iMyanmarHouse.com - Best Property Website for Myanmar
×

မိမိ၏ ေနထုိင္မႈပံုစံျပဳျပင္ေျပာင္းလဲျခင္းျဖင့္ အသည္းေရာဂါ၏ ေနာက္ဆက္တြဲဆုိးက်ိဳး မ်ားေၾကာင့္ ေရာဂါေ၀ဒနာခံစားရျခင္းကို ေလွ်ာ့ခ်ႏိုင္သည့္အျပင္ အသည္းထပ္မံပ်က္ဆီးျခင္းကိုလည္း ကာကြယ္ႏုိင္ပါသည္။

1. အရက္ျဖတ္ျခင္း

အကယ္၍ မိမိ၏ အသည္းေရာဂါမွာ အရက္ေၾကာင့္မဟုတ္ခဲ့ဘူးဆိုလွ်င္ေတာင္မွ အရက္ေသာက္ျခင္းကို ရာသက္ပန္ေရွာင္ၾကဥ္သင့္သည္။ ထုိသုိ႔မဟုတ္ပါက အသည္းပ်က္ဆီးမႈႏႈန္းကို ပိုမုိျမင့္တက္ေစႏိုင္ပါသည္။

2. စားေသာက္မႈပံုစံကိုေျပာင္းလဲျခင္း

အငန္စားသံုးမႈကို ေလွ်ာ့ခ်သင့္သည္။ အဘယ္ေၾကာင့္ဆုိေသာ္ အသည္းပ်က္စီးေနသူမ်ားတြင္ ခႏၶာကိုယ္မွအငန္ စြန္႔ထုတ္မႈ ေလ်ာ့နည္းေနေသာေၾကာင့္ျဖစ္သည္။ ဆားဓာတ္ဟုလူသိမ်ားေသာ ဆိုဒီယမ္ဓာတ္သည္ ၀မ္းဗုိက္တြင္အရည္မ်ားစုျခင္းကို ျဖစ္ေစႏိုင္သည္။

1. အငန္လြန္ကဲေသာ အစားအေသာက္မ်ားကိုေရွာင္ၾကဥ္ပါ။ ဟင္းခ်က္ရာတြင္ ဆားကိုေလွ်ာ့ထည့္ပါ။ အရသာအတြက္ သံပုရာသီးႏွင့္ အေမႊးအႀကိဳင္မ်ားကို ဆားအစားအသံုးျပဳေပးပါ။ လတ္ဆတ္ေသာ အစားအစာမ်ားသည္ စည္သြပ္အစားအေသာက္ဘူးမ်ားထက္ပို၍ က်န္းမာေရးႏွင့္ညီညြတ္ေစပါသည္။

2. အစားအေသာက္ဘူးေပၚတြင္ပါေသာ အၫႊန္းမ်ားကိုေသခ်ာဖတ္၍ ဆားဓာတ္မည္မွ်ပါသည္ကို စစ္ေဆးၿပီးမွ၀ယ္ယူပါ။

3. အသင့္စားအစားအေသာက္ေရာင္းခ်ေသာ စားေသာက္ဆုိင္မ်ားတြင္ စားသံုးျခင္းကိုေရွာင္ၾကဥ္ပါ။

4. အသားမ်ား အထူးသျဖင့္ အနီေရာင္အသားမ်ားစားသံုးျခင္းကို တတ္ႏုိင္သမွ်ေလွ်ာ့ခ်၍ အသီးအရြက္မ်ားကိုသာ မ်ားမ်ားစားသံုးေပးပါ။

အသည္းပ်က္စီးျခင္း အလြန္အမင္းဆိုး၀ါးလာပါက ဦးေႏွာက္ပိုင္းဆိုင္ရာလုပ္ေဆာင္ခ်က္မ်ားကိုပါ ထိခိုက္ႏုိင္ေခ်ရွိသည့္အတြက္ ပ႐ိုတင္းဟုေခၚေသာ အသားဓာတ္စားသံုးျခင္းကိုေလွ်ာ့ခ်ရန္ လိုအပ္ပါသည္။ အာဟာရအတြက္ ပရိုတင္းဓာတ္ကုိ စားသံုးရန္လိုအပ္ေသာ္လည္း ျဖစ္ႏုိင္လွ်င္၎ဓာတ္ကို ပဲအမ်ိဳးမ်ိဳးႏွင့္ အသီးအရြက္မ်ားစားသံုးျခင္းျဖင့္သာ ရယူသင့္သည္။ သတိျပဳရန္မွာ အသားဓာတ္ပါေသာ အစားအေသာက္မ်ားကို တခါတည္းအမ်ားႀကီးစားသံုးရန္ မသင့္ေလ်ာ္ေပ။

3. အႏၲရာယ္ရွိေသာ ေဆး၀ါးမ်ားကိုေရွာင္ရွားျခင္း

အခ်ိဳ႕ေသာေဆး၀ါးမ်ားကို အသည္းေျခာက္ေရာဂါခံစားေနရသူမ်ားအေနျဖင့္ ေသာက္သံုးရန္မသင့္ေတာ္ေပ။ ဥပမာ - ပါရာစီတေမာကဲ့သို႔ အကိုက္အခဲေပ်ာက္ေဆးမ်ိဳးသည္ အသည္းပ်က္စီးႏႈန္းကိုျမင့္တက္ေစသည္။ ထုိ႔ျပင္ အက္(စ္)ပရင္ Aspirin၊ Ibuprofen ကဲ့သို႔ေသာ အျခားအကိုက္အခဲေပ်ာက္ေဆးမ်ားသည္လည္း ေသြးျပန္ေၾကာထံုးေနသူမ်ားတြင္ ေသြးေၾကာေပါက္ျခင္း အလားအလာကိုျမင့္တက္ေစႏိုင္ပါသည္။ အျခားေရာဂါရွိ၍ ေသာက္သံုးေနရေသာေဆးမ်ားေၾကာင့္ အသည္းထိခိုက္မႈျဖစ္ေစႏိုင္သျဖင့္ မည္သည့္ေဆး၀ါးမဆို (အားေဆးမ်ားအပါအ၀င္) ဆရာ၀န္ႏွင့္တုိင္ပင္ၿပီးမွ ေသာက္သံုးသင့္သည္။

4. သင္၏က်န္းမာေရးအေျခအေနကိုျမႇင့္တင္ျခင္း

သင္၏က်န္းမာေရးအေျခအေနကို ျမႇင့္တင္ရန္ေအာက္ပါအခ်က္တို႔ကို လုိက္နာပါ။

- ေဆးလိပ္ေသာက္ျခင္းကိုေရွာင္ၾကဥ္ပါ။

- ဗီတာမင္အားေဆးမ်ားကို ေသာက္သံုးႏိုင္ေသာ္လည္း သံဓာတ္အလြန္အကၽြံပါ၀င္ေသာေဆးမ်ားကို ဆရာ၀န္ၫႊန္ၾကားမႈမပါဘဲ မေသာက္သံုးသင့္ပါ။

- သြားႏွင့္သြားဖံုးက်န္းမာေရးကိုဂ႐ုစိုက္ပါ။ ျပည္တည္နာမ်ားမျဖစ္ေစရန္ သြားတိုက္ျခင္းအေလ့အထကို ပံုမွန္ျပဳလုပ္သင့္သည္။ ဂ႐ုျပဳရန္မွာ သြားဖံုးေသြးထြက္ျခင္းမွကင္းေ၀းေစရန္ ညင္သာစြာပြတ္တိုက္ေပးပါ။

- ကာကြယ္ေဆးမ်ားထိုးထားပါ။ (ဥပမာ- အသည္းေရာင္အသား၀ါ A၊ အသည္းေရာင္အသား၀ါ B၊ အေအးမိတုတ္ေကြးေရာဂါ၊ အဆုတ္ေရာင္ေရာဂါ)

Credit : today Bago

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိမိ၏ နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲခြင်းဖြင့် အသည်းရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး များကြောင့် ရောဂါဝေဒနာခံစားရခြင်းကို လျှော့ချနိုင်သည့်အပြင် အသည်းထပ်မံပျက်ဆီးခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။

1. အရက်ဖြတ်ခြင်း

အကယ်၍ မိမိ၏ အသည်းရောဂါမှာ အရက်ကြောင့်မဟုတ်ခဲ့ဘူးဆိုလျှင်တောင်မှ အရက်သောက်ခြင်းကို ရာသက်ပန်ရှောင်ကြဉ်သင့်သည်။ ထိုသို့မဟုတ်ပါက အသည်းပျက်ဆီးမှုနှုန်းကို ပိုမိုမြင့်တက်စေနိုင်ပါသည်။

2. စားသောက်မှုပုံစံကိုပြောင်းလဲခြင်း

အငန်စားသုံးမှုကို လျှော့ချသင့်သည်။ အဘယ်ကြောင့်ဆိုသော် အသည်းပျက်စီးနေသူများတွင် ခန္ဓာကိုယ်မှအငန် စွန့်ထုတ်မှု လျော့နည်းနေသောကြောင့်ဖြစ်သည်။ ဆားဓာတ်ဟုလူသိများသော ဆိုဒီယမ်ဓာတ်သည် ဝမ်းဗိုက်တွင်အရည်များစုခြင်းကို ဖြစ်စေနိုင်သည်။

1. အငန်လွန်ကဲသော အစားအသောက်များကိုရှောင်ကြဉ်ပါ။ ဟင်းချက်ရာတွင် ဆားကိုလျှော့ထည့်ပါ။ အရသာအတွက် သံပုရာသီးနှင့် အမွှေးအကြိုင်များကို ဆားအစားအသုံးပြုပေးပါ။ လတ်ဆတ်သော အစားအစာများသည် စည်သွပ်အစားအသောက်ဘူးများထက်ပို၍ ကျန်းမာရေးနှင့်ညီညွတ်စေပါသည်။

2. အစားအသောက်ဘူးပေါ်တွင်ပါသော အညွှန်းများကိုသေချာဖတ်၍ ဆားဓာတ်မည်မျှပါသည်ကို စစ်ဆေးပြီးမှဝယ်ယူပါ။

3. အသင့်စားအစားအသောက်ရောင်းချသော စားသောက်ဆိုင်များတွင် စားသုံးခြင်းကိုရှောင်ကြဉ်ပါ။

4. အသားများ အထူးသဖြင့် အနီရောင်အသားများစားသုံးခြင်းကို တတ်နိုင်သမျှလျှော့ချ၍ အသီးအရွက်များကိုသာ များများစားသုံးပေးပါ။

အသည်းပျက်စီးခြင်း အလွန်အမင်းဆိုးဝါးလာပါက ဦးနှောက်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကိုပါ ထိခိုက်နိုင်ချေရှိသည့်အတွက် ပရိုတင်းဟုခေါ်သော အသားဓာတ်စားသုံးခြင်းကိုလျှော့ချရန် လိုအပ်ပါသည်။ အာဟာရအတွက် ပရိုတင်းဓာတ်ကို စားသုံးရန်လိုအပ်သော်လည်း ဖြစ်နိုင်လျှင်၎င်းဓာတ်ကို ပဲအမျိုးမျိုးနှင့် အသီးအရွက်များစားသုံးခြင်းဖြင့်သာ ရယူသင့်သည်။ သတိပြုရန်မှာ အသားဓာတ်ပါသော အစားအသောက်များကို တခါတည်းအများကြီးစားသုံးရန် မသင့်လျော်ပေ။

3. အန္တရာယ်ရှိသော ဆေးဝါးများကိုရှောင်ရှားခြင်း

အချို့သောဆေးဝါးများကို အသည်းခြောက်ရောဂါခံစားနေရသူများအနေဖြင့် သောက်သုံးရန်မသင့်တော်ပေ။ ဥပမာ - ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးမျိုးသည် အသည်းပျက်စီးနှုန်းကိုမြင့်တက်စေသည်။ ထို့ပြင် အက်(စ်)ပရင် Aspirin၊ Ibuprofen ကဲ့သို့သော အခြားအကိုက်အခဲပျောက်ဆေးများသည်လည်း သွေးပြန်ကြောထုံးနေသူများတွင် သွေးကြောပေါက်ခြင်း အလားအလာကိုမြင့်တက်စေနိုင်ပါသည်။ အခြားရောဂါရှိ၍ သောက်သုံးနေရသောဆေးများကြောင့် အသည်းထိခိုက်မှုဖြစ်စေနိုင်သဖြင့် မည်သည့်ဆေးဝါးမဆို (အားဆေးများအပါအဝင်) ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။

4. သင်၏ကျန်းမာရေးအခြေအနေကိုမြှင့်တင်ခြင်း

သင်၏ကျန်းမာရေးအခြေအနေကို မြှင့်တင်ရန်အောက်ပါအချက်တို့ကို လိုက်နာပါ။

- ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။

- ဗီတာမင်အားဆေးများကို သောက်သုံးနိုင်သော်လည်း သံဓာတ်အလွန်အကျွံပါဝင်သောဆေးများကို ဆရာဝန်ညွှန်ကြားမှုမပါဘဲ မသောက်သုံးသင့်ပါ။

- သွားနှင့်သွားဖုံးကျန်းမာရေးကိုဂရုစိုက်ပါ။ ပြည်တည်နာများမဖြစ်စေရန် သွားတိုက်ခြင်းအလေ့အထကို ပုံမှန်ပြုလုပ်သင့်သည်။ ဂရုပြုရန်မှာ သွားဖုံးသွေးထွက်ခြင်းမှကင်းဝေးစေရန် ညင်သာစွာပွတ်တိုက်ပေးပါ။

- ကာကွယ်ဆေးများထိုးထားပါ။ (ဥပမာ- အသည်းရောင်အသားဝါ A၊ အသည်းရောင်အသားဝါ B၊ အအေးမိတုတ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါ)

Credit : today Bago

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top