iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ညစ္ညဴးစရာ ေခြ်းနံ႔၊ ေၾကး(ဂ်ီး)နံ႔ေတြနဲ႔ မြန္းၾကပ္ေနတဲ့ ဘတ္စ္ကားထဲ၊ လူအုပ္စုထဲမွာေတာ့ ေရေမႊးနံ႔ သင္းသင္း ေလးက သင့္ စိတ္ကို ၾကည္လင္ေစမွာပါ။ အလုပ္မသြားမီ ေရေမႊးေလးဆြတ္၊ တေန႔တာလံုး ေရေမႊးနံ႔ေလး သင္းသင္းနဲ႔ အလုပ္ လုပ္ရတာကလည္း သင့္စိတ္ကို လန္းဆန္းေနမွာပါ။ ဒါေပမယ့္ ေရေမႊးက က်န္းမာေရးကို ထိခိုက္ေစတဲ့ အျပင္ အသက္ကိုေတာင္ ေသေစႏိုင္တဲ့ အေၾကာင္း သိရွိသူ အလြန္နည္းမယ္ ထင္ပါတယ္။ ဒါေၾကာင့္ ေရေမႊးအႏၲရာယ္ကို တင္ျပေပးခ်င္ပါတယ္။

ေရေမႊးနံ႔က ဓာတ္မတည့္သူေတြ အတြက္ အေရျပားေရာင္ရမ္း ေစတာမ်ိဳးလည္း ျဖစ္ေစႏိုင္ပါတယ္

သင္းတျမျမ ေရေမႊးထဲမွာ ဓာတုပစၥည္းေတြ ပါ၀င္တာေၾကာင့္ ဓာတ္မတည့္သူေတြကို ႏွာေခ်တာေတြ၊ မ်က္ရည္ေတြ ၀ိုင္းလာတာေတြ ျဖစ္တတ္ပါတယ္။ တခ်ိဳ႕ ဓာတ္မတည့္သူေတြမွာ ဆိုရင္ အေရျပားနဲ႔ ထိရင္ နီရဲလာၿပီး အဖုအပိန္႔ေလး ေတြ ထြက္တတ္ၿပီး၊ တခ်ိဳ႕မ်ားဆိုရင္ ေရေမႊးနံ႔ေၾကာင့္ အသက္႐ႉလမ္းေၾကာင္း ဆိုင္ရာ ဓာတ္မတည့္တဲ့ အတြက္ အသက္႐ႉမ၀ တာမ်ိဳးလည္း ျဖစ္ေစတတ္တဲ့ အျပင္ အသက္ေသဆံုးတဲ့ အထိလည္း ျဖစ္ေစႏိုင္ပါတယ္။

ဆယ္ေယာက္မွာ ဓာတ္မတည့္သူ တေယာက္

သုေတသျပဳေလ့လာထားတဲ့ စာရင္းဇယားေတြ အရ လူ ၁၀ ဦးမွာ ၁ ဦးက ဓာတုပစၥည္းေတြ ပါ၀င္တဲ့ အေမႊးနံ႔ေတြနဲ႔ ဓာတ္ မတည့္ၾကဘူး လို႔ ဆိုပါတယ္။ သို႔ေပမယ့္ ေနရာအေတာ္မ်ားမ်ားမွာေတာ့ အနံ႔အသက္ေပ်ာက္ဖို႔ Air Freshner လို၊ ေရေမႊးနံ႔ ဖေရာင္းတိုင္လို ပစၥည္းေတြ အသံုးျပဳတာ မ်ားျပားလာေနတာကို လူမႈ၀န္းက်င္မွာ အသံုးမ်ားလာတာ ေတြ႔ရပါ တယ္။

က်န္းမာေရး အတြက္ အႏၲရာယ္

သင့္ရဲ႕ ေရေမႊးနံ႔က ဓာတ္မတည့္သူေတြ အတြက္ အေရျပားေရာင္ရမ္း ေစတာမ်ိဳးလည္း ျဖစ္ေစႏိုင္ပါတယ္။ တခ်ိဳ႕ေသာ ေရေမႊးေတြ၊ အလွကုန္ပစၥည္းေတြဟာ ဓာတ္မတည့္သူမ်ား အတြက္ ၀ဲႏွင္းခူကဲ့သို႔ေသာ အေရျပား ေရာဂါ၊ အေရျပား ေျခာက္ေသြ႔ေစတဲ့ ေရာဂါ ေတြ ျဖစ္ေစတာေတြလည္း ရွိပါသတဲ့။

ကမၻာ့ လူဦးေရရဲ႕ ၂ ရာခိုင္ႏႈန္းဟာ ဓာတုေဗဒနည္းနဲ႔ ဖန္တီးထားတဲ့ အေမႊးအနံ႔ေတြနဲ႔ ဓာတ္မတည့္ေရာဂါ ခံစားေနရ ပါတယ္။ သူတို႔ဟာ ဓာတုေဗဒ ျဒပ္ေမာ္လီက်ဴးေတြနဲ႔ ေပါင္းယူေဖာ္စပ္ထားတဲ့ ေရေမႊးနဲ႔နဲ႔ အလွကုန္ပစၥည္းမ်ားရဲ႕ အေမႊးအနံ႔ေတြေၾကာင့္ စိတ္ဓာတ္က်တာေတြ၊ မအီမသာျဖစ္တာေတြ ခံစားရမွာ စိုးရိမ္တဲ့ အတြက္ ကိုယ့္အိမ္ကေန အျပင္ေတာင္ မထြက္ခ်င္ၾကဘူးလို႔ “တကၠဆပ္ ျပည္နယ္ မိသားစုဓာတုေဆး၀ါး အမူအက်င့္ ေလ့လာဆန္းစစ္မႈ” အစီရင္ခံစာမွာ မၾကာေသးခင္က ေဖာ္ျပခဲ့ပါတယ္။

သတိျပဳရမယ့္ ေရေမႊးရဲ႕ အႏၲရာယ္ ဓာတ္မတည့္သူေတြကို ႏွာေခ်တာေတြ၊ မ်က္ရည္ေတြ ၀ိုင္းလာတာေတြ ျဖစ္တတ္ပါတယ္

ေရေမႊးေတြက လူတိုင္းကိုေတာ့ ဒီလို ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ေစတာေတာ့ မဟုတ္ပါဘူး။ ေရေမႊးသံုးစြဲသူေတြ အေနနဲ႔ အဲဒီေရေမႊးမွာ ပါ၀င္တဲ့ ဓာတ္ပစၥည္း အမည္စာရင္းကို သိရွိဖို႔ လိုပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ မိမိနဲ႔ ဓာတ္မတည့္တဲ့ ဓာတုပစၥည္းပါ၀င္ေနရင္ ေရွာင္ႏိုင္ဖို႔ ျဖစ္ပါတယ္။

ပတ္၀န္းက်င္ ထိန္းသိမ္းေရး အဖြဲ႔နဲ႔ ‘ေဘးကင္းလံုၿခံဳ အလွကုန္’ ျဖစ္ေရး လႈပ္ရွားမႈ အဖြဲ႔တို႔ ပူးေပါင္းၿပီး ၂၀၁၀ ခုႏွစ္က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာ တခုမွာေတာ့ တရား၀င္ မွတ္ပံုတင္မထားဘဲ တံဆိပ္အမ်ိဳးမ်ိဳးနဲ႔ ထုတ္ေလုပ္ေနတဲ့ အႏၲရာယ္ရွိ အလွကုန္ပစၥည္း ၁၄ မ်ိဳး ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ မိမိသံုးတဲ့ ေရေမႊးမွာ ပါ၀င္တဲ့ ဓာတုဓာတ္ပစၥည္း အမည္စာရင္းကို သိဖို႔နဲ႔ တရား၀င္ မွတ္ပံုတင္ထားတဲ့ အမွတ္တံဆိပ္ကို ေရြးခ်ယ္ အသံုးျပဳဖို႔ အႀကံျပဳလိုက္ပါတယ္။    ။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

စိတ်ညစ်ညူးစရာ ချွေးနံ့၊ ကြေး(ဂျီး)နံ့တွေနဲ့ မွန်းကြပ်နေတဲ့ ဘတ်စ်ကားထဲ၊ လူအုပ်စုထဲမှာတော့ ရေမွှေးနံ့ သင်းသင်း လေးက သင့် စိတ်ကို ကြည်လင်စေမှာပါ။ အလုပ်မသွားမီ ရေမွှေးလေးဆွတ်၊ တနေ့တာလုံး ရေမွှေးနံ့လေး သင်းသင်းနဲ့ အလုပ် လုပ်ရတာကလည်း သင့်စိတ်ကို လန်းဆန်းနေမှာပါ။ ဒါပေမယ့် ရေမွှေးက ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် အသက်ကိုတောင် သေစေနိုင်တဲ့ အကြောင်း သိရှိသူ အလွန်နည်းမယ် ထင်ပါတယ်။ ဒါကြောင့် ရေမွှေးအန္တရာယ်ကို တင်ပြပေးချင်ပါတယ်။

ရေမွှေးနံ့က ဓာတ်မတည့်သူတွေ အတွက် အရေပြားရောင်ရမ်း စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်

သင်းတမြမြ ရေမွှေးထဲမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဓာတ်မတည့်သူတွေကို နှာချေတာတွေ၊ မျက်ရည်တွေ ဝိုင်းလာတာတွေ ဖြစ်တတ်ပါတယ်။ တချို့ ဓာတ်မတည့်သူတွေမှာ ဆိုရင် အရေပြားနဲ့ ထိရင် နီရဲလာပြီး အဖုအပိန့်လေး တွေ ထွက်တတ်ပြီး၊ တချို့များဆိုရင် ရေမွှေးနံ့ကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဓာတ်မတည့်တဲ့ အတွက် အသက်ရှူမ၀ တာမျိုးလည်း ဖြစ်စေတတ်တဲ့ အပြင် အသက်သေဆုံးတဲ့ အထိလည်း ဖြစ်စေနိုင်ပါတယ်။

ဆယ်ယောက်မှာ ဓာတ်မတည့်သူ တယောက်

သုတေသပြုလေ့လာထားတဲ့ စာရင်းဇယားတွေ အရ လူ ၁၀ ဦးမှာ ၁ ဦးက ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အမွှေးနံ့တွေနဲ့ ဓာတ် မတည့်ကြဘူး လို့ ဆိုပါတယ်။ သို့ပေမယ့် နေရာအတော်များများမှာတော့ အနံ့အသက်ပျောက်ဖို့ Air Freshner လို၊ ရေမွှေးနံ့ ဖရောင်းတိုင်လို ပစ္စည်းတွေ အသုံးပြုတာ များပြားလာနေတာကို လူမှုဝန်းကျင်မှာ အသုံးများလာတာ တွေ့ရပါ တယ်။

ကျန်းမာရေး အတွက် အန္တရာယ်

သင့်ရဲ့ ရေမွှေးနံ့က ဓာတ်မတည့်သူတွေ အတွက် အရေပြားရောင်ရမ်း စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ တချို့သော ရေမွှေးတွေ၊ အလှကုန်ပစ္စည်းတွေဟာ ဓာတ်မတည့်သူများ အတွက် ဝဲနှင်းခူကဲ့သို့သော အရေပြား ရောဂါ၊ အရေပြား ခြောက်သွေ့စေတဲ့ ရောဂါ တွေ ဖြစ်စေတာတွေလည်း ရှိပါသတဲ့။

ကမ္ဘာ့ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းဟာ ဓာတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ အမွှေးအနံ့တွေနဲ့ ဓာတ်မတည့်ရောဂါ ခံစားနေရ ပါတယ်။ သူတို့ဟာ ဓာတုဗေဒ ဒြပ်မော်လီကျူးတွေနဲ့ ပေါင်းယူဖော်စပ်ထားတဲ့ ရေမွှေးနဲ့နဲ့ အလှကုန်ပစ္စည်းများရဲ့ အမွှေးအနံ့တွေကြောင့် စိတ်ဓာတ်ကျတာတွေ၊ မအီမသာဖြစ်တာတွေ ခံစားရမှာ စိုးရိမ်တဲ့ အတွက် ကိုယ့်အိမ်ကနေ အပြင်တောင် မထွက်ချင်ကြဘူးလို့ “တက္ကဆပ် ပြည်နယ် မိသားစုဓာတုဆေးဝါး အမူအကျင့် လေ့လာဆန်းစစ်မှု” အစီရင်ခံစာမှာ မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။

သတိပြုရမယ့် ရေမွှေးရဲ့ အန္တရာယ် ဓာတ်မတည့်သူတွေကို နှာချေတာတွေ၊ မျက်ရည်တွေ ဝိုင်းလာတာတွေ ဖြစ်တတ်ပါတယ်

ရေမွှေးတွေက လူတိုင်းကိုတော့ ဒီလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ရေမွှေးသုံးစွဲသူတွေ အနေနဲ့ အဲဒီရေမွှေးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်း အမည်စာရင်းကို သိရှိဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိမိနဲ့ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်းပါဝင်နေရင် ရှောင်နိုင်ဖို့ ဖြစ်ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နဲ့ ‘ဘေးကင်းလုံခြုံ အလှကုန်’ ဖြစ်ရေး လှုပ်ရှားမှု အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တခုမှာတော့ တရားဝင် မှတ်ပုံတင်မထားဘဲ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လေုပ်နေတဲ့ အန္တရာယ်ရှိ အလှကုန်ပစ္စည်း ၁၄ မျိုး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် မိမိသုံးတဲ့ ရေမွှေးမှာ ပါဝင်တဲ့ ဓာတုဓာတ်ပစ္စည်း အမည်စာရင်းကို သိဖို့နဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်ကို ရွေးချယ် အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။    ။

Credit:Irrawaddy

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top