္ပါတယ္။

ျမင္းခြာရြက္ရိုးရိုးကုိ ဟင္းခ်ိဳ၊ ဟင္းခါး၊ အသုပ္စသည္ျဖင့္ ႏႈတ္ၿမိန္အရန္ဟင္းလ်ာအျဖစ္ စားသံုးေလ့ရွိၾကသလို၊ ေရစင္စင္ေဆးကာ ငါးပိရည္အတို႔ အျမွဳပ္အျဖစ္ အစိမ္းလိုက္၀ါးစားၾကပါတယ္။

သူ႔ရဲ႕ မဆိုသေလာက္ဖန္ခါးတဲ့ အရသာေလးက ခံတြင္းရွင္းၿပီး ႏႈတ္ၿမိန္ေစပါတယ္။

ဟင္းလ်ာအျဖစ္ စားသံုးေလ့ရွိတဲ့ ျမင္းခြာရြက္ရိုးရိုးဟာ ႏွလံုးေသြးေၾကာေရာဂါ၊ ဦးေႏွာက္ႏွင့္ အရံုေၾကာေရာဂါ၊ အာသီးေရာင္ ဖ်ားနာျခင္း၊ ႏွင္းခူယားနာအဖုအပိမ့္မ်ား၊ မ်က္စိေရတိမ္ေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးေရာဂါ အမ်ိဳးမ်ိဳး၊ ေသြးမသန္႔ျခင္း၊ အဆစ္အျမစ္ကိုက္ခဲ ေရာင္ရမ္းျခင္း၊ ေဖာေရာင္ျခင္း၊ ရင္သားကင္ဆာ စတဲ့ေရာဂါတို႔အတြက္ ေဆးဖက္၀င္ပါတယ္။

ဒါ့ျပင္ နာတာရွည္ဖ်ားနာၿပီးေနာက္ ျမင္းခြာရြက္လက္တစ္ဆုပ္စာပမာဏကို အျဖစ္ပါဆြဲႏႈတ္၍ ေရစင္စင္ေဆးၿပီး ႏြားႏို႔ ၂၅ က်ပ္သားျဖင့္ သံုးခြက္တစ္ခြက္တင္ႀကိဳေသာက္ျခင္းျဖင့္ ခ်က္ခ်င္းအားျပည့္လာေစသလို၊ ခံတြင္းေကာင္းလာေစမွာ ျဖစ္ပါတယ္။

ေစ်းႏႈန္းခ်ိဳသာၿပီးအလြယ္တကူ ၀ယ္ယူရရွိႏုိင္ျခင္းကလည္း ျမင္းခြာရြက္၏ အားသာခ်က္တခုလို႔ ဆိုႏိုင္ပါတယ္။

သက္ရွည္က်န္းမာ ေဆးဖက္၀င္ျမင္းခြာရြက္သုပ္လုပ္စားနည္းေလးကို မွ်ေ၀လိုက္ပါရေစ။

မိသားစုငါးဦးစာ တစ္နပ္စာဟင္းလ်ာ အသုပ္တစ္ပြဲ ျပင္ဆင္ဖို႔အတြက္ ပါ၀င္ရမည့္ ပစၥည္းမ်ားမွာ -
(၁) ျမင္းခြာရြက္ သံုးစီး
(၂) ၾကက္သြန္နီ ငါးလံုး
(၃) ၾကက္သြန္ျဖဴ အျမႊာႀကီး ႏွစ္မႊာ
(၄) ေဂၚဖီထုပ္ တစ္ဆိပ္
(၅) သံပုရာသီးတစ္လံုး
(၆) ဟင္းခတ္မႈန္႔သင့္ရံု
(၇) ခရမ္းခ်ဥ္သီး ႏွစ္လံုး
(၈) အခြံခၽြတ္၍ မညက္တညက္ေထာင္းထားၿပီး လက္တစ္ဆုပ္ပမာဏရွိတဲ့ ေျမပဲဆန္ေလွာ္
(၉) ပဲဆီျဖင့္ ခ်က္ထားေသာ ဆီခ်က္
(၁၀) ငရုတ္သီးစိမ္း ၁၀ ေတာင့္
(၁၁) အေရာအေနွာမပါ အငန္မပါေသာ အေကာင္းစား ပုစြန္ေျခာက္မႈန္႔ စတီးဇြန္းႏွစ္ဇြန္းတို႔ လိုအပ္ပါတယ္။

ျမင္းခြာရြက္သုပ္ျပဳလုပ္ပံုနည္းမွာ ျမင္းခြာရါက္ပင္ ပဥၥငါးပါးစလံုး (အရြက္ပင္စည္အျမစ္အားလံုး) ကို ေရစင္စင္ေဆးၿပီး အေနေတာ္ပါးပါးလွီးျဖတ္ထားပါ။ ၾကက္သြန္ဥနီ ႏွစ္လံုးႏွင့္ ၾကက္သြန္ျဖဴ အျမႊာႀကီး နွ စ္ျမႊာကို ဆီခ်က္ခ်က္ထားပါ။ ၾကက္သြန္နီဥ သံုးလံုး၊ ေဂၚဖီထုပ္၊ ခရမ္းခ်ဥ္သီး၊ ငရုတ္သီးစိမ္းတို႔ကို ပါးပါးလွီးျဖတ္ထားပါ။
ၿပီးရင္ ပါးပါးလွီးျဖတ္ထားေသာ ျမင္းခြာရြက္ထဲကိုၾကက္သြန္နီ၊ ေဂၚဖီ၊ ခရမ္းခ်ဥ္သီး၊ ငရုတ္သီးစိမ္းတို႔ထည့္ပါ။ ထို႔ေနာ္ ဟင္းခတ္မႈန္႔၊ ပုစြန္ေျခာက္မႈန္႔၊ ေျမပဲေထာင္းအမႈန္႔၊ ဆီခ်က္ခ်က္ထားတဲ့ဆီတို႔ကို ေရာကာသမေအာင္နယ္၍ ခ်ိဳငန္အရသာကိုျမည္းကာ လိုသလိုထပ္ျဖည့္ပါ။ ခ်ဥ္စပ္အရသာေလးျဖစ္ေစဖို႔ သံပုရာရည္ညွစ္ပါ။ အရသာ စ ိတ္ႀကိဳက္ ျဖစ္ၿပီဆိုရင္ ပန္းကန္ျပားတစ္ခ်က္ေပၚကို ျမင္းခြာရြက္သုပ္ေျပာင္းထည့္၍ အေပၚက ဆီခ်က္အဖတ္ေလးေတြကို ျဖန္႔၍ျဖဴးေပးပါ။ ေဆးဖက္၀င္ျမင္းခြာရြက္သုပ္ရပါၿပီ။

အစပ္မႀကိဳက္သူမ်ားက ငရုတ္သီးစိမ္းေလွ်ာ့ထည့္ႏိုင္သလို၊ သက္သတ္လြတ္သမားမ်ားအတြက္ ပုစြန္ေျခာက္မႈန္႔ မထည့္လည္း အရသာရွိေနမွာပါ။

သြားအေခါင္းေပါက္ ျပသနာရွိသူမ်ားအတြက္ ေျမပဲဆန္ေထာင္းကို မသံုးလိုပါက ပဲမႈန္႔ေလွာ္ (အက်က္) ကို အစားထုိးသံုးႏိုင္ပါတယ္။

ျမင္းခြာရြက္ႏွင့္ ပတ္သက္၍ သတိျပဳရန္တို႔မွာ ျမင္းခြာရြက္နွင့္ သခြားသီးတို႔ တြဲဖက္မစားသင့္ပါဘူး၊ ေအာ့အန္တတ္ပါသည္။

ျမင္းခြာရြက္ပင္၏ သေဘာသဘာ၀ဟာ ေျမႀကီးႏွင့္ကပ္ကာ တြားသြားေပါက္ေလ့ရွိသျဖင့္ ေရာဂါပိုးအမ်ိဳးမ်ိဳးႏွင့္ ထိေတြ႔ညစ္ညမ္းေစႏိုင္တာေၾကာင့္ ေရစင္စင္ေဆးၿပီးမွ သာ စားသံုးသင့္ပါတယ္။

အခ်ိဳ႕ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးမ်ားက ျမင္းခြာရြက္ႏွင့္ ဓာတ္မတည့္သျဖင့္ သားပ်က္သားေလ်ာျဖစ္ေစႏိုင္၍ အထူးသတိျပဳပါ။

ျမင္းခြာရြက္ဟာ က်န္းမာေရးကို အက်ိဳးျပဳေစတာ မွန္ေသာ္လည္း လိုအပ္သည္ထက္ပိုစားပါက၊ မူးေ၀တတ္ပါတယ္။

Credit: ေၾကးမံု

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇာစ်မြစ်ဟာ အိန္ဒိယနိုင်ငံဖြစ်တာကြောင့် သူ့ရဲ့အမည်ကို Indian Pennywort လို့ခေါ်ပါတယ်။ အရွက်ဟာ မြင်းခွာပုံသဏ္ဍာန်နှင့် ဆင်တူလို့ မြန်မာပြည်မှာတော့ မြင်းခွာရွက်ဟူ၍ အလွယ်ခေါ်ကြပါတယ်။

မြင်းခွာရွက်တို့ကို မြင်းခွာရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍ မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး အမျိုးအစားအားလုံးဆေးဖက်ဝင်ကြပါတယ်။

မြင်းခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစားပုံစံဆင်တူပြီး ကုလားမြင်းခွာ၏ အရွက်မှာ အမွှေးရှိကာ၊ ဆေးမြင်းခွာကတော့ အရွယ်အစားအလွန်သေးငယ်ပါတယ်။

မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်းခါး၊ အသုပ်စသည်ဖြင့် နှုတ်မြိန်အရန်ဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို၊ ရေစင်စင်ဆေးကာ ငါးပိရည်အတို့ အမြှုပ်အဖြစ် အစိမ်းလိုက်ဝါးစားကြပါတယ်။

သူ့ရဲ့ မဆိုသလောက်ဖန်ခါးတဲ့ အရသာလေးက ခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။

ဟင်းလျာအဖြစ် စားသုံးလေ့ရှိတဲ့ မြင်းခွာရွက်ရိုးရိုးဟာ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်နှင့် အရုံကြောရောဂါ၊ အာသီးရောင် ဖျားနာခြင်း၊ နှင်းခူယားနာအဖုအပိမ့်များ၊ မျက်စိရေတိမ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးရောဂါ အမျိုးမျိုး၊ သွေးမသန့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်း၊ ရင်သားကင်ဆာ စတဲ့ရောဂါတို့အတွက် ဆေးဖက်ဝင်ပါတယ်။

ဒါ့ပြင် နာတာရှည်ဖျားနာပြီးနောက် မြင်းခွာရွက်လက်တစ်ဆုပ်စာပမာဏကို အဖြစ်ပါဆွဲနှုတ်၍ ရေစင်စင်ဆေးပြီး နွားနို့ ၂၅ ကျပ်သားဖြင့် သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်းဖြင့် ချက်ချင်းအားပြည့်လာစေသလို၊ ခံတွင်းကောင်းလာစေမှာ ဖြစ်ပါတယ်။

ဈေးနှုန်းချိုသာပြီးအလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းကလည်း မြင်းခွာရွက်၏ အားသာချက်တခုလို့ ဆိုနိုင်ပါတယ်။

သက်ရှည်ကျန်းမာ ဆေးဖက်ဝင်မြင်းခွာရွက်သုပ်လုပ်စားနည်းလေးကို မျှဝေလိုက်ပါရစေ။

မိသားစုငါးဦးစာ တစ်နပ်စာဟင်းလျာ အသုပ်တစ်ပွဲ ပြင်ဆင်ဖို့အတွက် ပါဝင်ရမည့် ပစ္စည်းများမှာ -
(၁) မြင်းခွာရွက် သုံးစီး
(၂) ကြက်သွန်နီ ငါးလုံး
(၃) ကြက်သွန်ဖြူ အမြွှာကြီး နှစ်မွှာ
(၄) ဂေါ်ဖီထုပ် တစ်ဆိပ်
(၅) သံပုရာသီးတစ်လုံး
(၆) ဟင်းခတ်မှုန့်သင့်ရုံ
(၇) ခရမ်းချဉ်သီး နှစ်လုံး
(၈) အခွံချွတ်၍ မညက်တညက်ထောင်းထားပြီး လက်တစ်ဆုပ်ပမာဏရှိတဲ့ မြေပဲဆန်လှော်
(၉) ပဲဆီဖြင့် ချက်ထားသော ဆီချက်
(၁၀) ငရုတ်သီးစိမ်း ၁၀ တောင့်
(၁၁) အရောအနှောမပါ အငန်မပါသော အကောင်းစား ပုစွန်ခြောက်မှုန့် စတီးဇွန်းနှစ်ဇွန်းတို့ လိုအပ်ပါတယ်။

မြင်းခွာရွက်သုပ်ပြုလုပ်ပုံနည်းမှာ မြင်းခွာရါက်ပင် ပဉ္စငါးပါးစလုံး (အရွက်ပင်စည်အမြစ်အားလုံး) ကို ရေစင်စင်ဆေးပြီး အနေတော်ပါးပါးလှီးဖြတ်ထားပါ။ ကြက်သွန်ဥနီ နှစ်လုံးနှင့် ကြက်သွန်ဖြူ အမြွှာကြီး နှ စ်မြွှာကို ဆီချက်ချက်ထားပါ။ ကြက်သွန်နီဥ သုံးလုံး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးဖြတ်ထားပါ။
ပြီးရင် ပါးပါးလှီးဖြတ်ထားသော မြင်းခွာရွက်ထဲကိုကြက်သွန်နီ၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ထည့်ပါ။ ထို့နော် ဟင်းခတ်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ မြေပဲထောင်းအမှုန့်၊ ဆီချက်ချက်ထားတဲ့ဆီတို့ကို ရောကာသမအောင်နယ်၍ ချိုငန်အရသာကိုမြည်းကာ လိုသလိုထပ်ဖြည့်ပါ။ ချဉ်စပ်အရသာလေးဖြစ်စေဖို့ သံပုရာရည်ညှစ်ပါ။ အရသာ စ ိတ်ကြိုက် ဖြစ်ပြီဆိုရင် ပန်းကန်ပြားတစ်ချက်ပေါ်ကို မြင်းခွာရွက်သုပ်ပြောင်းထည့်၍ အပေါ်က ဆီချက်အဖတ်လေးတွေကို ဖြန့်၍ဖြူးပေးပါ။ ဆေးဖက်ဝင်မြင်းခွာရွက်သုပ်ရပါပြီ။

အစပ်မကြိုက်သူများက ငရုတ်သီးစိမ်းလျှော့ထည့်နိုင်သလို၊ သက်သတ်လွတ်သမားများအတွက် ပုစွန်ခြောက်မှုန့် မထည့်လည်း အရသာရှိနေမှာပါ။

သွားအခေါင်းပေါက် ပြသနာရှိသူများအတွက် မြေပဲဆန်ထောင်းကို မသုံးလိုပါက ပဲမှုန့်လှော် (အကျက်) ကို အစားထိုးသုံးနိုင်ပါတယ်။

မြင်းခွာရွက်နှင့် ပတ်သက်၍ သတိပြုရန်တို့မှာ မြင်းခွာရွက်နှင့် သခွားသီးတို့ တွဲဖက်မစားသင့်ပါဘူး၊ အော့အန်တတ်ပါသည်။

မြင်းခွာရွက်ပင်၏ သဘောသဘာဝဟာ မြေကြီးနှင့်ကပ်ကာ တွားသွားပေါက်လေ့ရှိသဖြင့် ရောဂါပိုးအမျိုးမျိုးနှင့် ထိတွေ့ညစ်ညမ်းစေနိုင်တာကြောင့် ရေစင်စင်ဆေးပြီးမှ သာ စားသုံးသင့်ပါတယ်။

အချို့ ကိုယ်ဝန်ဆောင် အမျိုးသမီးများက မြင်းခွာရွက်နှင့် ဓာတ်မတည့်သဖြင့် သားပျက်သားလျောဖြစ်စေနိုင်၍ အထူးသတိပြုပါ။

မြင်းခွာရွက်ဟာ ကျန်းမာရေးကို အကျိုးပြုစေတာ မှန်သော်လည်း လိုအပ်သည်ထက်ပိုစားပါက၊ မူးဝေတတ်ပါတယ်။

Credit: ကြေးမုံ



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top