iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာ အဆီျပန္ရျခင္းဟာ မ်က္ႏွာ အေရျပားက အဆီဂလင္းေတြရဲ႕အားေကာင္းေသာေၾကာင့္ ျဖစ္ပါတယ္။ အဆီျပန္တဲ့ မ်က္ႏွာပိုင္ရွင္ေတြက အမ်ားအားျဖင့္ ၀က္ၿခံ၊ အမည္းစက္ေတြ ရွိၿပီး ေခၽြးေပါက္က်ယ္ ၾကပါတယ္။ ဒါ့အျပင္ မသန္႔ရွင္းတဲ့ ေလ၊ ေရနဲ႔ ဖုန္မႈန္႔ေတြက အဆီျပန္တဲ့ အသားအေရကို အဖုအပိမ့္ေတြ ထြက္ေစပါတယ္။ ဒါေၾကာင့္ အဆီျပန္တဲ့ မ်က္ႏွာပိုင္ရွင္ေတြ အေန နဲ႔ အသားအေရကို ဘယ္လို ထိန္းသိမ္းသင့္တယ္ ဆိုတာ သိဖို႔လိုပါတယ္။

၁။ သန္႔စင္ေပးပါ။

အဆီျပန္တာကို ထိန္းခ်ဳပ္ဖို႔ နည္းလမ္းကေတာ့ မ်က္ႏွာကို ေသခ်ာသန္႔စင္ၿပီး တစ္ခ်ိန္လံုး သန္႔သန္႔ရွင္းရွင္း ထားတာပါပဲ။ တစ္ေန႔ကို ႏွစ္ႀကိမ္မွ သံုးႀကိမ္ မ်က္ႏွာသစ္ေပးပါ။ မ်က္ႏွာ ခဏခဏ သစ္လြန္းရင္လည္း မ်က္ႏွာ အစိုဓာတ္ မရွိေတာ့ဘဲ အသားအေရ ေျခာက္ေသြ႕ သြားေစတတ္ပါတယ္။ အဆီမပါ၀င္တဲ့ မ်က္ႏွာသစ္ ဆပ္ျပာကို ေရြးခ်ယ္ပါ။ မ်က္ႏွာသစ္ ဆပ္ျပာမွာ ဤပါ၀င္ ပစၥည္းေတြ တစ္မ်ဳိးထက္ ပိုၿပီးပါ၀င္ပါေစ- Salicylic Acid,Tea tree oil, Neem,Tumeric, Honey.

၂။ ဂ်ီးခၽြတ္ေပးပါ။

ဂ်ီးခၽြတ္ေပးတာက အဆီျပန္တဲ့ မ်က္ႏွာအတြက္ ေကာင္းပါတယ္။ တစ္ပတ္လွ်င္ တစ္ႀကိမ္မွ ႏွစ္ႀကိမ္ လုပ္ေဆာင္ပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ မ်က္ႏွာေပၚက အဆီပိုေတြက အေရျပား ဆဲလ္အေသေတြကို ျဖစ္ေစၿပီးေတာ့ ရလဒ္အေနနဲ႔ ၀က္ၿခံနဲ႔ အမည္းစက္ေတြ ထြက္ေစပါတယ္။ ဒါေပမဲ့ မ်က္ႏွာအေရျပားကို ဂ်ီးခၽြတ္တဲ့ အခါ ညင္သာပါ၊ ၾကမ္းၾကမ္း တမ္းတမ္း မပြတ္ဆြဲပါႏွင့္။

၃။ မ်က္ႏွာ ေပါင္းတင္ေပးပါ။

မ်က္ႏွာကို ဂ်ီးခၽြတ္ၿပီးရင္ ေပါင္းတင္ဖို႔ မေမ့ပါနဲ႔။ ေပါင္းတင္နည္းေတြ ကေတာ့-

(၁) သေဘၤာသီးမွည့္တစ္လံုးကို ေခ်ၿပီး ေရွာက္သီး တစ္ျခမ္းကို အရည္ညႇစ္ၿပီး ေရာပါ။ ထို႔ေနာက္ မ်က္ႏွာေပၚမွာ ေသခ်ာ ႏွိပ္နယ္ၿပီး လိမ္းပါ။ (၁၅၊ ၂၀) မိနစ္ေလာက္ထားၿပီး ေရေအးျဖင့္ ေဆးပါ။ ဤနည္းက အဆီျပန္တာကို အေတာ္ေလး ထိန္းခ်ဳပ္ ေပးႏိုင္ပါတယ္။

(၂) ပန္းသီး လတ္လတ္ ဆတ္ဆတ္ တစ္လံုးကို ခပ္ပါးပါးလွီးၿပီး ႀကိတ္ပါ။ ၿပီးေနာက္ ပ်ားရည္ ႏွစ္ဇြန္းထည့္ၿပီး ခပ္ပ်စ္ပ်စ္ ျဖစ္ေအာင္ေရာၿပီး လိမ္းပါ။ (၁၅၊ ၂၀) မိနစ္ ခန္႔ထားၿပီး ၾကက္သီးေႏြးေရျဖင့္ ေဆးပါ။ ဒီနည္းက ေခၽြးေပါက္ေတြ က်ယ္တာ၊ မ်က္ႏွာ အဆီျပန္တာကို ထိန္းခ်ဳပ္ေပးပါတယ္။

၄။ ေန႔စဥ္ အရက္ျပန္မပါတဲ့ တိုနာ (Toner) ကိုသံုးပါ။

ေန႔စဥ္ တိုနာကို အသံုးျပဳတာက မ်က္ႏွာက အဆီနဲ႔ အညစ္အေၾကးေတြကို သန္႔စင္ ေပးႏိုင္ပါတယ္။ ဒါေပမဲ့ တိုနာကို မ်က္ႏွာရဲ႕အဆီျပန္တဲ့ အစိတ္အပိုင္းေတြကိုသာ လိမ္းသင့္ပါတယ္။

၅။ အစိုဓာတ္ ထိန္းခရင္မ္ကို မေမ့ပါနဲ႔။

တကယ္တမ္းေတာ့ အဆီျပန္တဲ့ အသားအေရက အစိုဓာတ္ ထိန္းေပးဖို႔ လိုအပ္ပါတယ္။ အစိုဓာတ္ မရွိေလ မ်က္ႏွာ အသားအေရက အဆီ ပိုထြက္ေလပါပဲ။ အစိုဓာတ္ထိန္း ခရင္မ္ကို ၀ယ္ရင္ အဆီမပါတဲ့၊ ေရ ကို အေျခခံထားတဲ့ ခရမ္ကို ေရြးခ်ယ္ပါ။

၆။ ေနေရာင္ကာ ခရမ္ အၿမဲတမ္း လိမ္းေပးပါ။

အဆီျပန္တဲ့ အသားအေရ ပိုင္ရွင္ အမ်ဳိးသမီး ေတာ္ေတာ္မ်ားမ်ား က အဆီ ပိုျပန္မွာစိုးရိမ္လို႔ ေနေရာင္ကာ ခရမ္ေတြကို မလိမ္းၾကပါဘူး။ ရလဒ္ အေနနဲ႔ကေတာ့ မ်က္ႏွာမွာ အညိဳစက္ေတြ၊ တင္းတိပ္ေတြ ျဖစ္လာေစတတ္ပါတယ္။ ဒါေၾကာင့္ အဆီျပန္တဲ့ အသားအေရအတြက္ အထူးျပဳလုပ္ထားတဲ့ ေနေရာင္ကာ ခရမ္ကို လိမ္းသင့္ပါတယ္။


- အဆီမ်ားတဲ့ မုန္႔ေတြ (ဥပမာ-ဟမ္ဘာဂါ၊ ေခ်ာကလက္ စသည္) ကို ေရွာင္ပါ။
- ေရမ်ားမ်ား ေသာက္ေပးပါ။
- သစ္သီးနဲ႔ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ားကို ေန႔စဥ္ စားသံုးပါ။

Credit: The Messenger


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


မျက်နှာ အဆီပြန်ရခြင်းဟာ မျက်နှာ အရေပြားက အဆီဂလင်းတွေရဲ့အားကောင်းသောကြောင့် ဖြစ်ပါတယ်။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေက အများအားဖြင့် ဝက်ခြံ၊ အမည်းစက်တွေ ရှိပြီး ချွေးပေါက်ကျယ် ကြပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ လေ၊ ရေနဲ့ ဖုန်မှုန့်တွေက အဆီပြန်တဲ့ အသားအရေကို အဖုအပိမ့်တွေ ထွက်စေပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေ အနေ နဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာ သိဖို့လိုပါတယ်။

၁။ သန့်စင်ပေးပါ။

အဆီပြန်တာကို ထိန်းချုပ်ဖို့ နည်းလမ်းကတော့ မျက်နှာကို သေချာသန့်စင်ပြီး တစ်ချိန်လုံး သန့်သန့်ရှင်းရှင်း ထားတာပါပဲ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ် မျက်နှာသစ်ပေးပါ။ မျက်နှာ ခဏခဏ သစ်လွန်းရင်လည်း မျက်နှာ အစိုဓာတ် မရှိတော့ဘဲ အသားအရေ ခြောက်သွေ့ သွားစေတတ်ပါတယ်။ အဆီမပါဝင်တဲ့ မျက်နှာသစ် ဆပ်ပြာကို ရွေးချယ်ပါ။ မျက်နှာသစ် ဆပ်ပြာမှာ ဤပါဝင် ပစ္စည်းတွေ တစ်မျိုးထက် ပိုပြီးပါဝင်ပါစေ- Salicylic Acid,Tea tree oil, Neem,Tumeric, Honey.

၂။ ဂျီးချွတ်ပေးပါ။

ဂျီးချွတ်ပေးတာက အဆီပြန်တဲ့ မျက်နှာအတွက် ကောင်းပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် လုပ်ဆောင်ပါ။ ဘာကြောင့်လဲ ဆိုတော့ မျက်နှာပေါ်က အဆီပိုတွေက အရေပြား ဆဲလ်အသေတွေကို ဖြစ်စေပြီးတော့ ရလဒ်အနေနဲ့ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်စေပါတယ်။ ဒါပေမဲ့ မျက်နှာအရေပြားကို ဂျီးချွတ်တဲ့ အခါ ညင်သာပါ၊ ကြမ်းကြမ်း တမ်းတမ်း မပွတ်ဆွဲပါနှင့်။

၃။ မျက်နှာ ပေါင်းတင်ပေးပါ။

မျက်နှာကို ဂျီးချွတ်ပြီးရင် ပေါင်းတင်ဖို့ မမေ့ပါနဲ့။ ပေါင်းတင်နည်းတွေ ကတော့-

(၁) သငေ်္ဘာသီးမှည့်တစ်လုံးကို ချေပြီး ရှောက်သီး တစ်ခြမ်းကို အရည်ညှစ်ပြီး ရောပါ။ ထို့နောက် မျက်နှာပေါ်မှာ သေချာ နှိပ်နယ်ပြီး လိမ်းပါ။ (၁၅၊ ၂၀) မိနစ်လောက်ထားပြီး ရေအေးဖြင့် ဆေးပါ။ ဤနည်းက အဆီပြန်တာကို အတော်လေး ထိန်းချုပ် ပေးနိုင်ပါတယ်။

(၂) ပန်းသီး လတ်လတ် ဆတ်ဆတ် တစ်လုံးကို ခပ်ပါးပါးလှီးပြီး ကြိတ်ပါ။ ပြီးနောက် ပျားရည် နှစ်ဇွန်းထည့်ပြီး ခပ်ပျစ်ပျစ် ဖြစ်အောင်ရောပြီး လိမ်းပါ။ (၁၅၊ ၂၀) မိနစ် ခန့်ထားပြီး ကြက်သီးနွေးရေဖြင့် ဆေးပါ။ ဒီနည်းက ချွေးပေါက်တွေ ကျယ်တာ၊ မျက်နှာ အဆီပြန်တာကို ထိန်းချုပ်ပေးပါတယ်။

၄။ နေ့စဉ် အရက်ပြန်မပါတဲ့ တိုနာ (Toner) ကိုသုံးပါ။

နေ့စဉ် တိုနာကို အသုံးပြုတာက မျက်နှာက အဆီနဲ့ အညစ်အကြေးတွေကို သန့်စင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ တိုနာကို မျက်နှာရဲ့အဆီပြန်တဲ့ အစိတ်အပိုင်းတွေကိုသာ လိမ်းသင့်ပါတယ်။

၅။ အစိုဓာတ် ထိန်းခရင်မ်ကို မမေ့ပါနဲ့။

တကယ်တမ်းတော့ အဆီပြန်တဲ့ အသားအရေက အစိုဓာတ် ထိန်းပေးဖို့ လိုအပ်ပါတယ်။ အစိုဓာတ် မရှိလေ မျက်နှာ အသားအရေက အဆီ ပိုထွက်လေပါပဲ။ အစိုဓာတ်ထိန်း ခရင်မ်ကို ဝယ်ရင် အဆီမပါတဲ့၊ ရေ ကို အခြေခံထားတဲ့ ခရမ်ကို ရွေးချယ်ပါ။

၆။ နေရောင်ကာ ခရမ် အမြဲတမ်း လိမ်းပေးပါ။

အဆီပြန်တဲ့ အသားအရေ ပိုင်ရှင် အမျိုးသမီး တော်တော်များများ က အဆီ ပိုပြန်မှာစိုးရိမ်လို့ နေရောင်ကာ ခရမ်တွေကို မလိမ်းကြပါဘူး။ ရလဒ် အနေနဲ့ကတော့ မျက်နှာမှာ အညိုစက်တွေ၊ တင်းတိပ်တွေ ဖြစ်လာစေတတ်ပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေအတွက် အထူးပြုလုပ်ထားတဲ့ နေရောင်ကာ ခရမ်ကို လိမ်းသင့်ပါတယ်။


- အဆီများတဲ့ မုန့်တွေ (ဥပမာ-ဟမ်ဘာဂါ၊ ချောကလက် စသည်) ကို ရှောင်ပါ။
- ရေများများ သောက်ပေးပါ။
- သစ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို နေ့စဉ် စားသုံးပါ။

Credit: The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top