iMyanmarHouse.com - Best Property Website for Myanmar
×

သီတင္းတစ္ပတ္တြင္ အနည္းဆုံး ႏွစ္ႀကိမ္ အကာအကြယ္မပါဘဲ  လိင္ဆက္ဆံေသာ လင္မယားစုံတဲြ အမ်ားစုမွာ တစ္ႏွစ္အတြင္း ကိုယ္၀န္ရွိႏုိင္သည္။ တစ္ႏွစ္ၾကာၿပီးေနာက္ ကိုယ္၀န္မရွိပါက လင္းႏွင့္မယားကို မ်ဳိးမေအာင္ႏုိင္သည့္ ျပႆနာရွိသူမ်ားအျဖစ္ သတ္မွတ္ရမည္ ျဖစ္သည္။

မ်ဳိးမေအာင္ျခင္းမွာ အမ်ဳိးသား၊ အမ်ဳိးသမီးေၾကာင့္ (သို႔ မဟုတ္) ႏွစ္ဦးစလုံးေၾကာင့္ ျဖစ္ႏုိင္သည္။ အခ်ဳိ႕ေသာ လင္မယားစုံ တဲြမ်ားတြင္ မ်ဳိးမေအာင္ျဖစ္ရသည့္ အေၾကာင္းရင္းကို ရွာမေတြ႕ႏုိင္ ေပ။ အျခားေသာ လင္မယားစုံတဲြမ်ားတြင္ကား မ်ဳိးမေအာင္ျဖစ္ရ သည့္ အေၾကာင္းရင္းတစ္ခုထက္ ပိုေနေလ့ရွိသည္။

သာမန္အတုိင္း အသက္အရြယ္ႀကီးရင့္လာမႈေၾကာင့္ အမ်ဳိး သမီးတစ္ဦး ကိုယ္၀န္ရွိႏုိင္စြမ္းကို ေလ်ာ့က်သြားေစသည္။ အမ်ဳိး သမီးမ်ား အသက္ႀကီးလာခ်ိန္တြင္ သားဥျဖစ္ေပၚမႈႏွင့္ သားဥထုတ္ လႊတ္မႈမ်ား ေႏွးေကြးၿပီး အစြမ္းထက္မႈ ေလ်ာ့နည္းသြားတတ္သည္။

အမ်ဳိးသမီးမ်ား အသက္(၃၀)အရြယ္၌ပင္ သေႏၶတည္ႏုိင္ စြမ္းေလ်ာ့က်သြားႏုိင္သည္။ အသက္ (၄၄)ႏွစ္ေနာက္ပိုင္း ကိုယ္၀န္ ေဆာင္ႏုိင္မႈႏႈန္းမွာ အလြန္ပင္နည္းပါးသည္။ မ်ဳိးေအာင္ေစေသာ ေဆး၀ါးမ်ား သုံးလွ်င္ပင္ ယင္းအခ်က္မွာ မွန္ကန္ၿမဲ ျဖစ္သည္။

မ်ဳိးဥျဖစ္ေပၚခ်ိန္ ပုံမွန္မရွိျခင္း၊ အခ်ိန္တစ္လေက်ာ္ၾကာမွ ဓမၼတာလာျခင္း (သို႔မဟုတ္) တစ္ခါတစ္ရံ ဓမၼတာမလာျခင္းတုိ႔မွာ မ်ဳိးမေအာင္ႏုိင္ျခင္း၏ လကၡဏာမ်ား ျဖစ္သည္။

အစားအေသာက္မူမမွန္ျခင္း၊ ပုံမွန္မဟုတ္ဘဲ အျပင္းအထန္ ေလ့က်င့္ခန္းလုပ္ျခင္း၊ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရန္ အျပင္းအထန္ ႀကိဳးစားျခင္း၊ အ၀လြန္ျခင္းတို႔ကဲ့သို႔ ခႏၶာကိုယ္ ဖိအားမ်ားေၾကာင့္ မ်ဳိးဥျဖစ္ေပၚခ်ိန္ကို အေႏွာင့္အယွက္ျဖစ္ေစႏုိင္သည္။

ကိုယ္၀န္ေဆာင္ႏုိင္ရန္ ႀကိဳးစားႏုိင္သည့္ နည္းလမ္းမ်ားစြာ ရွိပါသည္။ မျပင္းထန္လြန္းေသာ ေလ့က်င့္ခန္းမ်ဳိး ပုံမွန္လုပ္ပါ။ ဓမၼတာလာခ်ိန္ ပုံမွန္မဟုတ္သည္အထိ (သို႔မဟုတ္) ဓမၼတာ မလာ ျဖစ္သြားႏုိင္သည္အထိ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ မလုပ္ပါႏွင့္။ ကိုယ္အေလးခ်ိန္ မပိုရန္ သတိထားပါ။ ခႏၶာကိုယ္ၫႊန္းကိန္း (BMI) အနည္းဆုံး ၂၀ ႏွင့္ ၂၇ ေအာက္ ရွိေနရန္လိုသည္။ အရက္၊ ေဆး လိပ္ႏွင့္မူးယစ္ေဆးမသုံးပါႏွင့္။ ကဖိန္းဓာတ္မ်ားစြာ ေသာက္သုံး ျခင္း ေရွာင္ပါ။ တစ္ေန႔ ေကာ္ဖီတစ္ခြက္ထက္ ပိုမေသာက္ပါႏွင့္။ ဆရာ၀န္ႏွင့္ တုိင္ပင္ၿပီးမွ ေဆး၀ါးသုံးစဲြပါ။ အခ်ဳိ႕ေသာ ေဆး၀ါးမ်ား ေၾကာင့္ ကိုယ္၀န္ေဆာင္ႏုိင္စြမ္းကို ထိခိုက္ႏုိင္သည္။ အာဟာရျပည့္ စုံေသာ အစားအေသာက္မ်ား စားေပးရန္လည္း လိုအပ္သည္။

သေႏၶေအာင္ေစေသာ ေဟာ္မုန္းေဆးမ်ားလည္း ရွိပါသည္။ သို႔ေသာ္ ယင္းေဆးမ်ားအားလုံးတြင္ ေဘးထြက္ဆိုးက်ဳိးမ်ား ရွိႏုိင္ ၿပီး ကိုယ္၀န္တစ္ႀကိမ္ေဆာင္စဥ္ ကေလးႏွစ္ႁမႊာပူး၊ သုံးႁမႊာပူး ေမြး ႏုိင္သည္။ သေႏၶေအာင္ေစေသာ ေဆး၀ါးအမ်ားစုကို ပညာရွင္ႏွင့္ တုိင္ပင္ၿပီးမွ ေသာက္သုံးသင့္သည္။ သို႔ေသာ္ တစ္ခါတစ္ရံတြင္ ယင္းေဆး၀ါးမ်ားျဖင့္ ကုသၿပီးေနာက္ ခဲြစိတ္ကုသမႈ ျပဳလုပ္ရန္လုိအပ္ သည္။

ကိုယ္၀န္ရရန္ ႀကိဳးစားမႈတစ္ႏွစ္ေက်ာ္၍မွ် မေအာင္ျမင္ပါက ဆရာ၀န္ႏွင့္ တုိင္ပင္ေဆြးေႏြးသင့္သည္။ အကယ္၍  အသက္(၃၅) ႏွစ္ေက်ာ္ေနပါက ကိုယ္၀န္ရရန္ ႀကိဳးစားမႈ ေလးလမွ ေျခာက္လအ ထိ ၾကာျမင့္ခ်ိန္တြင္ ဆရာ၀န္ႏွင့္ တုိင္ပင္သင့္သည္။ ယင္းအသက္ အရြယ္၌ သေႏၶေအာင္ေစေသာ ေဆး၀ါးမပါဘဲ ကိုယ္၀န္ရရွိမႈ နည္းပါးေလ့ရွိသည္။ အကယ္၍ သေႏၶတည္ႏုိင္ေသာ ေဆး၀ါးမ်ား သုံးစဲြေနခ်ိန္ ဆီးခုံနာက်င္မႈႏွင့္ ၀မ္းဗုိက္ေရာင္ရမ္းမႈတို႔ ရွိပါက ဆရာ၀န္ကို အသိေပးပါ။

ေအာင္ျမင္စြာ ကိုယ္၀န္ေဆာင္ႏုိင္ေျခမွာ ၿမံဳရျခင္းအေၾကာင္း ရင္းေပၚမူတည္သည္။ ၿမံဳေန၍ ေဆး၀ါးကုသမႈ ခံယူေသာ အမ်ဳိး သမီးမ်ား၏ ထက္၀က္ေက်ာ္မွာ ေနာက္ဆုံးတြင္ ကိုယ္၀န္ရွိလာႏုိင္ သည္။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သီတင်းတစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ် အကာအကွယ်မပါဘဲ  လိင်ဆက်ဆံသော လင်မယားစုံတွဲ အများစုမှာ တစ်နှစ်အတွင်း ကိုယ်ဝန်ရှိနိုင်သည်။ တစ်နှစ်ကြာပြီးနောက် ကိုယ်ဝန်မရှိပါက လင်းနှင့်မယားကို မျိုးမအောင်နိုင်သည့် ပြဿနာရှိသူများအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

မျိုးမအောင်ခြင်းမှာ အမျိုးသား၊ အမျိုးသမီးကြောင့် (သို့ မဟုတ်) နှစ်ဦးစလုံးကြောင့် ဖြစ်နိုင်သည်။ အချို့သော လင်မယားစုံ တွဲများတွင် မျိုးမအောင်ဖြစ်ရသည့် အကြောင်းရင်းကို ရှာမတွေ့နိုင် ပေ။ အခြားသော လင်မယားစုံတွဲများတွင်ကား မျိုးမအောင်ဖြစ်ရ သည့် အကြောင်းရင်းတစ်ခုထက် ပိုနေလေ့ရှိသည်။

သာမန်အတိုင်း အသက်အရွယ်ကြီးရင့်လာမှုကြောင့် အမျိုး သမီးတစ်ဦး ကိုယ်ဝန်ရှိနိုင်စွမ်းကို လျော့ကျသွားစေသည်။ အမျိုး သမီးများ အသက်ကြီးလာချိန်တွင် သားဥဖြစ်ပေါ်မှုနှင့် သားဥထုတ် လွှတ်မှုများ နှေးကွေးပြီး အစွမ်းထက်မှု လျော့နည်းသွားတတ်သည်။

အမျိုးသမီးများ အသက်(၃၀)အရွယ်၌ပင် သန္ဓေတည်နိုင် စွမ်းလျော့ကျသွားနိုင်သည်။ အသက် (၄၄)နှစ်နောက်ပိုင်း ကိုယ်ဝန် ဆောင်နိုင်မှုနှုန်းမှာ အလွန်ပင်နည်းပါးသည်။ မျိုးအောင်စေသော ဆေးဝါးများ သုံးလျှင်ပင် ယင်းအချက်မှာ မှန်ကန်မြဲ ဖြစ်သည်။

မျိုးဥဖြစ်ပေါ်ချိန် ပုံမှန်မရှိခြင်း၊ အချိန်တစ်လကျော်ကြာမှ ဓမ္မတာလာခြင်း (သို့မဟုတ်) တစ်ခါတစ်ရံ ဓမ္မတာမလာခြင်းတို့မှာ မျိုးမအောင်နိုင်ခြင်း၏ လက္ခဏာများ ဖြစ်သည်။

အစားအသောက်မူမမှန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချရန် အပြင်းအထန် ကြိုးစားခြင်း၊ အဝလွန်ခြင်းတို့ကဲ့သို့ ခန္ဓာကိုယ် ဖိအားများကြောင့် မျိုးဥဖြစ်ပေါ်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးစားနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ မပြင်းထန်လွန်းသော လေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်ပါ။ ဓမ္မတာလာချိန် ပုံမှန်မဟုတ်သည်အထိ (သို့မဟုတ်) ဓမ္မတာ မလာ ဖြစ်သွားနိုင်သည်အထိ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ပါနှင့်။ ကိုယ်အလေးချိန် မပိုရန် သတိထားပါ။ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) အနည်းဆုံး ၂၀ နှင့် ၂၇ အောက် ရှိနေရန်လိုသည်။ အရက်၊ ဆေး လိပ်နှင့်မူးယစ်ဆေးမသုံးပါနှင့်။ ကဖိန်းဓာတ်များစွာ သောက်သုံး ခြင်း ရှောင်ပါ။ တစ်နေ့ ကော်ဖီတစ်ခွက်ထက် ပိုမသောက်ပါနှင့်။ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ဆေးဝါးသုံးစွဲပါ။ အချို့သော ဆေးဝါးများ ကြောင့် ကိုယ်ဝန်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်သည်။ အာဟာရပြည့် စုံသော အစားအသောက်များ စားပေးရန်လည်း လိုအပ်သည်။

သန္ဓေအောင်စေသော ဟော်မုန်းဆေးများလည်း ရှိပါသည်။ သို့သော် ယင်းဆေးများအားလုံးတွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင် ပြီး ကိုယ်ဝန်တစ်ကြိမ်ဆောင်စဉ် ကလေးနှစ်မြွှာပူး၊ သုံးမြွှာပူး မွေး နိုင်သည်။ သန္ဓေအောင်စေသော ဆေးဝါးအများစုကို ပညာရှင်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။ သို့သော် တစ်ခါတစ်ရံတွင် ယင်းဆေးဝါးများဖြင့် ကုသပြီးနောက် ခွဲစိတ်ကုသမှု ပြုလုပ်ရန်လိုအပ် သည်။

ကိုယ်ဝန်ရရန် ကြိုးစားမှုတစ်နှစ်ကျော်၍မျှ မအောင်မြင်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ အကယ်၍  အသက်(၃၅) နှစ်ကျော်နေပါက ကိုယ်ဝန်ရရန် ကြိုးစားမှု လေးလမှ ခြောက်လအ ထိ ကြာမြင့်ချိန်တွင် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ယင်းအသက် အရွယ်၌ သန္ဓေအောင်စေသော ဆေးဝါးမပါဘဲ ကိုယ်ဝန်ရရှိမှု နည်းပါးလေ့ရှိသည်။ အကယ်၍ သန္ဓေတည်နိုင်သော ဆေးဝါးများ သုံးစွဲနေချိန် ဆီးခုံနာကျင်မှုနှင့် ဝမ်းဗိုက်ရောင်ရမ်းမှုတို့ ရှိပါက ဆရာဝန်ကို အသိပေးပါ။

အောင်မြင်စွာ ကိုယ်ဝန်ဆောင်နိုင်ခြေမှာ မြုံရခြင်းအကြောင်း ရင်းပေါ်မူတည်သည်။ မြုံနေ၍ ဆေးဝါးကုသမှု ခံယူသော အမျိုး သမီးများ၏ ထက်ဝက်ကျော်မှာ နောက်ဆုံးတွင် ကိုယ်ဝန်ရှိလာနိုင် သည်။


Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top