iMyanmarHouse.com - Best Property Website for Myanmar
×




Credit : trend myanmar

ပို့သပေးပါတယ်။


#Unicode Version

နည်းနည်းတော့ နာကျင်စရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ သိပ္ပံပညာရှင်တွေ၊ သုတေသနပညာရှင်တွေဟာ လူတွေရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လေ့လာစမ်းစစ်မှုတွေ အများကြီးပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီလေ့လာမှုနဲ့ ပတ်သက်ပြီး တစ်ချို့အရာတွေက ယုံနိုင်စရာမရှိတဲ့ အချက်တွေပါ တွေ့ရှိခဲ့ကြပါတယ်။ ခုပြောပြမယ့် အရာကတော့ မကြာသေးခင်က Kentucky တက္ကသိုလ်နဲ့ Florida တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို လေ့လာမှုပြုခဲ့ရာကနေ တွေ့ရှိခဲ့ရတဲ့ အရာကိုပါ။

အားလုံးသိကြတဲ့အတိုင်း အတွဲတစ်တွဲမှာ ကောင်လေး၊ ဒါမှမဟုတ် ကောင်မလေးက ပိုကြည့်ကောင်းနေမယ်၊ ချောနေမယ်ဆိုရင် သူ့ချစ်သူက သူ့ကိုထားမသွားဖို့ အမြဲ စိတ်ပူနေကြရပါတယ်။ ကိုယ့်ကိုမှ ချစ်သေးရဲ့လားဆိုပြီး သေချာအောင်လည်း အမြဲစောင့်ကြည့်နေရပါတယ်။ တကယ်တော့ အချစ်မှာ ဒါတွေလိုသလားလို့ စဉ်းစားစရာပေါ့။ ဒါပေမယ့် အဲ့ဒီအဖြေအတွက် သတင်းဆိုးတစ်ခုကတော့ လူတွေဟာ သူတို့တွဲနေတဲ့ ချစ်သူက သူတို့လောက် ကြည့်မကောင်းဘူး၊ မချောဘူးလို့ ယူဆတယ်ဆိုရင် သူတို့ကို ပျော်ရွှင်အောင် ထားဖို့၊ လိုက်လျောဖို့ သိပ်စိတ်မပါဘူးဆိုတာပါပဲ။

သိပ္ပံပညာရှင်တွေက ဒီအချက်ကို မှန်ကန်ကြောင်း ဖွင့်ဟလိုက်တဲ့အပြင် အိမ်ထောင်ကျပြီးသား အိမ်ထောင်ရှင်မတွေ ကိုလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ လုပ်ခဲ့ကြပါသေးတယ်။ တစ်ချက်ပြန်စဉ်းစား ကြည့်ရမှာက ကိုယ့်ချစ်သူကို တကယ်ချစ်မချစ်ဆိုတာပါပဲ။ ကိုယ့်ချစ်သူကို တုန်နေအောင် ချစ်တဲ့သူကတော့ ကိုယ့်ထက် ချောသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ နှိမ်ချဆက်ဆံတာမျိုး လုပ်မှာ မဟုတ်ပါဘူး။

Credit : trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top