iMyanmarHouse.com - Best Property Website for Myanmar
×

ေရာဂါျဖစ္လာရင္ သာမန္ေဆးကုသမႈတစ္ခုတည္းနဲ႔ မလံုေလာက္ႏုိင္ပါဘူး။ စိတ္ေၾကာင့္ ေရာဂါပိုတိုး ရသလို စိတ္ေၾကာင့္ ေရာဂါသက္သာသြားတာေတြ ကြၽန္မတို႔ပတ္ဝန္းက်င္မွာ အမ်ားႀကီးေတြ႕ေနရပါတယ္။ ဒီလိုစိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစ ႏုိင္ဖို႔အတြက္ပံုမွန္အႏွိပ္ခံေပးဖို႔လိုအပ္ပါတယ္။နည္းစနစ္တက် ပံုမွန္အႏွိပ္ခံေပးျခင္းအားျဖင့္ ရရွိေစႏုိင္တဲ့ အက်ဳိးေက်းဇူး ေတြကေတာ့- စိတ္ဖိစီးမႈကိုေလ်ာ့က်ေစတယ္ စိတ္ဖိစီးမႈကို ေရရွည္ခံစားရ တာေၾကာင့္ လူ႔ခႏၶာကိုယ္နဲ႔ စိတ္ ပိုင္းဆိုင္ရာမွာ ဆိုးဆိုးရြားရြားျဖစ္ ေစႏုိင္ပါတယ္။ အႏွိပ္ခံတာေၾကာင့္ စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစၿပီး စိတ္ဖိစီးမႈနဲ႔ဆက္စပ္ေနတဲ့ ေခါင္း ကိုက္ျခင္း၊ ေသြးတိုးျခင္းေတြကို သက္သာသြားေစပါတယ္။

နာတာ ရွည္ေခါင္းကိုက္တာနဲ႔ ေသြးတိုး ေရာဂါတို႔ျဖစ္တဲ့အခါမွာ ပံုမွန္ေဆး ကုသမႈနဲ႔အတူ အႏွိပ္ခံေပးပါ။ စိတ္က်န္းမာေရးကို ေကာင္းေစတယ္ အႏွိပ္ခံတဲ့ကုထံုးဟာ စိတ္ဖိစီးမႈပူပင္ေသာကနဲ႔ စိတ္ဓာတ္က်တဲ့လကၡဏာေတြကို လ်ာ့ပါးေစသလို အေထြေထြ စိတ္က်န္းမာေရးကိုလည္း အားေကာင္းေစတယ္လို႔ ေလ့လာမႈမ်ားအရသိရပါတယ္။

 နာက်င္ကိုက္ခဲမႈကိုေျပေပ်ာက္ေစတယ္ နာက်င္ကိုက္ခဲ့တဲ့ေဝဒနာက လူတစ္ေယာက္ရဲ႕ ဘဝအရည္အေသြးကို ဆိုးဆိုးရြားရြားထိခိုက္ေစႏုိင္ပါတယ္။ခါးနာတာ၊ ႏံုးခ်ည့္ေညာင္းညာတာနဲ႔ အဆစ္ေရာင္တာ စတဲ့အေျခအေနေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔ အႏွိပ္ခံသင့္ပါတယ္။

 အႏွိပ္ခံတာကို ပံုမွန္ေဆးကုသမႈေတြနဲ႔တြဲဖက္လုပ္ေဆာင္တာေၾကာင့္ ကင္ဆာခြဲစိတ္မႈထိခိုက္ဒဏ္ရာတို႔ ေၾကာင့္ျဖစ္ရတဲ့နာက်င္ကိုက္ခဲ မႈ ေဝဒနာကို သက္သာေလ်ာ့ပါးေစ ပါတယ္။ ကူးစက္ပိုးေတြကို တြန္း လွန္ႏိုင္ပါတယ္ က်န္းမာေရးေလ့လာမႈအရ အႏွိပ္ခံတဲ့ကုထံုးဟာ ကိုယ္ခံစြမ္း အားစနစ္ကို အားေကာင္းေစၿပီး ေရာဂါပိုးေတြကို တြန္းလွန္ရာမွာ အေရးပါတဲ့ ခႏၶာကိုယ္ရဲ႕သဘာဝ ဆဲေတြကို တိုးပြားလာေစပါတယ္။

Credit:The Union Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရောဂါဖြစ်လာရင် သာမန်ဆေးကုသမှုတစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။ စိတ်ကြောင့် ရောဂါပိုတိုး ရသလို စိတ်ကြောင့် ရောဂါသက်သာသွားတာတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို လျော့ကျစေ နိုင်ဖို့အတွက်ပုံမှန်အနှိပ်ခံပေးဖို့လိုအပ်ပါတယ်။နည်းစနစ်တကျ ပုံမှန်အနှိပ်ခံပေးခြင်းအားဖြင့် ရရှိစေနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့- စိတ်ဖိစီးမှုကိုလျော့ကျစေတယ် စိတ်ဖိစီးမှုကို ရေရှည်ခံစားရ တာကြောင့် လူ့ခန္ဓာကိုယ်နဲ့ စိတ် ပိုင်းဆိုင်ရာမှာ ဆိုးဆိုးရွားရွားဖြစ် စေနိုင်ပါတယ်။ အနှိပ်ခံတာကြောင့် စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်ဖိစီးမှုနဲ့ဆက်စပ်နေတဲ့ ခေါင်း ကိုက်ခြင်း၊ သွေးတိုးခြင်းတွေကို သက်သာသွားစေပါတယ်။

နာတာ ရှည်ခေါင်းကိုက်တာနဲ့ သွေးတိုး ရောဂါတို့ဖြစ်တဲ့အခါမှာ ပုံမှန်ဆေး ကုသမှုနဲ့အတူ အနှိပ်ခံပေးပါ။ စိတ်ကျန်းမာရေးကို ကောင်းစေတယ် အနှိပ်ခံတဲ့ကုထုံးဟာ စိတ်ဖိစီးမှုပူပင်သောကနဲ့ စိတ်ဓာတ်ကျတဲ့လက္ခဏာတွေကို လျာ့ပါးစေသလို အထွေထွေ စိတ်ကျန်းမာရေးကိုလည်း အားကောင်းစေတယ်လို့ လေ့လာမှုများအရသိရပါတယ်။

 နာကျင်ကိုက်ခဲမှုကိုပြေပျောက်စေတယ် နာကျင်ကိုက်ခဲ့တဲ့ဝေဒနာက လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ခါးနာတာ၊ နုံးချည့်ညောင်းညာတာနဲ့ အဆစ်ရောင်တာ စတဲ့အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ အနှိပ်ခံသင့်ပါတယ်။

 အနှိပ်ခံတာကို ပုံမှန်ဆေးကုသမှုတွေနဲ့တွဲဖက်လုပ်ဆောင်တာကြောင့် ကင်ဆာခွဲစိတ်မှုထိခိုက်ဒဏ်ရာတို့ ကြောင့်ဖြစ်ရတဲ့နာကျင်ကိုက်ခဲ မှု ဝေဒနာကို သက်သာလျော့ပါးစေ ပါတယ်။ ကူးစက်ပိုးတွေကို တွန်း လှန်နိုင်ပါတယ် ကျန်းမာရေးလေ့လာမှုအရ အနှိပ်ခံတဲ့ကုထုံးဟာ ကိုယ်ခံစွမ်း အားစနစ်ကို အားကောင်းစေပြီး ရောဂါပိုးတွေကို တွန်းလှန်ရာမှာ အရေးပါတဲ့ ခန္ဓာကိုယ်ရဲ့သဘာဝ ဆဲတွေကို တိုးပွားလာစေပါတယ်။

Credit:The Union Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top