iMyanmarHouse.com - Best Property Website for Myanmar
×

ေဒါက္တာေလာရန္႔ဝွက္ေလဟာ Aberdeen တကၠသိုလ္က ပါေမာကၡတစ္ဦးျဖစ္ၿပီး ဦးေႏွာက္ အိုမင္းရင့္ေရာ္မႈနဲ႔ ပတ္သက္ၿပီး နားလည္တဲ့ ကမာၻ႕ကၽြမ္းက်င္ပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

သူ႔ရဲ႕ေလ့လာမႈတစ္ခုအရ ထက္ျမက္တဲ့ အမ်ဳိးသမီးမ်ားကို လက္ထပ္တဲ့ အမ်ဳိးသားမ်ားနဲ႔ အယ္လ္ဇိုင္းမား (မွတ္ဉာဏ္ခ်ဳိ႕ယြင္းျခင္း) ေရာဂါကို တြန္းလွန္ႏုိင္ျခင္းၾကား ဆက္စပ္မႈတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ထက္ျမက္တဲ့ အမ်ဳိးသမီးမ်ားကက ခင္ပြန္းသည္ကို ဉာဏ္ပညာရွိတဲ့ အေတြးစိတ္ကူးေတြကို ေပးၿပီး ေဆြးေႏြးညႇိႏႈိင္းမႈ ေကာင္းေကာင္းျပဳလုပ္ႏုိင္ျခင္းနဲ႔ တက္ၾကြတဲ့လႈပ္ရွားမႈေတြကို ျဖစ္ေပၚေစပါတယ္။

အဲဒီလို စိတ္ကူးေကာင္း၊ အေတြးေကာင္းေတြျဖစ္ေပၚျခင္းေၾကာင့္ မွတ္ဉာဏ္ဆံုး႐ႈံးျခင္းနဲ႔ အျခားဦးေႏွာက္နဲ႔ သက္ဆုိင္တဲ့ ျပႆနာေတြမျဖစ္ေအာင္ ကူညီေပးတယ္လို႔ ဆုိပါတယ္။

အတုိခ်ဳပ္ဆုိရေသာ္ အမ်ဳိးသားမ်ားအေနနဲ႔ ဇနီးေရြးခ်ယ္ရာမွာ ေသခ်ာဂ႐ုစိုက္သင့္တဲ့ တျခားအေၾကာင္းျပခ်က္ေတြ ရွိသလို ဒီအခ်က္ကလည္း ထည့္တြက္ရမယ့္ အခ်က္ပါပဲ။ ထက္ျမက္တဲ့ အိမ္ေထာင္ဘက္ရဲ႕ အေတြးအေခၚေကာင္းေတြက စိတ္ဝင္စားစရာေကာင္း႐ံုတင္မဟုတ္္ဘူး ဦးေႏွာက္နဲ႔ပတ္သက္တဲ့ ေရာဂါျဖစ္ပြားႏုိင္မႈ ေလ်ာ့နည္းနဲ႔အျပင္ သင့္ရဲ႕ဦးေႏွာက္ဟာ အသက္အရြယ္အိုမင္းတဲ့အထိ ထက္ျမက္ေကာင္းမြန္ေနမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ထက္ျမက္တဲ့အမ်ဳိးသမီးေတြကို လက္ထပ္သူမ်ားက ဦးေႏွာက္ေၾကာင့္ျဖစ္တဲ့ စိတ္ေဖာက္ျပန္မႈ ျဖစ္ပြားမႈႏုိင္မႈလည္း ေလ်ာ့နည္းၿပီး အသက္ပိုရွည္ကာ ေပ်ာ္ရႊင္မႈ ပိုမိုရရွိၾကပါတယ္။

Credit :duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒေါက်တာလောရန့်ဝှက်လေဟာ Aberdeen တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပြီး ဦးနှောက် အိုမင်းရင့်ရော်မှုနဲ့ ပတ်သက်ပြီး နားလည်တဲ့ ကမ္ဘာ့ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့လေ့လာမှုတစ်ခုအရ ထက်မြက်တဲ့ အမျိုးသမီးများကို လက်ထပ်တဲ့ အမျိုးသားများနဲ့ အယ်လ်ဇိုင်းမား (မှတ်ဉာဏ်ချို့ယွင်းခြင်း) ရောဂါကို တွန်းလှန်နိုင်ခြင်းကြား ဆက်စပ်မှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထက်မြက်တဲ့ အမျိုးသမီးများကက ခင်ပွန်းသည်ကို ဉာဏ်ပညာရှိတဲ့ အတွေးစိတ်ကူးတွေကို ပေးပြီး ဆွေးနွေးညှိနှိုင်းမှု ကောင်းကောင်းပြုလုပ်နိုင်ခြင်းနဲ့ တက်ကြွတဲ့လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

အဲဒီလို စိတ်ကူးကောင်း၊ အတွေးကောင်းတွေဖြစ်ပေါ်ခြင်းကြောင့် မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ အခြားဦးနှောက်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေမဖြစ်အောင် ကူညီပေးတယ်လို့ ဆိုပါတယ်။

အတိုချုပ်ဆိုရသော် အမျိုးသားများအနေနဲ့ ဇနီးရွေးချယ်ရာမှာ သေချာဂရုစိုက်သင့်တဲ့ တခြားအကြောင်းပြချက်တွေ ရှိသလို ဒီအချက်ကလည်း ထည့်တွက်ရမယ့် အချက်ပါပဲ။ ထက်မြက်တဲ့ အိမ်ထောင်ဘက်ရဲ့ အတွေးအခေါ်ကောင်းတွေက စိတ်ဝင်စားစရာကောင်းရုံတင်မဟုတ်ဘူး ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားနိုင်မှု လျော့နည်းနဲ့အပြင် သင့်ရဲ့ဦးနှောက်ဟာ အသက်အရွယ်အိုမင်းတဲ့အထိ ထက်မြက်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထက်မြက်တဲ့အမျိုးသမီးတွေကို လက်ထပ်သူများက ဦးနှောက်ကြောင့်ဖြစ်တဲ့ စိတ်ဖောက်ပြန်မှု ဖြစ်ပွားမှုနိုင်မှုလည်း လျော့နည်းပြီး အသက်ပိုရှည်ကာ ပျော်ရွှင်မှု ပိုမိုရရှိကြပါတယ်။

Credit :duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top