iMyanmarHouse.com - Best Property Website for Myanmar
×

အရပ္ပုေပမဲ့ ေျခတံသြယ္လ်ျပီး ရွည္တယ္ဆိုရင္ ေဘာင္းဘီတိုေတြ၊ စကတ္တိုေတြဝတ္သင့္ပါတယ္။
၁ - ခႏၶာကိုယ္ဟန္

ခႏၶာကုိယ္ဟန္ကိုျပင္ပါ။ လက္ျပင္းကုန္းေနရင္ မတ္မတ္ရပ္ပါ။ ရင္ဘတ္ကိုဖြင့္ျပီး လမ္းေလွ်ာက္ပါ။

၂ - အဝတ္အစား

ခပ္ၾကပ္ၾကပ္ အဝတ္အစားမ်ိဳးကိုဝတ္တာက သင့္ခႏၶာကိုယ္ေကာက္ေၾကာင္းေတြကို ေပၚလြင္ေစပါတယ္။ ပြတဲ့အဝတ္အစားေတြက သင့္ခႏၶာကိုယ္လိုင္းေတြကို ေပ်ာက္သြားျပီး သင့္ကိုပိုပုသြားသလိုျဖစ္ေစပါတယ္။

၃ - ေဒါက္ဖိနပ္

ေဒါက္ဖိနပ္ဝတ္မယ္ဆိုရင္ ေဒါက္ပါတဲ့ ရႈးဖိနပ္ကိုဝတ္ပါ။ က်န္တဲ့ေဒါက္ဖိနပ္ေတြက ၾကည့္ရတဲ့လူအတြက္ ေဒါက္ဖိနပ္ကတျခား လူကတျခားလို ျဖစ္ေနတတ္ပါတယ္။ ဒီအခါမွာ သင္ပုတယ္ဆိုတာ တမင္တကာ ေဖာ္ျပေနသလိုျဖစ္တတ္ပါတယ္။

၄ - ေျခေထာက္


အရပ္ပုေပမဲ့ ေျခတံသြယ္လ်ျပီး ရွည္တယ္ဆိုရင္ ေဘာင္းဘီတိုေတြ၊ စကတ္တိုေတြဝတ္သင့္ပါတယ္။ သင့္အရပ္ကို သင့္ေျခတံအလွက ဖံုးသြားပါတယ္။

၅ - အေရာင္ရင့္ရင့္

အေရာင္ရင့္ရင့္ေတြက ခႏၶာကိုယ္ကို သြယ္လ်သလိုထင္ရပါတယ္။ သြယ္လ်တဲ့ခႏၶာကိုယ္ဟာ သင့္အရပ္ပုတာကို မွိန္ေျဖာ့ေစပါတယ္။

၆ - ေဒါင္လိုက္စင္း

ေဒါင္လိုက္စင္းေတြဝတ္တာက အရပ္ပိုရွည္လာသလိုထင္ရပါတယ္။ ဆန္႔က်င္ဘက္ျဖစ္တဲ့ အလ်ားလိုက္စင္းေတြ ဝတ္ျခင္းကိုေတာ့ေရွာင္ပါ။

Credit:Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အရပ်ပုပေမဲ့ ခြေတံသွယ်လျပြီး ရှည်တယ်ဆိုရင် ဘောင်းဘီတိုတွေ၊ စကတ်တိုတွေဝတ်သင့်ပါတယ်။
၁ - ခန္ဓာကိုယ်ဟန်

ခန္ဓာကိုယ်ဟန်ကိုပြင်ပါ။ လက်ပြင်းကုန်းနေရင် မတ်မတ်ရပ်ပါ။ ရင်ဘတ်ကိုဖွင့်ပြီး လမ်းလျှောက်ပါ။

၂ - အဝတ်အစား

ခပ်ကြပ်ကြပ် အဝတ်အစားမျိုးကိုဝတ်တာက သင့်ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပေါ်လွင်စေပါတယ်။ ပွတဲ့အဝတ်အစားတွေက သင့်ခန္ဓာကိုယ်လိုင်းတွေကို ပျောက်သွားပြီး သင့်ကိုပိုပုသွားသလိုဖြစ်စေပါတယ်။

၃ - ဒေါက်ဖိနပ်

ဒေါက်ဖိနပ်ဝတ်မယ်ဆိုရင် ဒေါက်ပါတဲ့ ရှုးဖိနပ်ကိုဝတ်ပါ။ ကျန်တဲ့ဒေါက်ဖိနပ်တွေက ကြည့်ရတဲ့လူအတွက် ဒေါက်ဖိနပ်ကတခြား လူကတခြားလို ဖြစ်နေတတ်ပါတယ်။ ဒီအခါမှာ သင်ပုတယ်ဆိုတာ တမင်တကာ ဖော်ပြနေသလိုဖြစ်တတ်ပါတယ်။

၄ - ခြေထောက်


အရပ်ပုပေမဲ့ ခြေတံသွယ်လျပြီး ရှည်တယ်ဆိုရင် ဘောင်းဘီတိုတွေ၊ စကတ်တိုတွေဝတ်သင့်ပါတယ်။ သင့်အရပ်ကို သင့်ခြေတံအလှက ဖုံးသွားပါတယ်။

၅ - အရောင်ရင့်ရင့်

အရောင်ရင့်ရင့်တွေက ခန္ဓာကိုယ်ကို သွယ်လျသလိုထင်ရပါတယ်။ သွယ်လျတဲ့ခန္ဓာကိုယ်ဟာ သင့်အရပ်ပုတာကို မှိန်ဖြော့စေပါတယ်။

၆ - ဒေါင်လိုက်စင်း

ဒေါင်လိုက်စင်းတွေဝတ်တာက အရပ်ပိုရှည်လာသလိုထင်ရပါတယ်။ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလျားလိုက်စင်းတွေ ဝတ်ခြင်းကိုတော့ရှောင်ပါ။

Credit:Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top