iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Thit Htoo Lwin



Unicode Version

လေ့လာတွေ့ရှိချက်တွေအရ သွေးကင်ဆာရောဂါရှင် ဆယ်ကျော်သက်တွေက ကင်ဆာဆေးတွေ သောက်ရတဲ့အတွက် ကိုယ်ဝန်ပျက်ကျတဲ့ အချိန်မတိုင်ခင်မှာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးတာမျိုး မလုပ်ကြတာကို တွေ့ရပါတယ်။

ကင်ဆာဆေးတွကြောင့် ကိုယ်ဝန်ပျက်ကျမှုနှုန်းတွေ မြင့်တတ်လာပေမယ့် ဆယ်ကျော်သက် ကင်ဆာဝေဒနာရှင် ကိုယ်ဝန်ဆောင်တွေအတွက် စံလမ်းညွှန်ချက်ကတော့ မရှိပါဘူး။

 ‘သွေးကင်ဆာခံစားရတဲ့အတွက် ကင်ဆာဆေးအားလုံးနီးပါး သောက်သုံးရတာတွေကြောင့် သန္ဓေသားဖွံဖြိုးရာမှာ ထိခိုက်စေနိုင်ပါတယ်။ကင်ဆာကုထုံးတွေ ခံယူနေတဲ့ အရွယ်ရောက်ပြီးတဲ့ ဝေဒနာရှင်တွေအတွက် ကိုယ်ဝန်မထိခိုက်စေဖို့ လေ့ကျင်မှုတွေ သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်’ လို့ ဒေါက်တာ Pooja Rao က ပြောပါတယ်။

အရွယ်ရောက်ပြီးသား မိန်းကလေးတွေက ကင်ဆာကုထုံးတွေအတွက် သန္ဓေသားကို ထိခိုက်စေနိုင်တဲ့ ဆေးတွေမသောက်သုံးခင်မှာ ကိုယ်ဝန်ရှိ၊ မရှိ ဓါတ်မှန်ရိုက်တာမျိုး စစ်ဆေးတာကိုမတွေ့ရပါဘူး။ ဝေဒနာရှင်တွေထဲကမှ ငယ်စဉ်ကတည်းက သွေးကင်ဆာ ခံစားနေရတဲ့သူတွေမှာ စစ်ဆေးတဲ့နှုန်းက အနှိမ့်ဆုံးမှာ ရှိနေပါတယ်။

တွေ့ရှိချက်တွေအရဆိုရင် ငယ်စဉ်ကတည်းက ဝေဒနာခံစားနေရတဲ့ ဆယ်ကျော်သက်တွေကို လိင်ဆက်ဆံမှုနဲ့ ပက်သက်တဲ့ ကျန်းမာရေး အကြောင်းအရာတွေကို ဆွေးနွေးပေးဖို့ကလည်း လိုအပ်တာကိုတွေ့ရပါတယ်။


Credit:Thit Htoo Lwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top