iMyanmarHouse.com - Best Property Website for Myanmar
×

မပြတ္ကၽြတ္လို႕ဆိုလိုက္တာနဲ႕အားလံုးက သြက္သြက္လက္လက္နဲ႕ခ်က္ခ်က္ခ်ာခ်ာ ခ်စ္စရာေကာင္းသူ မခုိင္ေလးကိုေျပးျမင္မိၾကမွာပါ။ သူ႕ကိုၾကည့္လိုက္ရင္ ပရိသတ္အမ်ားစိတ္ခ်မ္းသာသလို အခုခ်ိန္ထက္ထိတုိင္ ႏုပ်ိဳေနတဲ့သူမက ေမြးထားတဲ့ သမီးေလး စံထိပ္ထားဦးနဲ႕ယွဥ္ရင္ေတာင္ ညီအစ္မေတြလို႕အမ်ားကထင္ရသူပါ။ ခုခ်ိန္ထိငယ္ရြယ္ႏုပ်ိဳေနေသးသလုိ လွေနေသးတဲ့သူမရဲ႕ လက္ရွိ အႏုပညာမ်ားအေၾကာင္းနဲ႕ငယ္ရြယ္ႏုပ်ိဳမႈရဲ႕လွ်ိဳ႕၀ွက္ခ်က္ကုိေမးျမန္းၾကည့္တဲ့အခါ

"အစ္မက  မႏုပါဘူး။ ဒီလိုပါပဲ။ အဓိကက ေပ်ာ္ေပ်ာ္ေနတတ္တာပါပဲ။ သိပ္စိတ္ညစ္မခံဘူး။ ေနာက္ၿပီးက်ေတာ့ ကိုယ္ရွိတာေလးနဲ႕ရသေလာက္ေလးနဲ႕ေရာင့္ရဲတင္းတိမ္ၿပီး ေနႏုိင္တယ္။ ေလာဘလဲမရွိဘူးေပါ့။ ထင္တာပါပဲ ( ရယ္လ်က္ ) ။ ခႏၶာကိုယ္ကိုလဲ အမ်ားၾကီးအခ်ိန္ေပးၿပီး မလုပ္ျဖစ္ဘူး။ အမွန္တုိင္းေျပာရရင္ သူမ်ားေတြလို Gym မွာအခ်ိန္ေပးၿပီးေဆာ့ခ်င္တယ္။ အဲ့ဒါကက်န္းမာေရးလဲေကာင္းတယ္။ စိတ္ကုိလဲ Relax ျဖစ္ေစတယ္။ ခႏၶာကိုယ္အလွအပအတြက္လဲအရမ္းပံ့ပိုးတယ္။ အဲ့ဒီလိုမ်ိဳးသြားခ်င္ေသာ္ျငားလည္း မခုိင္တို႕အေနနဲ႕က ရႈတင္ကတစ္ဖက္၊ ကုိယ့္မိသားစုကိုအခ်ိန္ေပးရတာကတစ္ဖက္နဲ႕Gym ကိုမသြားျဖစ္ဘူး။ အဲ့ဒီလိုမ်ိဳးေတာ့ အရမ္းအားက်တယ္။ ဒါေပမဲ့ မလုပ္ႏုိင္ဘူးေပါ့။ မလုပ္ႏုိင္တဲ့အခါက်ေတာ့ အိမ္မွာပဲ မိနစ္သံုးဆယ္ေလာက္ လမ္းေလွ်ာက္တာမ်ိဳး ဒါေပမဲ့ အဲ့ဒါကလဲ ေန႕တုိင္းမလုပ္ႏုိင္ပါဘူး။ ရႈတင္ေစာေစာလာတဲ့ရက္မ်ိဳး၊ Night Scene ပါလို႕ေနာက္က်တဲ့ရက္မ်ိဳးဆို မလုပ္ျဖစ္ဘူး။ တစ္ခုခ်င္းစီ Gym မွာသြားေဆာ့တာမ်ိဳးမလုပ္ႏုိင္ဘူး။ ခႏၶာကိုယ္ေလးနည္းနည္းစစ္သြားေအာင္ လမ္းေလွ်ာက္တာမ်ိဳးပဲလုပ္ျဖစ္ပါတယ္"တဲ့။

သမီးေလးနဲ႕မတိမ္းမယိမ္းျဖစ္ေနတဲ့အေပၚ သူမက "သမီးေလးနဲ႕က မတိမ္းမယိမ္းေတာ့မဟုတ္ပါဘူး။ သူကလဲ နည္းနည္းထြားလာတာရယ္၊ ကုိယ္ကလဲ အရပ္ပုေတာ့ အတူတူလိုျဖစ္ေနတာပါ။ သူ႕က်ေတာ့လဲ ကိုယ္ကေမြးတုန္းကခုနစ္လနဲ႕ေပါင္မေစ့လမေစ့ေလးေမြးခဲ့ရတယ္။ အဲ့ဒီမွာကုိယ္ကစိတ္ပူၿပီး ဆရာမေတြနဲ႕စနစ္တက် အစာအာဟာရေတြေကၽြးေတာ့ သူက ထြားလာတယ္။ အခုက်ေတာ့ ကုိယ့္အရပ္က မျမင့္ေတာ့ သူထြားလာတဲ့အခ်ိန္မွာ တူသြားတယ္။ တစ္ခုေတာ့ ေကာင္းပါတယ္။ ဆိုဒ္တူတဲ့အခါက်ေတာ့ အျပင္သြားတဲ့အခါ သူ႕ရဲ႕စကဒ္အတိုေလးေတြလဲေကာက္၀တ္လို႕ရတယ္။ သူကလဲဘုန္းၾကီးေက်ာင္းသြားတဲ့အခါ ကုိယ့္ရဲ႕ထမီေတြယူ၀တ္လို႕ရတာေပါ့။"လို႕ ဆိုသြားပါတယ္။

ရင္ေသြးထပ္ယူျဖစ္ မယူျဖစ္ကိုလည္း မခုိင္ေလးကို ေမးၾကည့္ျဖစ္ပါေသးတယ္။ ဒါကိုေတာ့ သူမက "ရင္ေသြးကေတာ့ ယူဖို႕အစီအစဥ္မရွိေတာ့ပါဘူး။ ဘာလို႕လဲဆိုေတာ့ မခုိင္ကအသက္အရြယ္အရသိပ္လဲ မငယ္ေတာ့ဘူး။ ကေလးလဲသိပ္မေမြးခ်င္ေတာ့ဘူး။ အဓိကက ကုိယ္ကေလးေမြးလိုက္တုန္းက သူမ်ားေတြေမြးသလိုမ်ိဳးမဟုတ္ပဲ ခုနစ္လနဲ႕ေမြးလိုက္ရတဲ့အတြက္ အရမ္းစိတ္ပူရတယ္။ ကေလးကလဲေပါင္မျပည့္ေတာ့ ကေလးေဆးရံုမွာႏွစ္လေလာက္ထားၿပီး ေသမလား။ ရွင္မလားဆိုတဲ့စိတ္နဲ႕ရင္တထိတ္ထိတ္ျဖတ္သန္းခဲ့ရတဲ့အတြက္ မခုိင္ဘ၀မွာအဲ့ဒီအခ်ိန္က စိတ္ဆင္းအရဲရဆံုးအခ်ိန္ပါပဲ။ တစ္ခါမွလဲ အဲ့ဒီေလာက္စိတ္မဆင္းရဲဖူးဘူး။ အဲ့ဒါၾကီးကိုလဲေၾကာက္တယ္။ အဲ့ဒါေလာက္ကေလးထက္မယူျဖစ္ေတာ့တာပါ"တဲ့။

ဘာသာေရးပိုင္းနဲ႕ ပရဟိတပိုင္းေတြကို တတ္ႏုိင္သေလာက္လုပ္ျဖစ္ပံုေလးေတာ့ "ဘာသာေရးက အခုအစ္မတုိ႕လုပ္ေနတာထက္ပိုအားထည့္ၿပီးလုပ္ရမွာပါ။ တကယ့္တကယ္က တရားမွတ္တာတို႕၊ တရားစခန္း၀င္တာတို႕ကလုပ္ရမွာဒါေပမဲ့ ထံုးစံအတုိင္းမအားတဲ့အတြက္ ဒီဟာေတြကို မလုပ္ႏုိင္ေသးဘူး။ ဒါေပမဲ့လဲ ၾကိဳးစားမွာပါ။ အဲ့ဒီလိုတရားစခန္းမ၀င္ျဖစ္ေပမဲ့ အတတ္ႏုိင္ဆံုးငါးပါးသီလလံုေအာင္ထိန္းတယ္။ ပဌာန္းရြတ္ျဖစ္တယ္။ တနလၤာေန႕တုိင္းငါးပါးသီလလံုေအာင္ထိန္းတယ္။ တနလၤာေန႕မွာပဲ ေရႊတိဂံုဘုရားအျမဲသြားတယ္။ မနက္မအားရင္ ညမိုးခ်ဳပ္ေပါ့။ သြားၿပီးရြတ္ျဖစ္တယ္။ အဲ့ဒီလိုေလးလဲသတ္မွတ္ထားမွ မဟုတ္ရင္ဘုရားက မေရာက္ျဖစ္ဘူးဆိုေတာ့ တစ္ပတ္တစ္ၾကိမ္ဘုရားဖူးရင္း ပဌာန္းသြားရြတ္မယ္ဆိုၿပီး လုပ္ျဖစ္တာပါ။ ပရဟိတပိုင္းမွာေတာ့ မတၱာသိဂၤဟနဲ႕တြဲၿပီးလုပ္တာမ်ားတယ္။ ဒါေပမဲ့ အစည္းအရံုးကေသာ္လည္းေကာင္း၊ အျခားအသင္းအဖြဲ႕ကေသာ္လည္းေကာင္း အကူအညီေတာင္းရင္လဲသြားလုပ္ေပးျဖစ္တယ္။ တစ္ခါတစ္ရံေသြးေမတၱာအဖြဲ႕ကအကူအညီေတာင္းရင္လဲ သြားလုပ္ေပးျဖစ္တယ္။ ေသြးလဲလွဴတယ္။ ေဖ်ာ္ေျဖေရးလဲ လုိက္ေပးတယ္။ အဓိကကေတာ့ ကိုခန္႕တို႕နဲ႕ေမတၱာသိဂၤဟအဖြဲ႕မွာတစ္လတစ္ၾကိမ္ေတာ့လွဴျဖစ္တယ္။ ဟိုတေလာကေတာ့ မႏၱေလးအဖြဲ႕ဆိုၿပီး ဖြဲ႕ၿပီး မႏၱေလးထိသြားၿပီးကူညီေပးျဖစ္တယ္။ အခုေလာေလာဆယ္ကေတာ့ ပုဂံဘုရားေတြျပဳျပင္ဖို႕အတြက္မခုိင္ေလးတို႕အလွဴေငြေကာက္ခံေပးတယ္။ ကိုယ္တိုင္လဲလွဴျဖစ္တယ္။ အဲ့ဒီလိုေလးေတြေတာ့ လုပ္ေပးျဖစ္ေနပါတယ္။"လို႕ ေျပာျပေပးသြားပါတယ္။

လက္ရွိမွာ မခုိင္ေလးက သူငယ္ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါ၀င္သရုပ္ေဆာင္ေနၿပီး သူငယ္ကားအၿပီးမွာလဲ ရုပ္ရွင္ကားၾကီးေတြပဲ ဆက္တုိက္ရုိက္သြားဖို႕ရွိေၾကာင္း ေျပာျပေပးခဲ့ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မပွတ်ကျွတ်လို့ဆိုလိုက်တာနဲ့အားလုံးက သွက်သွက်လက်လက်နဲ့ချက်ချက်ချာချာ ချစ်စရာကောင်းသူ မခိုင်လေးကိုပြေးမြင်မိကြမှာပါ။ သူ့ကိုကြည့်လိုက်ရင် ပရိသတ်အများစိတ်ချမ်းသာသလို အခုချိန်ထက်ထိတိုင် နုပျိုနေတဲ့သူမက မွေးထားတဲ့ သမီးလေး စံထိပ်ထားဦးနဲ့ယှဉ်ရင်တောင် ညီအစ်မတွေလို့အများကထင်ရသူပါ။ ခုချိန်ထိငယ်ရွယ်နုပျိုနေသေးသလို လှနေသေးတဲ့သူမရဲ့ လက်ရှိ အနုပညာများအကြောင်းနဲ့ငယ်ရွယ်နုပျိုမှုရဲ့လျှို့ဝှက်ချက်ကိုမေးမြန်းကြည့်တဲ့အခါ

"အစ်မက  မနုပါဘူး။ ဒီလိုပါပဲ။ အဓိကက ပျော်ပျော်နေတတ်တာပါပဲ။ သိပ်စိတ်ညစ်မခံဘူး။ နောက်ပြီးကျတော့ ကိုယ်ရှိတာလေးနဲ့ရသလောက်လေးနဲ့ရောင့်ရဲတင်းတိမ်ပြီး နေနိုင်တယ်။ လောဘလဲမရှိဘူးပေါ့။ ထင်တာပါပဲ ( ရယ်လျက် ) ။ ခန္ဓာကိုယ်ကိုလဲ အများကြီးအချိန်ပေးပြီး မလုပ်ဖြစ်ဘူး။ အမှန်တိုင်းပြောရရင် သူများတွေလို Gym မှာအချိန်ပေးပြီးဆော့ချင်တယ်။ အဲ့ဒါကကျန်းမာရေးလဲကောင်းတယ်။ စိတ်ကိုလဲ Relax ဖြစ်စေတယ်။ ခန္ဓာကိုယ်အလှအပအတွက်လဲအရမ်းပံ့ပိုးတယ်။ အဲ့ဒီလိုမျိုးသွားချင်သော်ငြားလည်း မခိုင်တို့အနေနဲ့က ရှုတင်ကတစ်ဖက်၊ ကိုယ့်မိသားစုကိုအချိန်ပေးရတာကတစ်ဖက်နဲ့Gym ကိုမသွားဖြစ်ဘူး။ အဲ့ဒီလိုမျိုးတော့ အရမ်းအားကျတယ်။ ဒါပေမဲ့ မလုပ်နိုင်ဘူးပေါ့။ မလုပ်နိုင်တဲ့အခါကျတော့ အိမ်မှာပဲ မိနစ်သုံးဆယ်လောက် လမ်းလျှောက်တာမျိုး ဒါပေမဲ့ အဲ့ဒါကလဲ နေ့တိုင်းမလုပ်နိုင်ပါဘူး။ ရှုတင်စောစောလာတဲ့ရက်မျိုး၊ Night Scene ပါလို့နောက်ကျတဲ့ရက်မျိုးဆို မလုပ်ဖြစ်ဘူး။ တစ်ခုချင်းစီ Gym မှာသွားဆော့တာမျိုးမလုပ်နိုင်ဘူး။ ခန္ဓာကိုယ်လေးနည်းနည်းစစ်သွားအောင် လမ်းလျှောက်တာမျိုးပဲလုပ်ဖြစ်ပါတယ်"တဲ့။

သမီးလေးနဲ့မတိမ်းမယိမ်းဖြစ်နေတဲ့အပေါ် သူမက "သမီးလေးနဲ့က မတိမ်းမယိမ်းတော့မဟုတ်ပါဘူး။ သူကလဲ နည်းနည်းထွားလာတာရယ်၊ ကိုယ်ကလဲ အရပ်ပုတော့ အတူတူလိုဖြစ်နေတာပါ။ သူ့ကျတော့လဲ ကိုယ်ကမွေးတုန်းကခုနစ်လနဲ့ပေါင်မစေ့လမစေ့လေးမွေးခဲ့ရတယ်။ အဲ့ဒီမှာကိုယ်ကစိတ်ပူပြီး ဆရာမတွေနဲ့စနစ်တကျ အစာအာဟာရတွေကျွေးတော့ သူက ထွားလာတယ်။ အခုကျတော့ ကိုယ့်အရပ်က မမြင့်တော့ သူထွားလာတဲ့အချိန်မှာ တူသွားတယ်။ တစ်ခုတော့ ကောင်းပါတယ်။ ဆိုဒ်တူတဲ့အခါကျတော့ အပြင်သွားတဲ့အခါ သူ့ရဲ့စကဒ်အတိုလေးတွေလဲကောက်ဝတ်လို့ရတယ်။ သူကလဲဘုန်းကြီးကျောင်းသွားတဲ့အခါ ကိုယ့်ရဲ့ထမီတွေယူဝတ်လို့ရတာပေါ့။"လို့ ဆိုသွားပါတယ်။

ရင်သွေးထပ်ယူဖြစ် မယူဖြစ်ကိုလည်း မခိုင်လေးကို မေးကြည့်ဖြစ်ပါသေးတယ်။ ဒါကိုတော့ သူမက "ရင်သွေးကတော့ ယူဖို့အစီအစဉ်မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ မခိုင်ကအသက်အရွယ်အရသိပ်လဲ မငယ်တော့ဘူး။ ကလေးလဲသိပ်မမွေးချင်တော့ဘူး။ အဓိကက ကိုယ်ကလေးမွေးလိုက်တုန်းက သူများတွေမွေးသလိုမျိုးမဟုတ်ပဲ ခုနစ်လနဲ့မွေးလိုက်ရတဲ့အတွက် အရမ်းစိတ်ပူရတယ်။ ကလေးကလဲပေါင်မပြည့်တော့ ကလေးဆေးရုံမှာနှစ်လလောက်ထားပြီး သေမလား။ ရှင်မလားဆိုတဲ့စိတ်နဲ့ရင်တထိတ်ထိတ်ဖြတ်သန်းခဲ့ရတဲ့အတွက် မခိုင်ဘဝမှာအဲ့ဒီအချိန်က စိတ်ဆင်းအရဲရဆုံးအချိန်ပါပဲ။ တစ်ခါမှလဲ အဲ့ဒီလောက်စိတ်မဆင်းရဲဖူးဘူး။ အဲ့ဒါကြီးကိုလဲကြောက်တယ်။ အဲ့ဒါလောက်ကလေးထက်မယူဖြစ်တော့တာပါ"တဲ့။

ဘာသာရေးပိုင်းနဲ့ ပရဟိတပိုင်းတွေကို တတ်နိုင်သလောက်လုပ်ဖြစ်ပုံလေးတော့ "ဘာသာရေးက အခုအစ်မတို့လုပ်နေတာထက်ပိုအားထည့်ပြီးလုပ်ရမှာပါ။ တကယ့်တကယ်က တရားမှတ်တာတို့၊ တရားစခန်းဝင်တာတို့ကလုပ်ရမှာဒါပေမဲ့ ထုံးစံအတိုင်းမအားတဲ့အတွက် ဒီဟာတွေကို မလုပ်နိုင်သေးဘူး။ ဒါပေမဲ့လဲ ကြိုးစားမှာပါ။ အဲ့ဒီလိုတရားစခန်းမဝင်ဖြစ်ပေမဲ့ အတတ်နိုင်ဆုံးငါးပါးသီလလုံအောင်ထိန်းတယ်။ ပဌာန်းရွတ်ဖြစ်တယ်။ တနင်္လာနေ့တိုင်းငါးပါးသီလလုံအောင်ထိန်းတယ်။ တနင်္လာနေ့မှာပဲ ရွှေတိဂုံဘုရားအမြဲသွားတယ်။ မနက်မအားရင် ညမိုးချုပ်ပေါ့။ သွားပြီးရွတ်ဖြစ်တယ်။ အဲ့ဒီလိုလေးလဲသတ်မှတ်ထားမှ မဟုတ်ရင်ဘုရားက မရောက်ဖြစ်ဘူးဆိုတော့ တစ်ပတ်တစ်ကြိမ်ဘုရားဖူးရင်း ပဌာန်းသွားရွတ်မယ်ဆိုပြီး လုပ်ဖြစ်တာပါ။ ပရဟိတပိုင်းမှာတော့ မတ္တာသိင်္ဂဟနဲ့တွဲပြီးလုပ်တာများတယ်။ ဒါပေမဲ့ အစည်းအရုံးကသော်လည်းကောင်း၊ အခြားအသင်းအဖွဲ့ကသော်လည်းကောင်း အကူအညီတောင်းရင်လဲသွားလုပ်ပေးဖြစ်တယ်။ တစ်ခါတစ်ရံသွေးမေတ္တာအဖွဲ့ကအကူအညီတောင်းရင်လဲ သွားလုပ်ပေးဖြစ်တယ်။ သွေးလဲလှူတယ်။ ဖျော်ဖြေရေးလဲ လိုက်ပေးတယ်။ အဓိကကတော့ ကိုခန့်တို့နဲ့မေတ္တာသိင်္ဂဟအဖွဲ့မှာတစ်လတစ်ကြိမ်တော့လှူဖြစ်တယ်။ ဟိုတလောကတော့ မန္တလေးအဖွဲ့ဆိုပြီး ဖွဲ့ပြီး မန္တလေးထိသွားပြီးကူညီပေးဖြစ်တယ်။ အခုလောလောဆယ်ကတော့ ပုဂံဘုရားတွေပြုပြင်ဖို့အတွက်မခိုင်လေးတို့အလှူငွေကောက်ခံပေးတယ်။ ကိုယ်တိုင်လဲလှူဖြစ်တယ်။ အဲ့ဒီလိုလေးတွေတော့ လုပ်ပေးဖြစ်နေပါတယ်။"လို့ ပြောပြပေးသွားပါတယ်။

လက်ရှိမှာ မခိုင်လေးက သူငယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပြီး သူငယ်ကားအပြီးမှာလဲ ရုပ်ရှင်ကားကြီးတွေပဲ ဆက်တိုက်ရိုက်သွားဖို့ရှိကြောင်း ပြောပြပေးခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top