iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္မွာ တျပိဳင္တည္း ကိုယ့္ကို ခ်စ္ေနတဲ့ ေယာက္်ားေလးႏွစ္ေယာက္ ရွိတတ္ပါတယ္။ ကုိယ့္အေနနဲ႔လည္း ဒီေကာင္ေလးႏွစ္ေယာက္စလုံးကို လက္ခံစဥ္းစားလုိတဲ့ အခ်ိန္လည္း ရွိေကာင္းရွိမွာပါ။ တခါတေလမွာ သူတို႔ႏွစ္ေယာက္ၾကားက ဘယ္သူ႔ကို ေရြးခ်ယ္ရမလဲဆိုတာ မသိဘူးျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့လည္း ဘဝလက္တြဲေဖာ္အျဖစ္ေရြးေတာ့မယ္ဆုိရင္ တစ္ေယာက္ကိုပဲ က်ိန္းေသေပါက္ေရြးခ်ယ္ရပါလိမ့္မယ္။ ဒါေၾကာင့္ ဒီလိုေရြးခ်ယ္ဖုိ႔ စဥ္းစားတဲ့အခါ ဘယ္အခ်က္ေလးေတြကို အေျခခံျပီး ေရြးခ်ယ္သင့္လဲဆုိတာ ေျပာျပေပးခ်င္ပါတယ္။

အရင္ဆုံး သူတို႔တစ္ေယာက္ခ်င္းစီရဲ႕ အရည္အခ်င္းေတြကုိ စာရြက္တစ္ရြက္ေပၚခ်ေရးၾကည့္ပါ။
သူတုိ႔ကၽြမ္းက်င္တဲ့အရာေတြ၊ ရည္မွန္းခ်က္ေတြ၊ သနားၾကင္နာတတ္တာ၊ ေလးစားမႈရွိတာေတြလို အရည္အခ်င္းေတြကို ေျပာတာပါ။ လင္ကုန္ရႈံးရင္ တစ္သက္လုံးျပန္ျပင္လုိ႔ မရတဲ့အတြက္ အရည္အခ်င္းရွိတဲ့ ေယာက္်ားတစ္ေယာက္ျဖစ္ဖို႔ အင္မတန္အေရးၾကီးပါတယ္။ ခ်မ္းသာတဲ့သူျဖစ္ဖုိ႔မလုိေပမဲ့ ကိုယ့္ကို မပူမပင္ရေအာင္ ထားႏုိင္တဲ့သူျဖစ္ေအာင္ ၾကိဳးစားခ်င္တဲ့သူျဖစ္ဖုိ႔လုိတယ္။

သူနဲ႔လုိက္ဖက္ညီႏုိင္လား စဥ္းစားရမယ္။
ႏွစ္ေယာက္စလုံးရဲ႕ ဘဝေနထိုင္မႈပုံစံေတြနဲ႔ ကုိယ္ရည္ကိုယ္ေသြးေတြကုိ စဥ္းစားတဲ့အခါ ကိုယ့္ရဲ႕ ဘဝေနထိုင္မႈ ပုံစံနဲ႔ အနီးစပ္ဆုံးတူမယ့္သူကိုပဲ ေရြးသင့္ပါတယ္။ ကုိယ့္အိပ္မက္ကိုေထာက္ပံ့ေပးႏုိင္မယ့္သူလား၊ လက္ေတြ႔ဆန္ျပီး ဦးေဆာင္မယ့္သူလား။ ကိုယ္လိုခ်င္တဲ့အိမ္ေထာင္ဦးစီးပုံစံမ်ဳိး ျဖစ္ႏုိင္မယ့္သူလားဆုိတာ ဆန္းစစ္ပါ။ ကုိယ္က ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေပါ့ေပါ့ပါးပါးေနရတာၾကိဳက္ျပီး သူက ဒါေတြကုိ ေပါ့ပ်က္ပ်က္ေနတယ္လို႔ ထင္တဲ့သူမ်ဳိးလား။ ကုိယ္ကေလးေလးနက္နက္ျဖစ္မွသေဘာက်ေပမဲ့ သူက ဘာကိုမွအေလးမထားတတ္သူလားဆုိတာေတြ ထည့္စဥ္းစားပါ။ အေျခခံပုံစံခ်င္းကြဲေနရင္ ထပ္တူညီဖို႔ဘယ္လိုမွ မျဖစ္ႏုိင္သလုိ တူေအာင္လုိက္ညွိရလြန္းရင္လည္း ပင္ပန္းရမွာပါ။

ကိုယ့္ကို အမွန္တကယ္ ရင္ခုန္ေစတဲ့သူကုိ ေရြးရပါမယ္။
ကိုယ့္ဆီကုိ မက္ေဆ့ခ်္တစ္ေစာင္ေရာက္လာရင္ ဘယ္သူ႔ဆီက မက္ေဆ့ခ်္ျဖစ္ဖုိ႔ ေမွ်ာ္လင့္လဲ။ ဘယ္သူနဲ႔ စကားေတြေျပာရတာ အခ်ိန္ေတြကုန္သြားမွန္း မသိသလုိ ခံစားရေစသလဲ။ အနားမွာရွိေနရင္ အလုိလို ေပ်ာ္ေနသလိုျဖစ္ေနတာ ဘယ္သူ႔ေၾကာင့္လဲ။ ႏွလုံးသားမပါဘဲ ျဖစ္သင့္တယ္ထင္လုိ႔ ဦးေႏွာက္သက္သက္နဲ႔ပဲ စဥ္းစားေရြးခ်ယ္ခဲ့တဲ့ အိမ္ေထာင္တစ္ခုက ကိုယ့္ကိုယ္ကို ေထာင္ခ်ပစ္သလုိပဲ ျဖစ္ေနပါလိမ့္မယ္။ အိမ္ေထာင္တစ္ခုဆုိတာ ဝမ္းနည္းမႈ ဝမ္းသာမႈေတြအခ်ဳိးက် ေပါင္းစပ္ရတယ္ဆုိေပမဲ့ စိတ္မခ်မ္းသာမႈေတြပဲ အခ်ဳိးမ်ားေနရင္ ဘဝၾကီးက အက်ည္းတန္ေနမွာပါ။ ဒါေၾကာင့္ အခ်စ္ကို ဦးေႏွာက္နဲ႔ေရြးခ်ယ္တဲ့အခါ ႏွလုံးသားကိုလည္း ပါေအာင္ေခၚသြားသင့္ပါတယ္။

သူကိုယ့္အေပၚ ဘယ္ေလာက္သစၥာရွိႏုိင္မလဲ။
သူ႔ရဲ႕ အက်င့္စာရိတၱနဲ႔ စိတ္ေနစိတ္ထား။ လူတစ္ေယာက္က အခုအခ်ိန္မွာေတာ့ ခ်စ္ပါတယ္ဆုိေနေပမဲ့ သူက သစၥာတရားကုိ ဘယ္ေလာက္ထိ တန္ဖိုးထားတတ္တဲ့သူလဲဆုိတာ အခုအခ်ိန္ကတည္းက သိထားဖို႔လုိတယ္။ အခုေခတ္လူငယ္အမ်ားစုမွာ အေပ်ာ္အပါး မကင္းတာမွန္ေပမဲ့ ေဘာင္မေက်ာ္ဘဲ လက္ခံႏုိင္ေလာက္တဲ့သူလား။ သူေပ်ာ္ဖုိ႔အတြက္ဆုိ ကိုယ့္ကုိေတာင္ေမ့တတ္တဲ့သူ ဆုိရင္ေတာ့ ေသခ်ာစဥ္းစားပါ။ ကုိယ္နဲ႔ရျပီးမွ ျပဳျပင္သြားမွာပါလို႔ ဘယ္ေတာ့မွ မေတြးပါနဲ႔။ လူတစ္ေယာက္ရဲ႕ ဗီဇက ျပဳျပင္ဖို႔ မလြယ္ဘူးဆုိတာ မိန္းကေလးတုိင္း သိထားဖို႔ လုိပါတယ္။

ေနာက္ဆုံးအေနနဲ႔ ခ်စ္တုိင္းလည္း မေရြးသင့္သလုိ ျဖစ္သင့္တာတစ္ခုတည္းေၾကာင့္လည္း မေရြးသင့္ပါဘူး။
အိမ္ေထာင္မျပဳခင္မွာ ဦးေႏွာက္နဲ႔ ႏွလုံးသားကို မွ်ေျခညီေအာင္ထိန္းႏုိင္မွ အိမ္ေထာင္က်ျပီးခ်ိန္မွာ ၾကဳံရမယ့္ဒုကၡေတြ ေလ်ာ့နည္းမွာပါ။ ဒုကၡေတြ မရွိဘူးလုိ႔ ေျပာတာမဟုတ္ပါဘူး။ ဘယ္ေလာက္ပဲ ႏွလုံးသားေတြ၊ ဦးေႏွာက္ေတြနဲ႔ စဥ္းစားျပီး လက္ထပ္ခဲ့ပါေစ မျမင္ရတဲ့ ကံအေၾကာင္းတရားေတြေၾကာင့္ ဘဝမွာ အမ်ဳိးမ်ဳိးေသာ အေျပာင္းအလဲေတြရွိလာမွာပဲ ျဖစ္ပါတယ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိန်းကလေးတစ်ယောက်မှာ တပြိုင်တည်း ကိုယ့်ကို ချစ်နေတဲ့ ယောက်ျားလေးနှစ်ယောက်ရှိတတ်ပါတယ်။ ကိုယ့်အနေနဲ့လည်း ဒီကောင်လေးနှစ်ယောက်စလုံးကို လက်ခံစဉ်းစားလိုတဲ့ အချိန်လည်း ရှိကောင်းရှိမှာပါ။ တခါတလေမှာ သူတို့နှစ်ယောက်ကြားက ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ မသိဘူးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့လည်း ဘဝလက်တွဲဖော်အဖြစ်ရွေးတော့မယ်ဆိုရင် တစ်ယောက်ကိုပဲ ကျိန်းသေပေါက်ရွေးချယ်ရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုရွေးချယ်ဖို့ စဉ်းစားတဲ့အခါ ဘယ်အချက်လေးတွေကို အခြေခံပြီး ရွေးချယ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

အရင်ဆုံး သူတို့တစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေကို စာရွက်တစ်ရွက်ပေါ်ချရေးကြည့်ပါ။
သူတို့ကျွမ်းကျင်တဲ့အရာတွေ၊ ရည်မှန်းချက်တွေ၊ သနားကြင်နာတတ်တာ၊ လေးစားမှုရှိတာတွေလို အရည်အချင်းတွေကို ပြောတာပါ။ လင်ကုန်ရှုံးရင် တစ်သက်လုံးပြန်ပြင်လို့ မရတဲ့အတွက် အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ချမ်းသာတဲ့သူဖြစ်ဖို့မလိုပေမဲ့ ကိုယ့်ကို မပူမပင်ရအောင် ထားနိုင်တဲ့သူဖြစ်အောင် ကြိုးစားချင်တဲ့သူဖြစ်ဖို့လိုတယ်။

သူနဲ့လိုက်ဖက်ညီနိုင်လား စဉ်းစားရမယ်။
နှစ်ယောက်စလုံးရဲ့ ဘဝနေထိုင်မှုပုံစံတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို စဉ်းစားတဲ့အခါ ကိုယ့်ရဲ့ ဘဝနေထိုင်မှု ပုံစံနဲ့ အနီးစပ်ဆုံးတူမယ့်သူကိုပဲ ရွေးသင့်ပါတယ်။ ကိုယ့်အိပ်မက်ကိုထောက်ပံ့ပေးနိုင်မယ့်သူလား၊ လက်တွေ့ဆန်ပြီး ဦးဆောင်မယ့်သူလား။ ကိုယ်လိုချင်တဲ့အိမ်ထောင်ဦးစီးပုံစံမျိုး ဖြစ်နိုင်မယ့်သူလားဆိုတာ ဆန်းစစ်ပါ။ ကိုယ်က ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေရတာကြိုက်ပြီး သူက ဒါတွေကို ပေါ့ပျက်ပျက်နေတယ်လို့ ထင်တဲ့သူမျိုးလား။ ကိုယ်ကလေးလေးနက်နက်ဖြစ်မှသဘောကျပေမဲ့ သူက ဘာကိုမှအလေးမထားတတ်သူလားဆိုတာတွေ ထည့်စဉ်းစားပါ။ အခြေခံပုံစံချင်းကွဲနေရင် ထပ်တူညီဖို့ဘယ်လိုမှ မဖြစ်နိုင်သလို တူအောင်လိုက်ညှိရလွန်းရင်လည်း ပင်ပန်းရမှာပါ။

ကိုယ့်ကို အမှန်တကယ် ရင်ခုန်စေတဲ့သူကို ရွေးရပါမယ်။
ကိုယ့်ဆီကို မက်ဆေ့ချ်တစ်စောင်ရောက်လာရင် ဘယ်သူ့ဆီက မက်ဆေ့ချ်ဖြစ်ဖို့ မျှော်လင့်လဲ။ ဘယ်သူနဲ့ စကားတွေပြောရတာ အချိန်တွေကုန်သွားမှန်း မသိသလို ခံစားရစေသလဲ။ အနားမှာရှိနေရင် အလိုလို ပျော်နေသလိုဖြစ်နေတာ ဘယ်သူ့ကြောင့်လဲ။ နှလုံးသားမပါဘဲ ဖြစ်သင့်တယ်ထင်လို့ ဦးနှောက်သက်သက်နဲ့ပဲ စဉ်းစားရွေးချယ်ခဲ့တဲ့ အိမ်ထောင်တစ်ခုက ကိုယ့်ကိုယ်ကို ထောင်ချပစ်သလိုပဲ ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်တစ်ခုဆိုတာ ဝမ်းနည်းမှု ဝမ်းသာမှုတွေအချိုးကျ ပေါင်းစပ်ရတယ်ဆိုပေမဲ့ စိတ်မချမ်းသာမှုတွေပဲ အချိုးများနေရင် ဘဝကြီးက အကျည်းတန်နေမှာပါ။ ဒါကြောင့် အချစ်ကို ဦးနှောက်နဲ့ရွေးချယ်တဲ့အခါ နှလုံးသားကိုလည်း ပါအောင်ခေါ်သွားသင့်ပါတယ်။

သူကိုယ့်အပေါ် ဘယ်လောက်သစ္စာရှိနိုင်မလဲ။
သူ့ရဲ့ အကျင့်စာရိတ္တနဲ့ စိတ်နေစိတ်ထား။ လူတစ်ယောက်က အခုအချိန်မှာတော့ ချစ်ပါတယ်ဆိုနေပေမဲ့ သူက သစ္စာတရားကို ဘယ်လောက်ထိ တန်ဖိုးထားတတ်တဲ့သူလဲဆိုတာ အခုအချိန်ကတည်းက သိထားဖို့လိုတယ်။ အခုခေတ်လူငယ်အများစုမှာ အပျော်အပါး မကင်းတာမှန်ပေမဲ့ ဘောင်မကျော်ဘဲ လက်ခံနိုင်လောက်တဲ့သူလား။ သူပျော်ဖို့အတွက်ဆို ကိုယ့်ကိုတောင်မေ့တတ်တဲ့သူ ဆိုရင်တော့ သေချာစဉ်းစားပါ။ ကိုယ်နဲ့ရပြီးမှ ပြုပြင်သွားမှာပါလို့ ဘယ်တော့မှ မတွေးပါနဲ့။ လူတစ်ယောက်ရဲ့ ဗီဇက ပြုပြင်ဖို့ မလွယ်ဘူးဆိုတာ မိန်းကလေးတိုင်း သိထားဖို့ လိုပါတယ်။

နောက်ဆုံးအနေနဲ့ ချစ်တိုင်းလည်း မရွေးသင့်သလို ဖြစ်သင့်တာတစ်ခုတည်းကြောင့်လည်း မရွေးသင့်ပါဘူး။
အိမ်ထောင်မပြုခင်မှာ ဦးနှောက်နဲ့ နှလုံးသားကို မျှခြေညီအောင်ထိန်းနိုင်မှ အိမ်ထောင်ကျပြီးချိန်မှာ ကြုံရမယ့်ဒုက္ခတွေ လျော့နည်းမှာပါ။ ဒုက္ခတွေ မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ နှလုံးသားတွေ၊ ဦးနှောက်တွေနဲ့ စဉ်းစားပြီး လက်ထပ်ခဲ့ပါစေ မမြင်ရတဲ့ ကံအကြောင်းတရားတွေကြောင့် ဘဝမှာ အမျိုးမျိုးသော အပြောင်းအလဲတွေရှိလာမှာပဲ ဖြစ်ပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top