iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အနာဂတ္စာရင္း
မနက္ျဖန္လုပ္ရမယ့္ စာရင္း၊ လကုန္လုပ္မယ့္စာရင္း၊ တစ္ႏွစ္တြင္းလုပ္မယ့္စာရင္း စတဲ့ အနာဂတ္အစီစဥ္ကို စာရင္းလုပ္ထားသင့္ပါတယ္။

၂ - အုိင္ဒီယာ
အသံုးဝင္မယ့္အေတြးတစ္ခု ရလာတယ္ ဆုိရင္ ခ်ေရးျပီး စာရင္းလုပ္ထားသင့္ပါတယ္။ လိုအပ္တဲ့အခ်ိန္မွာ ျပန္ၾကည့္ႏုိင္ပါတယ္။ ဒီလုိျပန္ၾကည့္ရင္းနဲ႔လည္း အသစ္အသစ္ေတြကို သင္လုပ္မိႏုိင္ပါတယ္။

၃ - တိုးတက္မႈ
ကိုယ့္ကိုယ္ကိုယ္တိုးတက္ေစဖို႔ လုပ္ရမယ့္ အရာေတြကိုလည္း စာရင္းလုပ္ထားသင့္ပါတယ္။ ဘယ္အရာကိုဝယ္မယ္၊ ဘယ္သင္တန္းကို တက္မယ္၊ ဘယ္အရာကို ဦးစားေပးရမယ္ဆုိတာေတြကို စာရင္းလုပ္သင့္ပါတယ္။

၄ - ကုန္က်စရိတ္
ကုန္က်စရိတ္ကို စာရင္းလုပ္တတ္တဲ့အက်င့္ကေတာ့ မရွိမျဖစ္ပါ။ ေငြေၾကးကို စနစ္တက်သံုးစြဲတတ္ရုံမကဘဲ ဘယ္ကိစၥမဆို စနစ္တက်ခ်ဥ္းကပ္တဲ့ အက်င့္ရပါတယ္။

၅ - အဆက္အသြယ္
အေပါင္းအသင္းအဆက္အသြယ္ေတြကိုလည္း စာရင္းလုပ္ထားသင့္ပါတယ္။ အလုပ္အကိုင္မိတ္ေဆြ၊ ဝါသနာတူမိတ္ေဆြ၊ ငယ္သူငယ္ခ်င္း၊ သက္ဆုိင္ရာနယ္ပယ္က အသိအကၽြမ္း စတာေတြကို ေသခ်ာစာရင္းလုပ္ျပီး မွတ္ထားသင့္ပါတယ္။

၆ - တာဝန္
လုပ္ရမယ့္တာဝန္ေတြကိုလည္း စာရင္းလုပ္သင့္ပါတယ္။ အေရးၾကီးေပမဲ့ အခ်ိန္ယူျပီး လုပ္ရမယ့္စာရင္း၊ အေရးမၾကီးေပမဲ့ အခုလုပ္လုိက္ရင္ ပိုေကာင္းတဲ့စာရင္း စသျဖင့္ပါ။

၇ - ဘဝရည္မွန္းခ်က္
ဒီစာရင္းကေတာ့ သင္ေမ့ေနျပီဆုိ ျပန္ၾကည့္ရမယ့္ စာရင္းပါ။ ႏွစ္ခု သံုးခုထက္ ပိုမရွိသင့္ပါဘူး။

Credit :duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#UnicodeVersion

၁ - အနာဂတ်စာရင်း
မနက်ဖြန်လုပ်ရမယ့် စာရင်း၊ လကုန်လုပ်မယ့်စာရင်း၊ တစ်နှစ်တွင်းလုပ်မယ့်စာရင်း စတဲ့ အနာဂတ်အစီစဉ်ကို စာရင်းလုပ်ထားသင့်ပါတယ်။

၂ - အိုင်ဒီယာ
အသုံးဝင်မယ့်အတွေးတစ်ခု ရလာတယ် ဆိုရင် ချရေးပြီး စာရင်းလုပ်ထားသင့်ပါတယ်။ လိုအပ်တဲ့အချိန်မှာ ပြန်ကြည့်နိုင်ပါတယ်။ ဒီလိုပြန်ကြည့်ရင်းနဲ့လည်း အသစ်အသစ်တွေကို သင်လုပ်မိနိုင်ပါတယ်။

၃ - တိုးတက်မှု
ကိုယ့်ကိုယ်ကိုယ်တိုးတက်စေဖို့ လုပ်ရမယ့် အရာတွေကိုလည်း စာရင်းလုပ်ထားသင့်ပါတယ်။ ဘယ်အရာကိုဝယ်မယ်၊ ဘယ်သင်တန်းကို တက်မယ်၊ ဘယ်အရာကို ဦးစားပေးရမယ်ဆိုတာတွေကို စာရင်းလုပ်သင့်ပါတယ်။

၄ - ကုန်ကျစရိတ်
ကုန်ကျစရိတ်ကို စာရင်းလုပ်တတ်တဲ့အကျင့်ကတော့ မရှိမဖြစ်ပါ။ ငွေကြေးကို စနစ်တကျသုံးစွဲတတ်ရုံမကဘဲ ဘယ်ကိစ္စမဆို စနစ်တကျချဉ်းကပ်တဲ့ အကျင့်ရပါတယ်။

၅ - အဆက်အသွယ်
အပေါင်းအသင်းအဆက်အသွယ်တွေကိုလည်း စာရင်းလုပ်ထားသင့်ပါတယ်။ အလုပ်အကိုင်မိတ်ဆွေ၊ ဝါသနာတူမိတ်ဆွေ၊ ငယ်သူငယ်ချင်း၊ သက်ဆိုင်ရာနယ်ပယ်က အသိအကျွမ်း စတာတွေကို သေချာစာရင်းလုပ်ပြီး မှတ်ထားသင့်ပါတယ်။

၆ - တာဝန်
လုပ်ရမယ့်တာဝန်တွေကိုလည်း စာရင်းလုပ်သင့်ပါတယ်။ အရေးကြီးပေမဲ့ အချိန်ယူပြီး လုပ်ရမယ့်စာရင်း၊ အရေးမကြီးပေမဲ့ အခုလုပ်လိုက်ရင် ပိုကောင်းတဲ့စာရင်း စသဖြင့်ပါ။

၇ - ဘဝရည်မှန်းချက်
ဒီစာရင်းကတော့ သင်မေ့နေပြီဆို ပြန်ကြည့်ရမယ့် စာရင်းပါ။ နှစ်ခု သုံးခုထက် ပိုမရှိသင့်ပါဘူး။

Credit :duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top