iMyanmarHouse.com - Best Property Website for Myanmar
×

ေလဆိပ္နားတစ္ဝိုက္ ေနထိုင္ျခင္းဟာ က်န္းမာေရးအတြက္ မေကာင္းဘူးလို႔ သုေတသီေတြက ေျပာခဲ႔ပါတယ္။ ေလဆိပ္နဲ႔ ၆မိုင္အတြင္း ေနထိုင္သူေတြဟာ ပန္းနာရင္ၾကပ္ ျပသနာနဲ႔ ႏွလံုးေရာဂါ ျဖစ္ႏုိင္မႈအႏၱရာယ္ မ်ားပါတယ္။

ေလဆိပ္ေတြဟာ ေျပးလမ္းေတြေပၚမွာ သြားလာေနစဥ္၊ ဒါမွမဟုတ္ စက္ႏႈိးထားစဥ္ ကာဘြန္မိုေနာက္ဆိုဒ္ (CO) ပမာဏ အမ်ားႀကီး ထုတ္လႊတ္တာေၾကာင္႔ ေလထုကို ညစ္ညမ္းေစတယ္ဆိုၿပီး သုေတသီေတြက အျပစ္တင္ထားပါတယ္။ ေလဆိပ္နဲ႔ ၆မိုင္ပတ္လည္အတြင္း ေနထိုင္သူေတြမွာ ပန္းနာနဲ႔ ႏွလံုးေရာဂါ ႏွစ္ခုစလံုးျဖစ္ႏုိင္ေျခဟာ ၁၇ရာခုိင္ႏႈန္း ျမင္႔တက္သြားေၾကာင္း ေဆးရံုမွတ္တမ္းေတြအရ သုေတသီေတြက ရွာေဖြေတြ႔ရွိခဲ႔ပါတယ္။

ႏွလံုးေရာဂါ တစ္ခုတည္း ျဖစ္ႏုိင္ေျခကေတာ႔ ၉ရာခိုင္ႏႈန္း ျမင္႔တက္သြားပါတယ္။ ဒီလိုေလထုညစ္ညမ္းမႈနဲ႔ ေန႔စဥ္ထိေတြ႔ေနရတဲ႔ ကယ္လီဖိုးနီးယားက ေလဆိပ္ႀကီး ၁၂ခု တစ္ဝိုက္ကို ကယ္လီဖိုးနီးယား တကၠသိုလ္နဲ႔ ကိုလံဘီယာ တကၠသိုလ္ ပညာေရးအဖြဲ႔ေတြက စစ္ေဆးေလ႔လာခဲ႔ပါတယ္။ ေလ႔လာမႈျပဳရာမွာ ေလ ဘယ္ဘက္တိုက္တယ္ ဆိုတာကို ထည္႔တြက္ခဲ႔ၾကပါတယ္။ ေလဆိပ္ကေန ၆မိုင္အတြင္း ေလညာဘက္ ေဒသရွိသူေတြဟာ ေလထုညစ္ညမ္းမႈကို အျပင္းအထန္ခံစားရၿပီး ႏွလံုးေရာဂါ၊ ပန္းနာ နဲ႔ အသက္ရွဴလမ္းေၾကာင္း ျပႆနာေတြကို ခံစားေနၾကရပါတယ္။

ေလထုထဲမွာ ခဏတာပဲျဖစ္ျဖစ္ ပမာဏနဲနဲပဲျဖစ္ျဖစ္ ညစ္ညမ္းတာေတာင္ က်န္းမာေရးအတြက္ ဆိုးရြားတဲ႔ ရလဒ္ေတြ အထူးသျဖင္႔ ပန္းနာနဲ႔ ႏွလံုးေရာဂါ ျဖစ္ႏုိင္တယ္ဆိုတာကို ဒီေလ႔လာမႈက တင္ျပထားတာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လေဆိပ်နားတစ်ဝိုက် နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ သုတေသီတွေက ပြောခဲ့ပါတယ်။ လေဆိပ်နဲ့ ၆မိုင်အတွင်း နေထိုင်သူတွေဟာ ပန်းနာရင်ကြပ် ပြသနာနဲ့ နှလုံးရောဂါ ဖြစ်နိုင်မှုအန္တရာယ် များပါတယ်။

လေဆိပ်တွေဟာ ပြေးလမ်းတွေပေါ်မှာ သွားလာနေစဉ်၊ ဒါမှမဟုတ် စက်နှိုးထားစဉ် ကာဘွန်မိုနောက်ဆိုဒ် (CO) ပမာဏ အများကြီး ထုတ်လွှတ်တာကြောင့် လေထုကို ညစ်ညမ်းစေတယ်ဆိုပြီး သုတေသီတွေက အပြစ်တင်ထားပါတယ်။ လေဆိပ်နဲ့ ၆မိုင်ပတ်လည်အတွင်း နေထိုင်သူတွေမှာ ပန်းနာနဲ့ နှလုံးရောဂါ နှစ်ခုစလုံးဖြစ်နိုင်ခြေဟာ ၁၇ရာခိုင်နှုန်း မြင့်တက်သွားကြောင်း ဆေးရုံမှတ်တမ်းတွေအရ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

နှလုံးရောဂါ တစ်ခုတည်း ဖြစ်နိုင်ခြေကတော့ ၉ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ ဒီလိုလေထုညစ်ညမ်းမှုနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ကယ်လီဖိုးနီးယားက လေဆိပ်ကြီး ၁၂ခု တစ်ဝိုက်ကို ကယ်လီဖိုးနီးယား တက္ကသိုလ်နဲ့ ကိုလံဘီယာ တက္ကသိုလ် ပညာရေးအဖွဲ့တွေက စစ်ဆေးလေ့လာခဲ့ပါတယ်။ လေ့လာမှုပြုရာမှာ လေ ဘယ်ဘက်တိုက်တယ် ဆိုတာကို ထည့်တွက်ခဲ့ကြပါတယ်။ လေဆိပ်ကနေ ၆မိုင်အတွင်း လေညာဘက် ဒေသရှိသူတွေဟာ လေထုညစ်ညမ်းမှုကို အပြင်းအထန်ခံစားရပြီး နှလုံးရောဂါ၊ ပန်းနာ နဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ခံစားနေကြရပါတယ်။

လေထုထဲမှာ ခဏတာပဲဖြစ်ဖြစ် ပမာဏနဲနဲပဲဖြစ်ဖြစ် ညစ်ညမ်းတာတောင် ကျန်းမာရေးအတွက် ဆိုးရွားတဲ့ ရလဒ်တွေ အထူးသဖြင့် ပန်းနာနဲ့ နှလုံးရောဂါ ဖြစ်နိုင်တယ်ဆိုတာကို ဒီလေ့လာမှုက တင်ပြထားတာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top