iMyanmarHouse.com - Best Property Website for Myanmar
×

မ်ိဳးပြားႏိုင္ေသာ အသက္အရြယ္ရွိသည့္ အမ်ိဳးသမီးမ်ား ဓမၼတာမူမမွန္ျဖစ္ရသည့္ အဓိကအေၾကာင္းရင္းမွာ ကိုယ္ဝန္ရွိမႈႏွင့္ဆက္စပ္ ေလ့ရွိသည္။ ဓမၼတာမလာပါက ကိုယ္ဝန္ရွိ၊ မရွိ မျဖစ္မေန စစ္ေဆး ရမည္ျဖစ္သည္။

တစ္ခါတစ္ရံ ေသြးဆံုးခ်ိန္နီးလာသည့္အခ်ိန္၌ မေမွ်ာ္လင့္ဘဲ ကိုယ္ဝန္ရလာေလ့ရွိသည္။ ဓမၼတာလာၿပီးေနာက္ ထပ္မံ၍ ေသြးဆင္းျခင္းမွာ ကိုယ္ဝန္ပ်က္က်ျခင္း (သို႔မဟုတ္) သားအိမ္ျပင္ပတြင္ သေႏၶတည္ေနျခင္းကဲ့သို႔ မူမမွန္မႈတစ္ခုကို ေဖာ္ျပျခင္းျဖစ္ႏိုင္ သည္။ ထုိ႔ေၾကာင့္ ပထမဆံုးအဆင့္အျဖစ္ ကိုယ္ဝန္ ရွိ၊ မရိွ စစ္ေဆးရန္ လိုသည္။

ကိုယ္ဝန္ေဆာင္ၿပီးေနာက္တြင္လည္း ဓမၼတာမမွန္ျဖစ္ေလ့ရွိ သည္။ ကေလးႏုိ႔တုိက္ေနသည့္ ကာလအတြင္း၌ ဓမၼတာလာခ်ိန္ ေႏွာင့္ေႏွးႏုိင္သည္(သို႔မဟုတ္)မူမမွန္ျဖစ္ႏိုင္သည္။

ယင္းအေျခအေနမွာ သာမန္ပင္ျဖစ္ၿပီး စိတ္ပူစရာမလိုေပ။ သို႔ေသာ္ ေနာက္ထပ္ ကိုယ္ဝန္ရွိလာႏိုင္သျဖင့္ ႀကိဳတင္၍ မျဖစ္မေန သတိထားရမည္ျဖစ္သည္။

ေသြးဆံုးခ်ိန္မတုိင္မီ ကာလမ်ားတြင္လည္း ဓမၼတာမမွန္မႈ ျဖစ္ေပၚေလ့ရွိသည္။ ဓမၼတာစက္ဝန္းမ်ားအတြင္း ေျပာင္းလဲမႈအခ်ိဳ႕ ကို လက္ခံႏိုင္ေသာ္လည္း ကုသရန္မလိုေပ။

ေသြးအလြန္အကြၽံဆင္းျခင္း၊ ဓမၼတာစက္ဝန္းနားၾကား ေသြးဆင္းျခင္းတို႔ကဲ့သို႔ အျခားအေျခအေနမ်ားကိုမႈ စစ္ေဆးရန္ လိုသည္။ ေသြးဆံုးၿပီးေနာက္ ဓမၼတာလာျခင္းမွာ ပံုမွန္မဟုတ္ဘဲ စစ္ေဆးမႈခံယူရန္ လိုသည္။

သေႏၶတားေဆးအခ်ိဳ႕ေၾကာင့္လည္း ဓမၼတာမမွန္ျဖစ္ေလ့ရွိ သည္။ သေႏၶတားေဆးမ်ား ေသာက္သံုးမႈ ရပ္လုိက္ၿပီးေနာက္တြင္ လည္း ဓမၼတာမလာျခင္းျဖစ္ေလ့ရွိသည္။ ယင္းေဆးမ်ားေၾကာင့္ ဓမၼတာနည္းျခင္း၊ စက္ဝန္းႏွစ္ခုၾကား ေသြးဆင္းျခင္းတို႔လည္း ျဖစ္ႏိုင္သည္။ အခ်ိဳ႕ေသာ သေႏၶတားေဆးမ်ားေၾကာင့္ ေသြးအလြန္အကြၽံဆင္းျခင္း (သို႔မဟုတ္) ဓမၼတာမမွန္ ျဖစ္ႏုိင္သည္။

မီးဖြားၿပီးေနာက္ သေႏၶတားေဆးထိုးျခင္းေၾကာင့္လည္း ဓမၼတာမမွန္ျဖစ္ႏုိင္သည္။ သိသိသာသာ ကိုယ္အေလးခ်ိန္တုိးလာျခင္း (သုိ႔မဟုတ္) ေလ်ာ့သြားျခင္းေၾကာင့္လည္း ဓမၼတာမူမမွန္ ျဖစ္ႏိုင္သည္။

ျပင္းထန္ေသာ စိတ္ဖိစီးမႈမ်ားေၾကာင့္လည္း ဓမၼတာမမွန္ျဖစ္ႏိုင္သည္။ အလုပ္အကိုင္ဆံုး႐ႈံးရျခင္း၊ ခ်စ္သူခင္သူတစ္ေယာက္ဆံုးပါးသြားျခင္းတို႔ကဲ့သို႔ အေျခအေနမ်ားႀကံဳေတြ႕ရသျဖင့္ စိတ္ဖိ စီးမႈ ျဖစ္ေပၚႏုိင္ကာ ဓမၼတာမမွန္ျခင္းျဖစ္ႏုိင္သည္။ 

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မျိုးပွားနိုင်သော အသက်အရွယ်ရှိသည့် အမျိုးသမီးများ ဓမ္မတာမူမမှန်ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ ကိုယ်ဝန်ရှိမှုနှင့်ဆက်စပ် လေ့ရှိသည်။ ဓမ္မတာမလာပါက ကိုယ်ဝန်ရှိ၊ မရှိ မဖြစ်မနေ စစ်ဆေး ရမည်ဖြစ်သည်။

တစ်ခါတစ်ရံ သွေးဆုံးချိန်နီးလာသည့်အချိန်၌ မမျှော်လင့်ဘဲ ကိုယ်ဝန်ရလာလေ့ရှိသည်။ ဓမ္မတာလာပြီးနောက် ထပ်မံ၍ သွေးဆင်းခြင်းမှာ ကိုယ်ဝန်ပျက်ကျခြင်း (သို့မဟုတ်) သားအိမ်ပြင်ပတွင် သန္ဓေတည်နေခြင်းကဲ့သို့ မူမမှန်မှုတစ်ခုကို ဖော်ပြခြင်းဖြစ်နိုင် သည်။ ထို့ကြောင့် ပထမဆုံးအဆင့်အဖြစ် ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးရန် လိုသည်။

ကိုယ်ဝန်ဆောင်ပြီးနောက်တွင်လည်း ဓမ္မတာမမှန်ဖြစ်လေ့ရှိ သည်။ ကလေးနို့တိုက်နေသည့် ကာလအတွင်း၌ ဓမ္မတာလာချိန် နှောင့်နှေးနိုင်သည်(သို့မဟုတ်)မူမမှန်ဖြစ်နိုင်သည်။

ယင်းအခြေအနေမှာ သာမန်ပင်ဖြစ်ပြီး စိတ်ပူစရာမလိုပေ။ သို့သော် နောက်ထပ် ကိုယ်ဝန်ရှိလာနိုင်သဖြင့် ကြိုတင်၍ မဖြစ်မနေ သတိထားရမည်ဖြစ်သည်။

သွေးဆုံးချိန်မတိုင်မီ ကာလများတွင်လည်း ဓမ္မတာမမှန်မှု ဖြစ်ပေါ်လေ့ရှိသည်။ ဓမ္မတာစက်ဝန်းများအတွင်း ပြောင်းလဲမှုအချို့ ကို လက်ခံနိုင်သော်လည်း ကုသရန်မလိုပေ။

သွေးအလွန်အကျွံဆင်းခြင်း၊ ဓမ္မတာစက်ဝန်းနားကြား သွေးဆင်းခြင်းတို့ကဲ့သို့ အခြားအခြေအနေများကိုမှု စစ်ဆေးရန် လိုသည်။ သွေးဆုံးပြီးနောက် ဓမ္မတာလာခြင်းမှာ ပုံမှန်မဟုတ်ဘဲ စစ်ဆေးမှုခံယူရန် လိုသည်။

သန္ဓေတားဆေးအချို့ကြောင့်လည်း ဓမ္မတာမမှန်ဖြစ်လေ့ရှိ သည်။ သန္ဓေတားဆေးများ သောက်သုံးမှု ရပ်လိုက်ပြီးနောက်တွင် လည်း ဓမ္မတာမလာခြင်းဖြစ်လေ့ရှိသည်။ ယင်းဆေးများကြောင့် ဓမ္မတာနည်းခြင်း၊ စက်ဝန်းနှစ်ခုကြား သွေးဆင်းခြင်းတို့လည်း ဖြစ်နိုင်သည်။ အချို့သော သန္ဓေတားဆေးများကြောင့် သွေးအလွန်အကျွံဆင်းခြင်း (သို့မဟုတ်) ဓမ္မတာမမှန် ဖြစ်နိုင်သည်။

မီးဖွားပြီးနောက် သန္ဓေတားဆေးထိုးခြင်းကြောင့်လည်း ဓမ္မတာမမှန်ဖြစ်နိုင်သည်။ သိသိသာသာ ကိုယ်အလေးချိန်တိုးလာခြင်း (သို့မဟုတ်) လျော့သွားခြင်းကြောင့်လည်း ဓမ္မတာမူမမှန် ဖြစ်နိုင်သည်။

ပြင်းထန်သော စိတ်ဖိစီးမှုများကြောင့်လည်း ဓမ္မတာမမှန်ဖြစ်နိုင်သည်။ အလုပ်အကိုင်ဆုံးရှုံးရခြင်း၊ ချစ်သူခင်သူတစ်ယောက်ဆုံးပါးသွားခြင်းတို့ကဲ့သို့ အခြေအနေများကြုံတွေ့ရသဖြင့် စိတ်ဖိ စီးမှု ဖြစ်ပေါ်နိုင်ကာ ဓမ္မတာမမှန်ခြင်းဖြစ်နိုင်သည်။ 

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top