iMyanmarHouse.com - Best Property Website for Myanmar
×

စားဝတ္ေနေရး ခက္ခဲလွၿပီး ေယာက္်ားနဲ႔ မိန္းမ ရင္ေဘာင္တန္း အလုပ္လုပ္ကိုင္ေနရတဲ့ ဒီေခတ္ႀကီးမွာ အိမ္ေထာင္ေရးတစ္ခု ၿပိဳကြဲဖို႔ဆုိတာလည္း ဟိုးယခင္ကထက္ ပိုမိုလြယ္ကူေနျပန္ပါတယ္။

နယူးေယာ့ခ္က သုေတသနျပဳမႈတစ္ခုအရ အိမ္  ေထာင္တစ္ခု ၿပိဳကြဲရတဲ့ အဓိကအေၾကာင္းရင္းက ႏွစ္ခုပဲ ရွိတယ္လို႔ ဆုိပါတယ္။

၁။ ပဋိပကၡကို ေရွာင္ျခင္း

ရန္မျဖစ္တဲ့အတြက္ အဆင္ေျပေနတယ္လို႔ ယူဆရေပမဲ့ မေက်နပ္ခ်က္ကို ထုတ္ေျပာလိုက္ရင္ ျဖစ္လာမယ့္ အက်ဳိးဆက္ကို ေၾကာက္ရြံ႕လုိ႔ ဘာမွမေျပာဘဲေနလိုက္ျခင္းအားျဖင့္ မေက်နပ္ခ်က္ေတြက ရင္ထဲမွာ အစိုင္အခဲ ျဖစ္ကာ ေနာက္ဆံုးမွာ အိမ္ေထာင္ေရး ၿပိဳကြဲတဲ့အထိ ျဖစ္ရတယ္လုိ႔ ဆုိပါတယ္။

ဒီလုိအေျခအေနမ်ဳိးျဖစ္တတ္သူေတြဟာ တစ္ဦးက လႊမ္းမိုးခ်ဳပ္ကိုင္လုိသူျဖစ္ၿပီး တစ္ဦးက လႊမ္းမိုးခံရသူျဖစ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် လႊမ္းမိုးခံရသူက ဘယ္လိုမွ သည္းမခံႏုိင္ေလာက္ေအာင္ ျဖစ္ရတာပါ။

၂။ ရန္လိုျခင္း

အျမဲတမ္း တစ္ဦးနဲ႔တစ္ဦး အျပစ္ရွာေနျခင္းဟာလည္း အိမ္ေထာင္ေရးၿပိဳကြဲဖုိ႔ ဦးတည္ေနတဲ့ အေၾကာင္းရင္းတစ္ခုပါပဲ။

အိမ္ေထာင္ဖက္ဆုိတာ ရန္သူေတြ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ေပးရမယ့္ ဘဝလက္တြဲေဖာ္ေတြပါ။ အဲဒီလိုမွ မဟုတ္ဘဲ နင္ ဒီလုိလုပ္ရင္ ငါဒီလိုလုပ္မယ္ဆုိၿပီး တစ္ေယာက္ရဲ႕ ေျခလွမ္းအမွား ကို တစ္ေယာက္က ေစာင့္ၾကည့္အျပစ္ရွာေနမယ္ဆုိရင္ စိတ္က်ဥ္းက်ပ္မႈေတြေၾကာင့္ ေနာက္ဆံုးမွာ လမ္းခြဲရတဲ့အထိ ျဖစ္သြားႏုိင္တယ္လုိ႔ ဆုိပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

စားဝတ်နေရေး ခက်ခဲလှပြီး ယောက်ျားနဲ့ မိန်းမ ရင်ဘောင်တန်း အလုပ်လုပ်ကိုင်နေရတဲ့ ဒီခေတ်ကြီးမှာ အိမ်ထောင်ရေးတစ်ခု ပြိုကွဲဖို့ဆိုတာလည်း ဟိုးယခင်ကထက် ပိုမိုလွယ်ကူနေပြန်ပါတယ်။

နယူးယော့ခ်က သုတေသနပြုမှုတစ်ခုအရ အိမ်  ထောင်တစ်ခု ပြိုကွဲရတဲ့ အဓိကအကြောင်းရင်းက နှစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။

၁။ ပဋိပက္ခကို ရှောင်ခြင်း

ရန်မဖြစ်တဲ့အတွက် အဆင်ပြေနေတယ်လို့ ယူဆရပေမဲ့ မကျေနပ်ချက်ကို ထုတ်ပြောလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ကြောက်ရွံ့လို့ ဘာမှမပြောဘဲနေလိုက်ခြင်းအားဖြင့် မကျေနပ်ချက်တွေက ရင်ထဲမှာ အစိုင်အခဲ ဖြစ်ကာ နောက်ဆုံးမှာ အိမ်ထောင်ရေး ပြိုကွဲတဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးဖြစ်တတ်သူတွေဟာ တစ်ဦးက လွှမ်းမိုးချုပ်ကိုင်လိုသူဖြစ်ပြီး တစ်ဦးက လွှမ်းမိုးခံရသူဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လွှမ်းမိုးခံရသူက ဘယ်လိုမှ သည်းမခံနိုင်လောက်အောင် ဖြစ်ရတာပါ။

၂။ ရန်လိုခြင်း

အမြဲတမ်း တစ်ဦးနဲ့တစ်ဦး အပြစ်ရှာနေခြင်းဟာလည်း အိမ်ထောင်ရေးပြိုကွဲဖို့ ဦးတည်နေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

အိမ်ထောင်ဖက်ဆိုတာ ရန်သူတွေ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးရမယ့် ဘဝလက်တွဲဖော်တွေပါ။ အဲဒီလိုမှ မဟုတ်ဘဲ နင် ဒီလိုလုပ်ရင် ငါဒီလိုလုပ်မယ်ဆိုပြီး တစ်ယောက်ရဲ့ ခြေလှမ်းအမှား ကို တစ်ယောက်က စောင့်ကြည့်အပြစ်ရှာနေမယ်ဆိုရင် စိတ်ကျဉ်းကျပ်မှုတွေကြောင့် နောက်ဆုံးမှာ လမ်းခွဲရတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top